အခန်း ၁၅
“မင်း ပြည့်တန်ဆာလုပ်နေတာကို ငါရပ်တန်းက ရပ်စေမယ်”
အာရုံစိုက်ရာ။ ပြည့်တန်ဆာတွေအကြောင်း ယေဇကျေလကျမ်းနဲ့ ဗျာဒိတ်ကျမ်း ဖော်ပြချက်များမှ သင်ယူနိုင်ရာ
၁၊ ၂။ အထူးသဖြင့် ဘယ်လို ပြည့်တန်ဆာမျိုးက စက်ဆုပ်စရာကောင်းသလဲ။
ပြည့်တန်ဆာတစ်ယောက်ကို မြင်ရတာ စိတ်မကောင်းစရာပါပဲ။ ဘာကြောင့်များ ဒီလိုနိမ့်ကျတဲ့ဘဝမျိုး ရောက်သွားပါလိမ့်။ အိမ်တွင်း အကြမ်းဖက်မှု၊ နှိပ်စက်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လေလွင့်သွားတာများလား။ ဆင်းရဲလွန်းလို့များ ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်သလား။ ရက်စက်ကြမ်းကြုတ်တဲ့ လင်ယောက်ျားရန်ကနေ ထွက်ပြေးခဲ့ရတာများလား။ ဆိုးညစ်တဲ့ လောကမှာ ဒီလိုဝမ်းနည်းဖွယ်အဖြစ်တွေ ကြားရတတ်တယ်။ ဒါကြောင့် ပြည့်တန်ဆာတချို့ကို ယေရှုခရစ် ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ နောင်တရပြီး ဘဝလမ်းစဉ် ပြောင်းလဲကြသူတွေဟာ ပိုကောင်းတဲ့ဘဝကို မျှော်လင့်နိုင်ကြောင်း ယေရှု အလေးပေးခဲ့တယ်။—မ. ၂၁:၂၈-၃၂။ လု. ၇:၃၆-၅၀။
၂ ဒါပေမဲ့ ပြည့်တန်ဆာဘဝကို တမင်တကာ ရွေးချယ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း စဉ်းစားကြည့်ကြစို့။ ပြည့်တန်ဆာအလုပ်ကို နိမ့်ကျတယ်လို့ မမြင်ဘဲ ဩဇာလွှမ်းမိုးနိုင်တဲ့အလုပ်လို့ မြင်တယ်။ ဒီအလုပ်ကြောင့် ရတဲ့ ငွေနဲ့ ဩဇာကို မက်မောတယ်။ ပိုဆိုးတာက သစ္စာရှိ ခင်ပွန်းကောင်း ရှိပါလျက်နဲ့ ပြည့်တန်ဆာ လုပ်ဖို့ တမင်တကာ ဖောက်ပြန်တာဆိုရင်ကော။ ဒီလိုမိန်းမမျိုး၊ ဘဝလမ်းစဉ်မျိုးက တကယ် စက်ဆုပ်
စရာကောင်းတယ်။ ဒါကြောင့် ယေဟောဝါဘုရားက မှားယွင်းတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ မိမိခံစားချက်ကို ဖော်ပြဖို့ ပြည့်တန်ဆာအကြောင်း သရုပ်ဖော်ချက်ကို မကြာခဏ သုံးတာ ဖြစ်တယ်။၃။ ဒီအခန်းမှာ ဘယ်မှတ်တမ်းတွေအကြောင်း ဆွေးနွေးကြမလဲ။
၃ ယေဇကျေလကျမ်းမှာ ပြည့်တန်ဆာမှုအကြောင်း မှတ်တမ်းနှစ်ခု ပါတယ်။ အဲဒီမှတ်တမ်းတွေက အစ္စရေးနဲ့ ယုဒပြည်မှာရှိတဲ့ ဘုရားလူမျိုးရဲ့ ဆိုးဝါးတဲ့သစ္စာမဲ့မှုကို သရုပ်ဖော်ထားတယ်။ (ယေဇ. အခန်းကြီး ၁၆၊ ၂၃) ဒီမှတ်တမ်းတွေကို မလေ့လာခင် ပုံဆောင်ပြည့်တန်ဆာအကြောင်း လေ့လာကြပါမယ်။ ပုံဆောင်ပြည့်တန်ဆာမှုဟာ ယေဇကျေလခေတ် မတိုင်ခင်၊ အစ္စရေးလူမျိုး မတည်ရှိခင် ကြာမြင့်စွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ဒီနေ့အထိ ရှိနေတုန်းပဲ။ ဒီပြည့်တန်ဆာအကြောင်းကို နောက်ဆုံးကျမ်းစောင် ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။
‘ပြည့်တန်ဆာတွေရဲ့ မိခင်’
၄၊ ၅။ “မဟာဗာဗုလုန်” ဆိုတာ ဘာလဲ။ ဘယ်လို သိရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)
