အခန်း ၃
“ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ”
အာရုံစိုက်ရာ။ ကောင်းကင်ရထားအကြောင်း ယေဇကျေလ စိတ်အာရုံ အကျဉ်း
၁-၃။ (က) ယေဇကျေလ မြင်ရကြားရတာတွေကို ဖော်ပြပါ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) ယေဇကျေလရဲ့ အတွေ့အကြုံနောက်ကွယ်ရှိ စွမ်းအားက ဘာလဲ။ ယေဇကျေလ ဘာဖြစ်သွားသလဲ။
သဲသောင်ပြင်ကျယ်ကြီးရဲ့ ဟိုးအဝေးတစ်နေရာကို ယေဇကျေလ စူးစိုက်ကြည့်နေတယ်။ သူ့မျက်လုံးတွေ မှေးရာကနေ ပြူးကျယ်လာတယ်။ မြင်ကွင်းက မယုံနိုင်လောက်အောင်ပဲ။ မိုးကုပ်စက်ဝိုင်းနားဆီက လေပြင်းမုန်တိုင်း တိုက်ခတ်လာတယ်။ သာမန်မုန်တိုင်းတော့ မဟုတ်ဘူး။ မြောက်အရပ်က တိုက်ခတ်လာတဲ့ လေပြင်းကြောင့် ဆံပင်နဲ့ ဝတ်ရုံ လွင့်နေတယ်။ တိမ်ထုကြီးတစ်ခုကို မြင်လိုက်ရတယ်။ တိမ်ထုကြီးကနေ ပြိုးပြိုးပြက်ပြက်လက်နေတဲ့ မီးရောင် ထွက်လာတယ်။ အလင်းရောင်က အဖိုးတန် သတ္တုတစ်မျိုးကို သတိရစေတယ်။ * ယေဇကျေလဆီ တိမ်ထုကြီး အလျင်အမြန် ချဉ်းကပ်လာတာနဲ့အမျှ အသံ ကျယ်သည်ထက် ကျယ်လာတယ်။ စစ်တပ်ကြီး စစ်ချီလာသလိုပဲ။—ယေဇ. ၁:၄၊ ၂၄။
၂ ဒီလူငယ်ဟာ အသက် ၃၀ လောက်မှာ မမေ့နိုင်စရာ အတွေ့အကြုံတွေထဲက ဦးဆုံးတစ်ခုကို တွေ့ကြုံခဲ့တယ်။ “ယေဟောဝါရဲ့ လက်တော်” မိမိအပေါ် သက်ရောက်လာတယ်လို့ ခံစားရတယ်။ အဲဒါက ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်ပါ။ စွမ်းအားတော်ကြောင့် မြင်ရကြားရမယ့်အရာတွေဟာ ကြီးကျယ်ခမ်းနားတယ်။ ဒီနေ့ခေတ် ရုပ်ရှင်ရိုက်ကူးသူတွေ ဖန်တီးတဲ့ အထူးပြုလုပ်ချက်တွေထက် အဆမတန် ယေဇ. ၁:၃၊ ၂၈။
အံ့ဩစရာကောင်းတယ်။ စိတ်အာရုံကြောင့် ယေဇကျေလ အလွန့်အလွန် အံ့ဩပြီး မြေကြီးပေါ် ပျပ်ဝပ်လိုက်တယ်။—၃ ဒါပေမဲ့ ဒီစိတ်အာရုံတွေ ယေဟောဝါ ပြတာ ယေဇကျေလကို အံ့ဩစေချင်လို့ပဲ မဟုတ်ဘူး။ ဒီစိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်ကျမ်းမှာ မှတ်တမ်းတင်ထားတဲ့ တခြားစိတ်အာရုံတွေလိုပဲ ယေဇကျေလရဲ့ ပထမဆုံး စိတ်အာရုံက သူကိုယ်တိုင်နဲ့ ယေဟောဝါရဲ့ မျက်မှောက်ခေတ် သစ္စာရှိကျေးကျွန်တွေအတွက် အဓိပ္ပာယ် အများကြီး ရှိတယ်။ ဒါကြောင့် ယေဇကျေလ မြင်ရကြားရတာတွေကို အနီးကပ် လေ့လာကြည့်ရအောင်။
ဇာတ်လမ်းနောက်ခံ
၄၊ ၅။ ယေဇကျေလ စိတ်အာရုံရဲ့ ဇာတ်လမ်းနောက်ခံက ဘာလဲ။
