မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆင့်အတန်း

အဆင့်အတန်း

လူမျိုး၊ မျိုးရိုး၊ ပိုင်ဆိုင်မှုကြောင့် ဘုရားအမြင်မှာ ပိုသာသွားသလား

တ ၁၇:၂၆၊ ၂၇။ ရ ၃:၂၃-၂၇။ ဂ ၂:၆။ ၃:၂၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယဟ ၈:၃၁-၄၀—အာဗြဟံရဲ့ သားမြေးတွေပါဆိုပြီး ဂျူးတွေ ဂုဏ်ယူပေမဲ့ အာဗြဟံလို မကျင့်ဘူးဆိုတာ ယေရှု ထောက်ပြတယ်

လူမျိုး၊ နိုင်ငံ မတူသူတွေကို အထင်သေးစရာ၊ နှိမ်စရာအကြောင်း ရှိသလား

ယဟ ၃:၁၆။ ရ ၂:၁၁

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယန ၄:၁-၁၁—တိုင်းတစ်ပါး နိနဝေမြို့သားတွေကို ကရုဏာထားဖို့ ပရောဖက် ယောနကို ယေဟောဝါ စိတ်ရှည်ရှည် သင်ပေးတယ်

    • တ ၁၀:၁-၈၊ ၂၄-၂၉၊ ၃၄၊ ၃၅—လူမျိုးခြားတွေ မသန့်ရှင်းဘူးလို့ သဘောမထားသင့်ကြောင်း တမန်တော် ပေတရု သိလာတယ်။ ဒါကြောင့် အရေဖျား မဖြတ်ရသေးတဲ့ ဦးဆုံး လူမျိုးခြား ခရစ်ယာန် ဖြစ်လာဖို့ ကော်နေလိနဲ့ အိမ်သားတွေကို ကူညီပေးတယ်

တခြားသူတွေထက် သာတယ်၊ အရေးပေး ဆက်ဆံခံထိုက်တယ်လို့ ချမ်းသာတဲ့ ခရစ်ယာန်တွေ ယူဆသင့်သလား

ကြီးကြပ်မှူးတာဝန် ရသူဟာ တခြားသူတွေထက် ပိုသာတယ်၊ အာဏာပြလို့ ရတယ်ဆိုတဲ့ သဘောလား

၂က ၁:၂၄။ ၁ပ ၅:၂၊ ၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တရ ၁၇:၁၈-၂၀—ဘုရားအမြင်မှာ ဘုရင်နဲ့ ပြည်သူပြည်သားတွေဟာ အမျိုးသားချင်းတွေ ဖြစ်လို့ အစ္စရေး ဘုရင်တွေ စိတ်ကြီးမဝင်သင့်ဘူးလို့ ယေဟောဝါ သတိပေးတယ်

    • မာ ၁၀:၃၅-၄၅—ရာထူး၊ အာဏာ ရဖို့ တမန်တော်တွေ အလေးပေးလွန်းလို့ ယေရှု တည့်မတ်ပေးတယ်

ဘုရားနှစ်သက်မှု ရမရ ဘာနဲ့ ဆိုင်သလဲ

ဥပဒေ ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ ခရစ်ယာန်တွေ ပါသင့်သလား

ဧ ၆:၅-၉။ ၁တိ ၆:၁၊ ၂

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယဟ ၆:၁၄၊ ၁၅—နိုင်ငံရေး ပြဿနာတွေ ယေရှု ဖြေရှင်းပေးမယ်လို့ လူတွေ မျှော်လင့်ကြတယ်။ အတင်းအကျပ် ဘုရင် လုပ်ခိုင်းတော့မယ်ဆိုတာ ယေရှု သိလို့ ရှောင်ထွက်သွားတယ်