၄ အေဒီ ပထမရာစု အဆုံးပိုင်းမှာ တမန်တော် ယောဟန်ကို ယေရှု ပေးခဲ့တဲ့ စိတ်အာရုံမှာ မိန်းမတစ်ယောက်အကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတယ်။ အဲဒီမိန်းမကို “ပြည့်တန်ဆာကြီး၊” “မဟာဗာဗုလုန်၊ ပြည့်တန်ဆာတွေ . . . ရဲ့ မိခင်” ဆိုပြီး ခေါ်ထားတယ်။ (ဗျာ. ၁၇:၁၊ ၅) ရာစုနှစ်တွေတစ်လျှောက် ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျမ်းပညာရှင်တွေက ပြည့်တန်ဆာဆိုတာ ဘယ်သူဘယ်ဝါမှန်း စဉ်းစားမရ ဖြစ်ခဲ့ကြတယ်။ ဗာဗုလုန်၊ ရောမ၊ ရိုမန်ကက်သလစ်ကို ကိုယ်စားပြုတယ်ဆိုပြီး အမျိုးမျိုး အဓိပ္ပာယ်ကောက်ကြတယ်။ ဒါပေမဲ့ “ပြည့်တန်ဆာကြီး” ဘယ်သူဘယ်ဝါမှန်း ယေဟောဝါသက်သေတွေ နားလည်ခဲ့တာ ဆယ်စုနှစ်များစွာ ရှိပြီ။ ပြည့်တန်ဆာကြီးဆိုတာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာပါ။ ဘယ်လို သိရသလဲ။
၅ ပြည့်တန်ဆာဟာ “မြေကြီး ဘုရင်တွေ” (နိုင်ငံရေး အင်အားစုတွေ) နဲ့ ဖောက်ပြန်တဲ့အတွက် ရှုတ်ချခံရတယ်။ ဒါကြောင့် ပြည့်တန်ဆာဟာ နိုင်ငံရေးအင်အားစု မဟုတ်ကြောင်း ရှင်းပါတယ်။ မဟာဗာဗုလုန် ပျက်စီးသွားတဲ့အတွက် “မြေကြီးကုန်သည်တွေ” (ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးအင်အားစုတွေ) ဝမ်းနည်းကြတယ်ဆိုပြီး ဗျာဒိတ်ကျမ်းမှာ ဖော်ပြတယ်။ ဒါကြောင့် မဟာဗာဗုလုန်ဟာ စီးပွားရေးကို ကိုယ်စားပြုတာ မဖြစ်နိုင်ဘူး။ ဒါဆိုရင် ဘာကို ကိုယ်စားပြုသလဲ။ သူ့မှာ ရုပ်တုကိုးကွယ်ခြင်း၊ လှည့်စားခြင်း၊ ‘နတ်ဆိုးပညာလိုက်စားခြင်း’ အပြစ်တွေ ရှိတယ်။ ဒီပြစ်ချက်တွေဟာ ယိုယွင်းနေတဲ့ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ကိုက်ညီတယ် မဟုတ်လား။ လောကနိုင်ငံရေးအင်အားစုတွေအပေါ် ပြည့်တန်ဆာ ထိုင်နေတယ်၊ အတိုင်းအတာတစ်ခုအထိ သြဇာလွှမ်းမိုးနေတယ်၊ ယေဟောဝါဘုရားရဲ့ သစ္စာရှိကျေးကျွန်တွေကို နှိပ်စက်ညှဉ်းပန်းတယ်ဆိုပြီး သရုပ်ဖော်ထားတာကိုလည်း သတိပြုပါ။ (ဗျာ. ၁၇:၂၊ ၃။ ၁၈:၁၁၊ ၂၃၊ ၂၄) မှားယွင်းတဲ့ ဘာသာရေးက ကျွန်တော်တို့ခေတ်အထိ ဒီအတိုင်းပဲ လုပ်နေတယ် မဟုတ်လား။
၆။ မဟာဗာဗုလုန်ဟာ ဘယ်လိုနည်းနဲ့ ‘ပြည့်တန်ဆာတွေရဲ့ မိခင်’ ဖြစ်သလဲ။
၆ မဟာဗာဗုလုန်ကို “ပြည့်တန်ဆာကြီး” လို့ ခေါ်ထားတဲ့အပြင် ‘ပြည့်တန်ဆာတွေရဲ့ က. ၁၁:၁-၉) ဒါကြောင့် ဒီဘာသာတရားအားလုံးကို ပြည့်တန်ဆာကြီးရဲ့ “သမီးတွေ” အဖြစ် ယူဆနိုင်ပါတယ်။ လူတွေ မှော်အတတ် လိုက်စားအောင်၊ ရုပ်တုကိုးကွယ်အောင်၊ ဘုရားကို ရှုတ်ချဂုဏ်ဖျက်တဲ့ ယုံကြည်ချက်၊ ဓလေ့တွေ လက်ခံလာအောင် ဒီဘာသာတရားတွေ သုံးပြီး စာတန် သွေးဆောင်တယ်။ ဒါကြောင့် “ငါ့လူတို့၊ သူ့ရဲ့ အပြစ်တွေမှာ မပါချင်ဘူး၊ သူခံရမယ့် ကပ်ဘေးတွေကို မခံချင်ဘူးဆိုရင် သူ့ဆီကနေ ထွက်သွားကြ” ဆိုပြီး ယိုယွင်းနေတဲ့ ဒီကမ္ဘာ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဘုရားလူမျိုးကို သတိပေးထားတာပါ။—ဗျာဒိတ် ၁၈:၄၊ ၅ ကိုဖတ်ပါ။