၄ ယေဇကျေလ ၁:၁-၃ ကိုဖတ်ပါ။ အရင်ဆုံး ဇာတ်လမ်းနောက်ခံကို သုံးသပ်ကြည့်ရအောင်။ ဘီစီ ၆၁၃ မှာ ဖြစ်တယ်။ ရှေ့အခန်းမှာ လေ့လာခဲ့တဲ့အတိုင်း ယေဇကျေလဟာ ပြည်နှင်ခံတွေနဲ့အတူ ဗာဗုလုန်ပြည် ခေဗာမြစ်နားမှာ နေထိုင်တယ်။ ခေဗာမြစ်ဆိုတာ ယူဖရေးတီးမြစ်ကနေ ဖောက်ထားတဲ့ တူးမြောင်း ဖြစ်ပြီး ရေလမ်းကြောင်းပေါက်တယ်။ နောက်တော့ ယူဖရေးတီးမြစ်ထဲပဲ ပြန်စီးဝင်သွားတယ်။
၅ ပြည်နှင်ခံတွေရဲ့ နေရင်းဂျေရုဆလင်မြို့ကတော့ မိုင်ပေါင်း ၅၀၀ အကွာမှာ။ * ယေဇကျေလရဲ့ ဖခင် ပုရောဟိတ်အဖြစ် အမှုဆောင်ခဲ့ဖူးတဲ့ ဗိမာန်တော်မှာ အကျင့်ယိုယွင်းမှု၊ ရုပ်တုကိုးကွယ်မှုနဲ့ ပြည့်နေပြီ။ တစ်ချိန်တုန်းက ဒါဝိဒ်၊ ရှောလမုန်တို့ ဘုန်းကျက်သရေနဲ့ နန်းထိုင်ခဲ့တဲ့ ဂျေရုဆလင်မြို့ ရာဇပလ္လင်လည်း အခုတော့ ဂုဏ်ကျက်သရေ မရှိတော့ဘူး။ သစ္စာမဲ့ဘုရင် ယေခေါနိလည်း ပြည်နှင်ခံတွေနဲ့အတူ ဗာဗုလုန်ပြည်မှာ။ သူ့အရိုက်အရာ ဆက်ခံတဲ့ ဇေဒကိကလည်း ဆိုးညစ်ပြီး ရုပ်သေးရုပ်သာသာပဲ ရှိတယ်။—၂ ဘု. ၂၄:၈-၁၂၊ ၁၇၊ ၁၉။
၆၊ ၇။ ခက်ခဲတဲ့ ခေတ်ကာလမှာ အသက်ရှင်ရတယ်လို့ ယေဇကျေလ ဘာကြောင့် ခံစားခဲ့ရနိုင်သလဲ။
၆ ယေဇကျေလလို သစ္စာရှိသူတစ်ယောက်အတွက်တော့ ဒီအချိန်တွေက အခက်ခဲဆုံး ဖြစ်ခဲ့မှာပဲ။ ပြည်နှင်ခံတချို့လည်း ဒီလိုတွေးမိနိုင်တယ်– ‘ယေဟောဝါ ငါတို့ကို အပြီးအပိုင် စွန့်လိုက်ပြီလား။ မှားယွင်းတဲ့ ဘုရားမြောက်မြားစွာနဲ့ ဆိုးညစ်တဲ့ ဗာဗုလုန်အင်ပါယာကြီးက ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ အုပ်ချုပ်မှုကို ကမ္ဘာမြေပြင်ပေါ်ကနေ တကယ်ပဲ ဖျောက်ဖျက်ပစ်တော့မလား။’
၇ ဒီနောက်ခံကို မှတ်ထားပြီး ပထမ စိတ်အာရုံအကြောင်း ယေဇကျေလရဲ့ ကွင်းကွင်းကွက်ကွက် ဖော်ပြချက်တွေနဲ့ ကိုယ်ပိုင်လေ့လာမှု စလုပ်လိုက်ပါ။ (ယေဇ. ၁:၄-၂၈) လေ့လာတဲ့အခါ ယေဇကျေလ မြင်ခဲ့ကြားခဲ့တာတွေကို ကိုယ်တိုင် မြင်ယောင်ကြားယောင်ကြည့်ပါ။
ဘာနဲ့မှမတူ ထူးခြားတဲ့ယာဉ်
၈။ စိတ်အာရုံထဲမှာ ယေဇကျေလ ဘာမြင်တွေ့ခဲ့သလဲ။ အဲဒါက ဘာကို တင်စားသလဲ။
