အပိုင်း တစ်
“ကောင်းကင်ပွင့်”
အာရုံစိုက်ရာ။ ယေဟောဝါစံမြန်းရာအကြောင်း အရိပ်အမြွက်
အနန္တတန်ခိုးရှင် ယေဟောဝါဘုရားကို မြင်တဲ့သူ ဘယ်သူမှ အသက်မရှင်နိုင်ဘူး။ (ထွ. ၃၃:၂၀) ဒါပေမဲ့ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ပတ်သက်တဲ့ စိတ်အာရုံတွေ ယေဇကျေလကို ယေဟောဝါ ပေးခဲ့တယ်။ စိတ်အာရုံတွေက ကျွန်တော်တို့ကို အံ့ဩစေရုံသာမက စစ်မှန်တဲ့ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ကျေးဇူးတင်လေးမြတ်စိတ်ကိုလည်း ပိုနက်ရှိုင်းစေပါတယ်။
ဒီအပိုင်းမှာ
အခန်း ၃
“ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ”
ပထမဆုံး စိတ်အာရုံကြောင့် ယေဇကျေလ အလွန့်အလွန် အံ့ဩသွားတယ်။ အဲဒါ ဒီနေ့ ဘုရားရဲ့ သစ္စာရှိကျေးကျွန်တွေအတွက် အဓိပ္ပာယ် ကြွယ်ဝလှပါတယ်။
အခန်း ၄
‘မျက်နှာလေးခု ရှိတဲ့ သတ္တဝါတွေ’ က ဘယ်သူတွေလဲ
အမှန်တကယ် တည်ရှိရာတွေအကြောင်း ကျွန်တော်တို့ နားလည်ဖို့ ကူညီပေးတဲ့ ရုပ်မြင်သင်ထောက်ကူတွေ ယေဇကျေလကို ယေဟောဝါ ပေးခဲ့တယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ နားမလည်နိုင်ဘူး။