မိခင်’ ဆိုပြီး ဘာကြောင့် ခေါ်သလဲ။ မှားယွင်းတဲ့ ဘာသာရေးဟာ အလွန် ကွဲပြားနေတယ်။ ဂိုဏ်းဂဏတွေ၊ အသင်းအဖွဲ့တွေ မရေမတွက်နိုင်အောင်ပဲ။ ရှေးဘေဘယ် (ဗာဗုလုန်) မှာ ဘာသာစကား ရှုပ်ထွေးသွားချိန်ကစပြီး မှားယွင်းတဲ့ ဘာသာရေးအယူဝါဒမျိုးစုံ ပျံ့နှံ့သွားတယ်၊ ဘာသာတရားအမျိုးမျိုး ပေါ်ပေါက်လာတယ်။ မှားယွင်းတဲ့ ဘာသာရေးတွေရဲ့ ရင်းမြစ် ဗာဗုလုန်မြို့ကနေ ဆင်းသက်လာတဲ့ “မဟာဗာဗုလုန်” ဆိုတဲ့ နာမည်ဟာ တကယ် သင့်လျော်ပါတယ်။ (၇။ မဟာဗာဗုလုန်ကနေ “ထွက်သွားကြ” ဆိုတဲ့ သတိပေးချက်ကို ကျွန်တော်တို့ ဘာကြောင့် နာခံကြသလဲ။
၇ ဒီသတိပေးချက်ကို အရေးစိုက်နေရဲ့လား။ လူသားတွေကို ‘ဘုရားသခင်ကို မှီခိုဖို့ လိုအပ်ချက်’ နဲ့ ယေဟောဝါ ဖန်ဆင်းခဲ့ကြောင်း သတိရပါ။ (မ. ၅:၃) ဒီလိုအပ်ချက်ကို ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကပဲ ဖြည့်ဆည်းပေးနိုင်တယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ပုံဆောင် ပြည့်တန်ဆာကြီးနဲ့ အတတ်နိုင်ဆုံး ကင်းကင်းရှင်းရှင်း နေချင်ကြတယ်။ ဒါပေမဲ့ စာတန်မာရ်နတ်မှာ တခြားရည်ရွယ်ချက် ရှိတယ်။ ဘုရားလူမျိုးကို ပြည့်တန်ဆာလမ်းစဉ်ထဲ ရောက်သွားစေချင်တယ်။ မကြာခဏလည်း အောင်မြင်ခဲ့ပါတယ်။ ယေဇကျေလခေတ်မှာ ဘုရားလူမျိုးဟာ ပုံဆောင်သဘောအရ ပြည့်တန်ဆာလမ်းစဉ်မှာ အချိန်အတော်ကြာ ပါဝင်ပတ်သက်ခဲ့တယ်။ ယေဟောဝါရဲ့ စံနှုန်း၊ တရားမျှတမှု၊ ကရုဏာအကြောင်း များစွာသင်ပေးနိုင်တဲ့ ဒီသမိုင်းကြောင်းကို ဆန်းစစ်သင့်ပါတယ်။
“ပြည့်တန်ဆာ ဖြစ်လာ”
၈-၁၀။ မှားယွင်းတဲ့ ဘာသာရေးမှာ ပါဝင်ခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ခံစားချက်ကို စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ဘယ်အရေးကြီးတောင်းဆိုချက်က နားလည်စေသလဲ။ ဥပမာပေးပါ။
၈ ယေဟောဝါက မိမိခံစားချက်ကို ဖော်ပြဖို့ ယေဇကျေလကျမ်းမှာ ပြည့်တန်ဆာ ပုံဥပမာ သုံးထားတယ်။ ဘုရားလူမျိုးရဲ့ သစ္စာမဲ့မှု၊ ဖောက်ပြန်မှုကြောင့် ယေဟောဝါ စိတ်နာကျင်ကြောင်း၊ သစ္စာဖောက်ခံရတယ်လို့ ခံစားရကြောင်း မှတ်တမ်းနှစ်ခု ရေးသားဖို့ ယေဇကျေလ လှုံ့ဆော်ခံရတယ်။ ဘုရားက မိမိလူမျိုးကို ပြည့်တန်ဆာနဲ့ ဘာကြောင့် နှိုင်းယှဉ်သလဲ။
၉ အဖြေကို နားလည်နိုင်ဖို့ ဒီစာအုပ် အခန်း ၅ မှာ ဆွေးနွေးခဲ့တဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ အရေးကြီး တောင်းဆိုချက်ကို ပြန်သတိရဖို့ လိုတယ်။ “ငါကလွဲလို့ တခြားဘုရားတွေကို မကိုးကွယ်နဲ့။ . . . မင်းတို့ရဲ့ ဘုရားသခင် ငါယေဟောဝါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား” ဖြစ်တယ်လို့ အစ္စရေးတွေကို ပေးတဲ့ ပညတ်မှာ ယေဟောဝါ မိန့်ဆိုထားတယ်။ (ထွ. ၂၀:၃၊ ၅) “တခြားဘုရားကို ဦးမချနဲ့။ ငါယေဟောဝါဟာ ငါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ ဘုရားပဲ။ ငါတစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့အရှင်ပဲ” ဆိုပြီး နောက်ပိုင်းမှာ မိန့်ဆိုပြန်တယ်။ (ထွ. ၃၄:၁၄) ယေဟောဝါ ပြောတာ ရှင်းပါတယ်။ ယေဟောဝါကို အကြွင်းမဲ့ မကိုးကွယ်ရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို လက်ခံမှာ မဟုတ်ဘူး။
