သမာဓိ စောင့်ထိန်းခြင်း
သမာဓိ စောင့်ထိန်းတယ်ဆိုတာ ဘာလဲ
ဆ ၁၈:၂၃-၂၅။ ၂၆:၁၊ ၂။ ၁၀၁:၂-၇။ ၁၁၉:၁-၃၊ ၈၀
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ဝ ၂၂:၁၇-၂၂—တိရစ္ဆာန် ပူဇော်သက္ကာတွေ “အနာအဆာ မရှိ” ဖို့၊ စင်းလုံးချော ဖြစ်ဖို့ ယေဟောဝါ တောင်းဆိုတယ်။ “အနာအဆာ မရှိ” ဆိုတဲ့ စကားလုံးဟာ “သမာဓိ” ဆိုတဲ့ ဟီဘရူး စကားလုံးနဲ့ ဆက်စပ်တယ်။ သမာဓိ စောင့်ထိန်းရာမှာ ယေဟောဝါကို လုံးလုံးလျားလျား၊ အကြွင်းမဲ့ ပေးဆက်တာ ပါဝင်ကြောင်း သိရတယ်
ယဘ ၁:၁၊ ၄၊ ၅၊ ၈။ ၂:၃—သမာဓိ စောင့်ထိန်းခြင်းမှာ ယေဟောဝါဘုရားကို နှစ်နှစ်ကာကာ ချစ်တာ၊ ဘုရားတစ်ပါးတည်းကိုပဲ ကိုးကွယ်တာ၊ ဘုရား မကြိုက်တာ ရှောင်တာ ပါဝင်ကြောင်း ယောဘ အသက်ရှင်နေထိုင်ပုံကနေ သိရတယ်
ဘာကြောင့် သမာဓိ စောင့်ထိန်းရမလဲ
သမာဓိ စောင့်ထိန်းဖို့ ဘာက လှုံ့ဆော်ပေးနိုင်သလဲ
သမာဓိ ရှိအောင် ဘယ်လို လုပ်နိုင်သလဲ။ သမာဓိ ဘယ်လို စောင့်ထိန်းနိုင်သလဲ
တရ ၅:၂၉။ ရှာ ၄၈:၁၇၊ ၁၈ ကိုလည်း ကြည့်ပါ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ယဘ ၃၁:၁-၁၁၊ ၁၆-၃၃—ယောဘ ကိုယ်ကျင့်တရား ကောင်းတယ်။ တခြားသူတွေကို ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံတယ်။ ယေဟောဝါကလွဲပြီး တခြား မကိုးကွယ်ဘူး။ ပစ္စည်းဥစ္စာထက် ယေဟောဝါနဲ့ ဆက်ဆံရေးကို အဓိက ထားတယ်။ ဒီနည်းနဲ့ သမာဓိ စောင့်ထိန်းကြောင်း ပြတယ်
ဒံ ၁:၆-၂၁—ဒံယေလနဲ့ မိတ်ဆွေ သုံးယောက်ဟာ ယေဟောဝါကို မကိုးကွယ်သူတွေကြားမှာတောင် အစားအသောက်နဲ့ပတ်သက်တဲ့ ပညတ်အပါအဝင် ယေဟောဝါရဲ့ ပညတ်အားလုံးကို နာခံတယ်
အမှား ဆက်တိုက် ကျူးလွန်သူတစ်ယောက် သမာဓိ ပြန်ရှိလာနိုင်ပါဦးမလား
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၁ဘု ၉:၂-၅။ ဆ ၇၈:၇၀-၇၂—ဘုရင် ဒါဝိဒ် နောင်တ ရတဲ့အတွက် ယေဟောဝါ ခွင့်လွှတ်တယ်။ သမာဓိ စောင့်သိသူအဖြစ် ရှုမြင်တယ်
ရှာ ၁:၁၁-၁၈—ဘုရားလူမျိုး အပြစ် များပေမဲ့ အမှား ဆက်မလုပ်ရင်၊ နောင်တယူရင် ခွင့်လွှတ်မယ်လို့ ယေဟောဝါ ပြောတယ်