အလုပ်
အလုပ် လုပ်တာနဲ့ ပျော်ရွှင်ကျေနပ်တာ ဘယ်လို ဆက်စပ်နေသလဲ
အလုပ် ကျွမ်းကျင်ပိုင်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၁ရှ ၁၆:၁၆-၂၃—ဂီတကျွမ်းကျင်သူဆိုတဲ့ နာမည် လူငယ် ဒါဝိဒ် ရတယ်။ အစ္စရေးဘုရင် စိတ်သက်သာရာ ရပြီး နေသာထိုင်သာ ရှိလာဖို့ ဂီတစွမ်းရည်နဲ့ အသုံးတော် ခံတယ်
-
၂ရ ၂:၁၃၊ ၁၄—ဟိရံအဘိ လက်မှုပညာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုမှာ ဘုရင် ရှောလမုန် သုံးတယ်
-
အလုပ် ကြိုးစားသူဆိုတဲ့ နာမည်ကောင်းကို ဘုရားကျေးကျွန်တွေ ဘာကြောင့် လိုချင်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၂၄:၁၀-၂၁—ရေဗက္ကာဟာ ကူညီပေးတတ်တယ်။ အလုပ်ကြိုးစားတယ်။ အာဗြဟံရဲ့ ကျွန် တောင်းဆိုတာထက် ပိုလုပ်ပေးတယ်
-
ဖိ ၂:၁၉-၂၃—တခြားသူတွေအတွက် ကြိုးကြိုးစားစား၊ နှိမ့်ချမှုရှိရှိ လုပ်ပေးချင်တဲ့ လူငယ် တိမောသေကို တမန်တော် ပေါလု တာဝန်ကြီးတစ်ခု ပေးတယ်
-
ဘုရားကျေးကျွန်တွေ ဘာကြောင့် အပျင်းမကြီးသင့်သလဲ
ပ ၁၃:၄။ ၁၈:၉။ ၂၁:၂၅၊ ၂၆။ ဒေ ၁၀:၁၈
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ပ ၆:၆-၁၁—အလုပ်ကြိုးစားဖို့၊ မပျင်းဖို့ ပုရွက်ဆိတ် ဥပမာ သုံးပြီး ဘုရင် ရှောလမုန် သင်ပေးတယ်
-
ကိုယ့်ဝမ်းကိုယ် ကျောင်းဖို့ ဘာကြောင့် အလုပ်ကြိုးစားသင့်သလဲ
မိသားစုကို ရှာကျွေးဖို့ ဘာကြောင့် အလုပ်ကြိုးစားသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ရု ၁:၁၆၊ ၁၇။ ၂:၂၊ ၃၊ ၆၊ ၇၊ ၁၇၊ ၁၈—ယောက္ခမ နောမိကို ရှာကျွေးဖို့ မုဆိုးမလေး ရုသ အလုပ် ကြိုးစားတယ်
-
မ ၁၅:၄-၉—ဘုရားအမှု ဆောင်တာကို ဗန်းပြပြီး မိဘ မထောက်ပံ့သူတွေကို ယေရှု အပြစ်တင်တယ်
-
တခြားသူတွေကို ကိုယ့်လုပ်အားခနဲ့ ရလာတာတွေ ဘာကြောင့် ဝေမျှသင့်သလဲ
ဝမ်းစာရှာတာနဲ့ပတ်သက်ပြီး ဘယ်မျှတတဲ့ သဘောထား ရှိသင့်သလဲ
အလုပ်နိုင်နင်းအောင်၊ စားဝတ်နေရေး ပြေလည်အောင် ယေဟောဝါ ကူညီချင်တယ်ဆိုတာ ဘယ်လို သိရသလဲ
ဘုရားအမှု ဆောင်တာထက် ဝမ်းစာရှာ အလုပ်ကို ဘာကြောင့် ဦးစားမထားသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
လု ၁၂:၁၅-၂၁—ဘုရားနဲ့ ဆက်ဆံရေး ကောင်းဖို့ထက် ပစ္စည်းဥစ္စာ ရှာဖို့ ဦးစားထားတာ ပညာမဲ့ရာ ရောက်ကြောင်း ဥပမာ သုံးပြီး ယေရှု သင်ပေးတယ်
-
၁တိ ၆:၁၇-၁၉—ချမ်းသာကြွယ်ဝတဲ့ ခရစ်ယာန်တွေ စိတ်နေမမြင့်ဖို့၊ “မွန်မြတ်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ဖို့” တမန်တော် ပေါလု အားပေးတယ်
-
အလုပ် ရွေးတဲ့အခါ ဘယ်ကျမ်းစာ အခြေခံမူတွေက ကူညီပေးမလဲ
-
ထွ ၂၀:၄။ တ ၁၅:၂၉။ ဧ ၄:၂၈။ ဗ ၂၁:၈—ဒီအလုပ် လုပ်ရင် ဘုရား ပြစ်တင်ရှုတ်ချတာ တစ်ခုခု လုပ်မိသွားနိုင်မလား
-
ထွ ၂၁:၂၂-၂၄။ ရှာ ၂:၄။ ၁က ၆:၉၊ ၁၀။ ၂က ၇:၁—ဘုရား ပြစ်တင်ရှုတ်ချတာ တစ်ခုခု လုပ်ဖို့ တခြားသူတွေကို ကူညီပေးရာ၊ အားပေးအားမြှောက် လုပ်ရာ ရောက်လို့ ငါ သွေးပြစ်သင့်မလား
-
၂က ၆:၁၄-၁၆။ ဗ ၁၈:၂၊ ၄—မှားယွင်းတဲ့ ဘာသာရေး အဖွဲ့ဝင် ဒါမှမဟုတ် ထောက်ခံသူ ဖြစ်သွားမလား
ယေဟောဝါအတွက် အလုပ်လုပ်ခြင်း
ခရစ်ယာန်တွေအတွက် အရေးကြီးဆုံးအလုပ်က ဘာလဲ
အမှုတော်မှာ ဘာကြောင့် အကြွင်းမဲ့ ပါဝင်ချင်သလဲ
လု ၁၃:၂၄။ ရ ၁၂:၁၁။ ၁က ၁၅:၅၈။ ဟီ ၆:၁၀-၁၂
၁တိ ၃:၁ ကိုလည်း ကြည့်ပါ
ယေဟောဝါရဲ့ အမှုတော်မှာ လူတိုင်း ဆတူ လုပ်နိုင်မယ်လို့ ဘာကြောင့် မမျှော်လင့်သင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
မ ၂၅:၁၄၊ ၁၅—အမှုတော်မှာ နောက်လိုက်အားလုံး ဆတူ လုပ်ဖို့ မမျှော်လင့်ကြောင်း ယေရှုဥပမာကနေ သိရတယ်
-
လု ၂၁:၂-၄—ဆင်းရဲတဲ့ မုဆိုးမရဲ့ အလှူငွေ နည်းနည်းလေးဟာ တန်ဖိုးသိပ်များတယ်ဆိုတာ ယေရှု အသိအမှတ်ပြုတယ်
-
ယေဟောဝါရဲ့ အမှုတော်မှာ ပေးလာတဲ့ တာဝန် ထမ်းဆောင်ဖို့ ဘယ်ကနေ ခွန်အား ရသလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၂တိ ၄:၁၇—လိုအပ်ချိန်မှာ လိုအပ်တဲ့ ခွန်အား ရတယ်လို့ တမန်တော် ပေါလု ပြောတယ်
-
ယေဟောဝါရဲ့ အမှုတော်မှာ ကြိုးစားရင် ဘာကြောင့် ပျော်သလဲ