၁၀ ဥပမာ၊ အိမ်ထောင်အကြောင်း စဉ်းစားကြည့်ရအောင်။ လင်နဲ့မယား နှစ်ယောက်စလုံး အချင်းချင်းဆီက အကြွင်းမဲ့ သစ္စာစောင့်သိမှုကို မျှော်လင့်ခွင့် ရှိတယ်။ ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ ချစ်ကျွမ်းဝင်နေမယ်ဆိုရင် အိမ်ထောင်ဖက် သဝန်တိုနိုင်တယ်။ သစ္စာဖောက်ခံရတယ်လို့ ခံစားနိုင်တယ်။ (ဟီဘရူး ၁၃:၄ ကိုဖတ်ပါ။) အလားတူပဲ ယေဟောဝါဆီ အကြွင်းမဲ့ ဆက်ကပ်ထားတဲ့ လူမျိုးက မှားယွင်းတဲ့ ဘုရားတွေကို ဝတ်ပြုကိုးကွယ်တဲ့အခါ သစ္စာဖောက်ခံရတယ်လို့ ယေဟောဝါ ခံစားရတယ်။ သစ္စာဖောက်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ယေဇကျေလ အခန်းကြီး ၁၆ မှာ ထိထိမိမိ ဖော်ပြထားပါတယ်။
၁၁။ ဂျေရုဆလင်မြို့နဲ့ မြို့ရဲ့ မူလဇာစ်မြစ်အကြောင်း ယေဟောဝါ ဘာဖော်ပြသလဲ။
၁၁ ဟီဘရူးကျမ်းစောင်တွေထဲမှာ ယေဇကျေလ အခန်းကြီး ၁၆ ဟာ ယေဟောဝါရဲ့ အရှည်ဆုံး မိန့်ဆိုချက်၊ အရှည်ဆုံး ပရောဖက်ပြုချက်ပါပဲ။ သစ္စာမဲ့ ယုဒလူမျိုးကို ကိုယ်စားပြုတဲ့ ဂျေရုဆလင်မြို့အကြောင်း ယေဟောဝါ အလေးပေးထားတယ်။ ယုဒရဲ့ မူလဇာစ်မြစ်အကြောင်း၊ သစ္စာဖောက်မှုအကြောင်း ဝမ်းနည်းထိတ်လန့်ဖွယ်အဖြစ်ကို ဖော်ပြထားတယ်။ ယုဒဟာ ကူညီပြုစုသူမဲ့ ညစ်ပေနေတဲ့၊ ကောက်ရတဲ့ကလေး ဖြစ်ခဲ့တယ်။ မိဘတွေက တိတ္ထိ ခါနန်တွေ။ တကယ်လည်း ဂျေရုဆလင်မြို့ဟာ ယေဗုသိလူမျိုး၊ ခါနန်တွေရဲ့ လက်အောက် အကြာကြီး ကျရောက်ခဲ့တယ်။ နောက်ပိုင်းမှ ဂျေရုဆလင်မြို့ကို ဒါဝိဒ် သိမ်းပိုက်ခဲ့တာ။ ယေဟောဝါက ဒီကလေးကို သနားပြီး သန့်စင်ပေးတယ်၊၊ ကြည့်ရှုစောင့်ရှောက်ပေးတယ်။ နောက်တော့ ယုဒဟာ ဘုရားအတွက် ဇနီးလို ဖြစ်လာတယ်။ ဂျေရုဆလင်မြို့မှာ အခြေချနေထိုင်တဲ့ အစ္စရေးတွေဟာ မောရှေခေတ်တုန်းက ယေဟောဝါနဲ့ စိတ်လိုကိုယ်လျောက် ပဋိညာဉ် ဖွဲ့ခဲ့ကြတယ်။ (ထွ. ၂၄:၇၊ ၈) နောက်ပိုင်း ဂျေရုဆလင်ဟာ မြို့တော် ဖြစ်လာပြီး ယေဟောဝါက ကောင်းချီးပေးတယ်၊ ကြွယ်ဝစေတယ်၊ အလှဆင်ပေးတယ်။ ဩဇာကြီးပြီး ချမ်းသာကြွယ်ဝတဲ့ ခင်ပွန်းသည်က ဇနီးကို အဆင်တန်ဆာတွေ ဆင်မြန်းပေးသလိုပါပဲ။—ယေဇ. ၁၆:၁-၁၄။
၁၂။ သစ္စာမဲ့မှုက ဂျေရုဆလင်မြို့ထဲ ဘယ်လို စိမ့်ဝင်လာခဲ့သလဲ။