၈ ယေဇကျေလ ဘာမြင်တွေ့ခဲ့သလဲ။ အံ့ဖွယ်ရထားကြီး တစ်စီး။ အဲဒီယာဉ်မှာ ထူးဆန်းတဲ့ နာမ်ဝိညာဉ် သတ္တဝါလေးပါးနဲ့အတူ ဧရာမ ဘီးလေးဘီး ရှိတယ်။ အဲဒီသတ္တဝါတွေဟာ ခေရုဗိမ်တွေ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ဖော်ပြတယ်။ (ယေဇ. ၁၀:၁) သတ္တဝါတွေအပေါ်မှာ ရေခဲပြင်လို မျက်နှာပြင်ကျယ်ကြီးတစ်ခု ရှိတယ်။ အဲဒီအပေါ်မှာ ယေဟောဝါ စံမြန်းရာ၊ ဘုန်းကျက်သရေနဲ့ ပြည့်စုံတဲ့ ရာဇပလ္လင် ရှိတယ်။ ဒါဆိုရင် ဒီရထားက ဘာကို တင်စားသလဲ။ ယေဇကျေလ စိတ်အာရုံက ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ စကြဝဠာအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းကို သင့်လျော်စွာ တင်စားပါတယ်။ ဘာကြောင့် ဒီလို ပြောသလဲ။ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။
၉။ ကောင်းကင်သတ္တဝါတွေနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးက ယာဉ်ကြီးအကြောင်း ဖော်ပြချက်နဲ့ ဘယ်လို ကိုက်ညီသလဲ။
၉ ကောင်းကင်သတ္တဝါတွေနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး။ စိတ်အာရုံထဲမှာ ယေဟောဝါရဲ့ ရာဇပလ္လင်က ခေရုဗိမ်တွေအထက်မှာ ရှိနေတာ သတိပြုပါ။ ယေဟောဝါက ခေရုဗိမ်တွေရဲ့ အထက်မှာ၊ ခေရုဗိမ်တွေရဲ့ အလယ်မှာ စံမြန်းတယ်လို့ တခြားကျမ်းချက်တွေမှာလည်း ဖော်ပြထားတယ်။ (၂ ဘုရင်များ ၁၉:၁၅ ကိုဖတ်ပါ။ ထွ. ၂၅:၂၂။ ဆာ. ၈၀:၁) တန်ခိုးကြီး နာမ်ဝိညာဉ်သတ္တဝါတွေ ချီမပေးတာကို လိုအပ်တဲ့အလား ဘုရားသခင်ဟာ ခေရုဗိမ်တွေအပေါ် တကယ် ထိုင်နေတာ မဟုတ်ဘူး။ ဘုရားအနေနဲ့ ပကတိရထား စီးနင်းဖို့လည်း မလိုပါဘူး။ ဒါပေမဲ့ ခေရုဗိမ်တွေက ဘုရားရဲ့ အချုပ်အခြာအာဏာကို ထောက်ခံတယ်။ စကြဝဠာရဲ့ ဘယ်နေရာမှာမဆို အလိုတော်ဆောင်ဖို့ သူတို့ကို ဘုရား စေလွှတ်နိုင်တယ်။ ဘုရားရဲ့ သန့်ရှင်းတဲ့ ကောင်းကင်တမန်အားလုံးလိုပဲ သူတို့လည်း အမှုထမ်းတွေ၊ ကိုယ်စားလှယ်တွေအနေနဲ့ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ကြတယ်။ (ဆာ. ၁၀၄:၄) ယာဉ်ကြီးတစ်စီးအလား ပေါင်းစည်းထားတဲ့ သူတို့ကို ဘုရားက အချုပ်အခြာအာဏာနဲ့ ညွှန်ကြားနေတယ်။ ဒီသဘောနဲ့ သူတို့အားလုံးအပေါ် ယေဟောဝါ “စီးနင်း” တာပါ။
၁၀။ ကောင်းကင်ရထားမှာ ခေရုဗိမ်လေးပါးထက်မက ပါဝင်ကြောင်း ဘာက ဖော်ပြသလဲ။
၁၀ ယာဉ်က ခေရုဗိမ်တွေထက်မက ကိုယ်စားပြုတယ်။ ခေရုဗိမ်လေးပါးကို ယေဇကျေလ မြင်ခဲ့တယ်။ ကျမ်းစာမှာ ဒီဂဏန်းကို အချိုးကျခြင်း၊ ပြည့်စုံခြင်း၊ ယေဇ. ