မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထပ်လေ့လာရန်

ထပ်လေ့လာရန်

အခု ဆွေးနွေး​နေတဲ့ နှစ်သက်ဖွယ် အကြောင်းအရာတွေကို ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့ ပိုမို​သိရှိ​လာ​အောင် ကူညီပေး​လို​ကြောင်း ကို​စိုးမိုး ပြောတယ်။ ကို​အောင်နိုင်​တို့ကို ကျမ်းစာ သွန်သင်​ရာ​များ စာအုပ်ကို ပြခဲ့တယ်။

ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့​က စာအုပ်ကို ကြည့်လိုက်တဲ့​အခါ သူတို့​အမြဲ​သိချင်​နေခဲ့တဲ့ အကြောင်းအရာ အတော်များများ မာတိကာ​ထဲမှာ ရှိနေတာကို တွေ့ရတယ်။ စာအုပ်မှာ စိတ်ဝင်စားစရာတွေ အများကြီး ရှိတယ်​ဆိုပြီး ကို​စိုးမိုး ရှင်းပြတယ်

“အခန်း​တစ်ခုစီရဲ့ အဆုံး အကျဉ်းချုပ်ဆိုတဲ့ အပိုင်းမှာ အဓိက​အချက်​တွေ၊ ထောက်ခံ​တဲ့ ကျမ်းချက်​တွေကိုလည်း ဖော်ပြ​ထားတယ်။ စာအုပ်​တစ်အုပ်လုံး​မှာ အသိပညာ​ပေးတဲ့ ရုပ်ပုံတွေ အများကြီး ပါပြီး အကြောင်းအရာတွေကို ဖတ်​လွယ်၊ နားလည်​လွယ်​အောင် ရေးထားတယ်။”

စာအုပ်ကို ကို​အောင်နိုင်​နဲ့ မစ​န္ဒာ​တို့ သိပ်​ဖတ်ချင်​နေကြပြီ။ ကို​စိုးမိုး ပြောခဲ့သမျှ အကြောင်းအရာတွေ​ဟာ အိမ်မက်​မျှသာ မဟုတ်ဘူးဆိုတာ သေချာ​စေဖို့ ထပ်သင်ယူ​မယ့်​အချိန်ကို မျှော်လင့်​နေကြတယ်။ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေတဲ့​လမ်းကို ရှာတွေ့​ဖို့ လိုလိုလားလား ကူညီ​ပေးခဲ့တဲ့ ကို​စိုးမိုး​နဲ့ မ​သီ​တာ​တို့ကို ကျေးဇူးတင်​မိ​ကြတယ်။