၁၂ ဘာဆက်ဖြစ်သလဲ။ “မင်းဟာ အလှမာန် ယစ်ပြီး ဂုဏ်သတင်းကြီးလာတဲ့အတွက် ပြည့်တန်ဆာ ဖြစ်လာတယ်။ လမ်းသွားလမ်းလာမှန်သမျှနဲ့ ပြည့်တန်ဆာလုပ်တယ်။ မင်းရဲ့ အလှဟာ သူတို့အတွက်ပဲ ဖြစ်သွားပြီ” လို့ ယေဟောဝါ မိန့်ဆိုတယ်။ (ယေဇ. ၁၆:၁၅) ရှောလမုန်ခေတ်မှာ ယေဟောဝါက မိမိလူမျိုးကို အလွန်ကောင်းချီးပေး၊ ကြွယ်ဝစေခဲ့တယ်။ ဂျေရုဆလင်မြို့ဟာ ရှေးခေတ်မြို့တော်တွေထဲမှာ အခမ်းနားဆုံး၊ အထင်ပေါ်ဆုံး မြို့တော် ဖြစ်လာတယ်။ (၁ ဘု. ၁၀:၂၃၊ ၂၇) ဒါပေမဲ့ သစ္စာမဲ့မှု တဖြည်းဖြည်း စိမ့်ဝင်လာတယ်။ ရှောလမုန်က တိုင်းတစ်ပါးမိန်းမတွေ ကျေနပ်စေဖို့ တိတ္ထိဘုရား ကိုးကွယ်မှုတွေနဲ့ ဂျေရုဆလင်ကို ညစ်ညူးလာစေတယ်။ (၁ ဘု. ၁၁:၁-၈) ရှောလမုန်ရဲ့ အရိုက်အရာ ဆက်ခံသူတချို့ဆို ပိုတောင်ဆိုးသေးတယ်။ တစ်ပြည်လုံးကို မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ ညစ်ညူးစေကြတယ်။ ဒီလိုပြည့်တန်ဆာလုပ်ရပ်၊ သစ္စာမဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားခဲ့သလဲ။ “ဒါဟာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး” လို့ ဘုရား မိန့်ဆိုတယ်။ (ယေဇ. ၁၆:၁၆) ဒါပေမဲ့ ထင်ရာစိုင်းတဲ့လူမျိုးဟာ ဆိုးသည်ထက် ဆိုးလာတယ်။
အစ္စရေးတချို့က သားသမီးတွေကို မောလုတ်လို မှားယွင်းတဲ့ ဘုရားတွေဆီ ပူဇော်ခဲ့ကြ
၁၃။ ဂျေရုဆလင်မြို့ရှိ ဘုရားလူမျိုးမှာ ဘယ်ဆိုးညစ်မှုအတွက် အပြစ်ရှိသလဲ။
၁၃ ရွေးချယ်ထားတဲ့လူမျိုးရဲ့ ဆိုးသွမ်းမှုနဲ့ပတ်သက်ပြီး “မင်း ပြည့်တန်ဆာလုပ်နေတာ မကျေနပ်နိုင်သေးလို့ ငါ့အတွက် မွေးပေးတဲ့ သားသမီးတွေကို ရုပ်တုတွေ ဝါးမျိုဖို့ ပူဇော်ဦးမလို့လား။ မင်းက ငါ့သားတွေကို သတ်ပြီး မီးရှို့ပူဇော်တယ်” လို့ ပြောခဲ့တယ်။ ယေဟောဝါရဲ့ စိတ်နာကျင်မှု၊ စက်ဆုပ်မှုကို မြင်ယောင်ကြည့်ပါ။ (ယေဇ. ၁၆:၂၀၊ ၂၁) ဒီလိုစက်ဆုပ်စရာလုပ်ရပ်တွေက စာတန် အလွန်ဆိုးညစ်ကြောင်း ဖော်ပြတယ်။ ယေဟောဝါရဲ့ လူမျိုးကို ဒီလိုစက်ဆုပ်ဖွယ်လုပ်ရပ်တွေ လုပ်မိအောင် သွေးဆောင်နိုင်တဲ့အခါ စာတန် သိပ်အားရကျေနပ်တယ်။ ဒါပေမဲ့ အားလုံးကို ယေဟောဝါ သိမြင်တယ်။ စာတန်ရဲ့ အဆိုးရွားဆုံး လုပ်ရပ်တွေကိုတောင် ဖယ်ရှားပစ်နိုင်တယ်။ ဘုရား တရားသဖြင့် စီရင်ပါလိမ့်မယ်။—ယောဘ ၃၄:၂၄ ကိုဖတ်ပါ။
၁၄။ ယေဟောဝါ ဖော်ပြတဲ့ ဥပမာမှာ ဂျေရုဆလင်ရဲ့ ညီအစ်မနှစ်ယောက်က ဘယ်သူတွေလဲ။ ညီအစ်မသုံးယောက်ထဲမှာ ဘယ်သူ အဆိုးဆုံးလဲ။
၁၄ ဒါပေမဲ့ ဂျေရုဆလင်ဟာ ကိုယ့်ဆိုးညစ်မှုကို ထိတ်လန့်ရကောင်းမှန်း မသိဘူး။ ပြည့်တန်ဆာ ဆက်လုပ်နေတယ်။ ငွေပေးပြီး ဖောက်ပြန်တဲ့အတွက် တခြားပြည့်တန်ဆာတွေထက် ပိုလို့တောင် အရှက်မဲ့သူလို့ ယေဟောဝါ မိန့်ဆိုတယ်။ (ယေဇ. ၁၆:၃၄) နယ်မြေကို ကြီးစိုးခဲ့တဲ့ မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်သူ “အမေ” နဲ့တူတယ်လို့ ဘုရား မိန့်ဆိုခဲ့တယ်။ (ယေဇ. ၁၆:၄၄၊ ၄၅) မိသားစု ဥပမာကို ဆက်ပြောရရင် ဘာသာရေး ပြည့်တန်ဆာဘဝထဲ အရင်ရောက်သွားတဲ့ ရှမာရိကို ဂျေရုဆလင်ရဲ့ အစ်မဆိုပြီး ဖော်ပြထားတယ်။ ဆိုးလွန်းလို့၊ မောက်မာလွန်းလို့ ဖျက်ဆီးခံခဲ့ရတဲ့ သောဒုံနဲ့လည်း ညီအစ်မ တော်တယ်။ ရှမာရိနဲ့ သောဒုံ ညီအစ်မနှစ်ယောက်လုံးထက် အဆမတန် ဆိုးတယ်။ (ယေဇ. ၁၆:၄၆-၅၀) ဘုရားလူမျိုးဟာ မရေတွက်နိုင်တဲ့ သတိပေးချက်တွေကို လျစ်လျူရှုပြီး စက်ဆုပ်ဖွယ်လမ်းစဉ်ကို ဆက်လျှောက်ခဲ့ကြတယ်။
၁၅။ ဂျေရုဆလင်မြို့ကို တရားစီရင်ရတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာမျှော်လင့်ချက် ပေးသလဲ။
၁၅ ယေဟောဝါ ဘာလုပ်မလဲ။ “မင်းသာယာမှု ပေးနေတဲ့ ရည်းစားတွေ . . . ကို ငါစုဝေး” ပြီး “မင်းကို သူတို့လက်ထဲ ငါအပ်” မယ်လို့ ဂျေရုဆလင်ကို မိန့်ဆိုခဲ့တယ်။ အရင်က မဟာမိတ်ဖွဲ့ခဲ့တဲ့ လူမျိုးတွေက ဂျေရုဆလင်ကို ဖျက်ဆီးကြမယ်။ အဝတ်တန်ဆာတွေ၊ အဖိုးတန်အရာတွေ လုယက်ကြမယ်။ “မင်းကို ကျောက်ခဲနဲ့ ပေါက်၊ ဓားနဲ့ ခုတ်ကြလိမ့်မယ်” လို့ ဘုရား မိန့်ဆိုခဲ့တယ်။ ယေဟောဝါ ဒီလိုစီရင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘုရားလူမျိုးကို အစတုံး ဖျက်ဆီးပစ်ဖို့ မဟုတ်ဘူး။ “မင်း ပြည့်တန်ဆာ လုပ်နေတာကို ငါရပ်တန်းကရပ်စေမယ်” လို့ မိန့်ဆိုနေတာ။ “အဲဒီတော့မှ ငါအမျက် ပြေသွားလိမ့်မယ်။ မင်းကို ဒေါသ မထွက်တော့ဘူး။ ငါ့စိတ် တည်ငြိမ်သွားပြီး ဗွေမယူတော့ဘူး” လို့ ထပ်မိန့်ဆိုတယ်။ ဒီစာအုပ် အခန်း ၉ မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ယေဟောဝါရဲ့ ရည်ရွယ်ချက်က မိမိလူမျိုးကို သုံ့ပန်းဘဝကနေ ပြန်စုသိမ်းဖို့ ဖြစ်တယ်။ ဘာကြောင့်လဲ။ “မင်းရဲ့ ငယ်ဘဝမှာ မင်းနဲ့ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ငါသတိရမယ်။ ထာဝရပဋိညာဉ်အဖြစ် တည်စေမယ်” လို့ ဘုရား ပြောခဲ့တယ်။ (ယေဇ. ၁၆:၃၇-၄၂၊ ၆၀) ယေဟောဝါဟာ မိမိလူမျိုးနဲ့ မတူဘဲ အလွန်သစ္စာစောင့်သိတယ်။—ဗျာဒိတ် ၁၅:၄ ကိုဖတ်ပါ။
၁၆၊ ၁၇။ (က) အဟောလနဲ့ အဟောလိဗတို့ဟာ အမည်ခံခရစ်ယာန်ဘာသာကို ပုံဆောင်တယ်လို့ ဘာကြောင့် မပြောကြတော့သလဲ။ (“ပြည့်တန်ဆာ ညီအစ်မများ” လေးထောင့်ကွက်ကို ကြည့်ပါ။) (ခ) ယေဇကျေလကျမ်း အခန်းကြီး ၁၆ နဲ့ ၂၃ ကနေ ဘယ်လက်တွေ့ကျ သင်ခန်းစာတွေ ယူကြမလဲ။
၁၆ ယေဇကျေလ အခန်းကြီး ၁၆ နဲ့ ၂၃ မှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့ စကားကနေ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်း၊ တရားမျှတမှု၊ နက်ရှိုင်းတဲ့ ကရုဏာတော်အကြောင်း သင်ယူနိုင်တယ်။ မိမိလူမျိုးရဲ့ ပြည့်တန်ဆာလုပ်ရပ်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှင်းလင်းတဲ့ စကားကို ဒီနေ့ ခရစ်ယာန်စစ်တွေ နှလုံးသွင်းကြတယ်။ ယုဒနဲ့ ဂျေရုဆလင်တို့လို ယေဟောဝါ စိတ်နာကြည်းအောင် ကျွန်တော်တို့ မလုပ်ချင်ကြဘူး။ ဒါကြောင့် ရုပ်တုကိုးကွယ်မှု မှန်သမျှ ရှောင်ကြဉ်ကြတယ်။ ရုပ်တုကိုးကွယ်ခြင်းမှာ လောဘကြီးခြင်း၊ ရုပ်ပစ္စည်းလိုက်စားခြင်းတို့ ပါဝင်တယ်။ (မ. ၆:၂၄။ ကော. ၃:၅) ယေဟောဝါက နောက်ဆုံးကာလမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ကရုဏာပါပါ ပြန်လည်တည်ထောင်ပေးပြီး ယိုယွင်းစေမှာ မဟုတ်တော့တဲ့အတွက် အမြဲ ကျေးဇူးတင်ကြပါတယ်။ သစ္စာမဲ့မှု ဒါမှမဟုတ် ပြည့်တန်ဆာမှုကြောင့် ဘယ်တော့မှ ပျက်စီးမသွားမယ့် “ထာဝရပဋိညာဉ်” ကို ဘုရားသခင့်အစ္စရေးလူမျိုးနဲ့ ယေဟောဝါ ဖွဲ့ခဲ့တယ်။ (ယေဇ. ၁၆:၆၀) ဒါကြောင့် ယေဟောဝါရဲ့ သန့်ရှင်းတဲ့လူမျိုးအဝင် ဖြစ်ခွင့်ရတာကို တန်ဖိုးထားကြပါစို့။
၁၇ ယေဇကျေလကျမ်းပါ ပြည့်တန်ဆာတွေနဲ့ပတ်သက်ပြီး ယေဟောဝါ မိန့်ဆိုတဲ့စကားက “ပြည့်တန်ဆာကြီး” မဟာဗာဗုလုန်အကြောင်း ဘာသင်ပေးသလဲ။ ကြည့်ကြရအောင်။
“နောင်ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး”
၁၈၊ ၁၉။ ယေဇကျေလကျမ်းနဲ့ ဗျာဒိတ်ကျမ်းပါ ပြည့်တန်ဆာတို့မှာ ဘာဆင်တူချက်တွေ တွေ့ရသလဲ။
၁၈ ယေဟောဝါဟာ ပြောင်းလဲခြင်း မရှိဘူး။ (ယာ. ၁:၁၇) သမိုင်းတစ်လျှောက် မှားယွင်းတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားခံစားချက်လည်း မပြောင်းလဲဘူး။ ဒါကြောင့် ယေဇကျေလကျမ်းပါ ပြည့်တန်ဆာတွေနဲ့ ဗျာဒိတ်ကျမ်းပါ “ပြည့်တန်ဆာကြီး” တို့အပေါ် ဘုရားရဲ့ တရားစီရင်ချက်တွေမှာ တူညီချက်များစွာ တွေ့ရတာ အံ့ဩစရာ မဟုတ်ပါဘူး။
၁၉ ဥပမာ၊ ယေဇကျေလ ပရောဖက်ပြုချက်ပါ ပြည့်တန်ဆာတွေအတွက် ပြစ်ဒဏ်ဟာ ယေဟောဝါဆီက တိုက်ရိုက်လာတာ မဟုတ်ဘူး။ ဘုရားရဲ့ သစ္စာမဲ့လူမျိုး ဘာသာရေးအရ ရောထွေးဖောက်ပြန်ခဲ့တဲ့ လူမျိုးခြားတွေဆီကနေ လာတာ။ အလားတူပဲ “ကမ္ဘာ့အုပ်စိုးရှင်တွေ” နဲ့ လိင်အကျင့်ယိုယွင်းတဲ့အတွက် မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာဟာ အပြစ်တင်ခံရတယ်။ သူ့အတွက် ပြစ်ဒဏ်ဟာ ဘယ်သူ့ဆီက လာသလဲ။ နိုင်ငံရေးသမားတွေက “ပြည့်တန်ဆာကို မုန်းလိမ့်မယ်။ သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာ ဖြစ်စေမယ်။ သူ့အသားကို စားပြီး သူ့ကို အစအနမကျန်အောင် မီးရှို့ပစ်လိမ့်မယ်” လို့ ဖတ်ရတယ်။ ကမ္ဘာ့အုပ်စိုးရှင်တွေ ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားကြမလဲ။ “ဘုရားသခင်က မိမိရဲ့ အကြံကို သူတို့ရဲ့ စိတ်ထဲထည့်ပေး” မှာ ဖြစ်လို့ပဲ။—ဗျာ. ၁၇:၁-၃၊ ၁၅-၁၇။
၂၀။ ဗာဗုလုန်ကို တရားစီရင်ခြင်းဟာ နောက်ဆုံးစီရင်ချက် ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။
၂၀ အမည်ခံ ခရစ်ယာန်ဘာသာတွေ အပါအဝင် မှားယွင်းတဲ့ ဘာသာရေးအားလုံးကို ဗျာ. ၁၈:၂၁) “ယေဟောဝါကို ချီးမွမ်းပါ။ ပြည့်တန်ဆာကို လောင်မြိုက်နေတဲ့ မီးခိုးတွေ အစဉ်ထာဝရ လွင့်တက်နေပြီ” ဆိုပြီး ကောင်းကင်တမန်တွေ ကြွေးကြော်ကြလိမ့်မယ်။ (ဗျာ. ၁၉:၃) ဒီတရားစီရင်ချက်က ထာဝစဉ် အကျိုးသက်ရောက်မယ်။ မှားယွင်းတဲ့ ဘယ်ဘာသာရေးမှ ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို မညစ်ညူးစေနိုင်တော့ဘူး။ ဗာဗုလုန် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ပုံဆောင်သဘောအရ မီးခိုးတွေ အစဉ်ထာဝရ လွင့်တက်နေပါလိမ့်မယ်။
တရားစီရင်ဖို့ လောကတိုင်းနိုင်ငံတွေကို ယေဟောဝါ အသုံးပြုမယ်။ ဒါဟာ နောက်ဆုံး တရားစီရင်ချက်ပဲ။ ခွင့်လွှတ်တာ၊ ပြောင်းလဲဖို့ အခွင့်အရေး ပေးတာ မရှိတော့ဘူး။ “နောင်ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး” လို့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ (၂၁။ မှားယွင်းတဲ့ ဘာသာရေးကို ဖျက်ဆီးခြင်းက ဘာရဲ့ အစ ဖြစ်သလဲ။ အဲဒီအချိန်ကာလ ဘယ်လို အဆုံးတိုင်မလဲ။
၂၁ လောကအုပ်စိုးရှင်တွေ မဟာဗာဗုလုန်ကို ဆန့်ကျင်တဲ့အခါ ဘုရားရဲ့ တရားစီရင်ချက် စတင်မယ်။ ဒီဖြစ်ရပ်က ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပေးမယ်။ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ကြီးစွာသောဒုက္ခရဲ့ အစ ဖြစ်လာပါလိမ့်မယ်။ မ. ၂၄:၂၁) ဒီလောကစနစ်ဆိုးကို ဖျက်ဆီးမယ့် ယေဟောဝါရဲ့ စစ်ပွဲကြီး အာမဂေဒုန်ဟာ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ် ဖြစ်ပါမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ယေဇကျေလကျမ်းမှာ ကြီးစွာသောဒုက္ခအကြောင်း ဖော်ပြထားပုံကို ဒီစာအုပ်ရဲ့ နောက်အခန်းတွေမှာ တွေ့ရပါမယ်။ ယေဇကျေလ အခန်းကြီး ၁၆ နဲ့ ၂၃ ကနေ ဘယ်သင်ခန်းစာတွေကို မှတ်သားပြီး လက်တွေ့ကျင့်သုံးချင်ပါသလဲ။
(၂၂၊ ၂၃။ ပြည့်တန်ဆာတွေအကြောင်း ယေဇကျေလကျမ်းနဲ့ ဗျာဒိတ်ကျမ်း ဖော်ပြချက်တွေက ဝတ်ပြုကိုးကွယ်မှုအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ။
၂၂ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်သူတွေကို စာတန် ဖျက်ဆီးချင်တယ်။ ကျွန်တော်တို့ကို စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကနေ လမ်းလွဲသွားအောင်၊ ယေဇကျေလကျမ်းပါ ပြည့်တန်ဆာတွေရဲ့ လမ်းစဉ်မျိုး လိုက်အောင် လုပ်နိုင်တာ စာတန် အပျော်ရွှင်ဆုံးပဲ။ ဝတ်ပြုရေးနဲ့ပတ်သက်လာရင် သစ္စာမဲ့မှုကို ယေဟောဝါ လုံးဝ သည်းမခံကြောင်း သတိရဖို့ လိုတယ်။ (တော. ၂၅:၁၁) မှားယွင်းတဲ့ ဘာသာရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့၊ ဘုရားအမြင်မှာ “မသန့်ရှင်းတာမှန်သမျှ လက်နဲ့တောင် မထိ” ဖို့ ကျွန်တော်တို့ ဂရုစိုက်ကြတယ်။ (ဟေရှာ. ၅၂:၁၁) အလားတူအကြောင်းရင်းတွေကြောင့် လောကနိုင်ငံရေး ပဋိပက္ခတွေ၊ ရန်လိုမှုတွေမှာ ကြားနေကြတယ်။ (ယော. ၁၅:၁၉) မျိုးချစ်စိတ်ဟာ စာတန် အားပေးအားမြှောက် လုပ်နေတဲ့ မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှု အသွင်တစ်ရပ် ဖြစ်လို့ ကျွန်တော်တို့ မပတ်သက်ကြဘူး။
၂၃ သန့်ရှင်းစင်ကြယ်တဲ့ ပုံဆောင်ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရတာ အခွင့်ထူး ဖြစ်ကြောင်း သတိရကြပါစို့။ ဒီအခွင့်ထူးကို လေးမြတ်တန်ဖိုးထားဖို့၊ မှားယွင်းတဲ့ ဘာသာရေး၊ ပြည့်တန်ဆာလုပ်ရပ်တွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ စိတ်ပိုင်းဖြတ်ထားကြရအောင်။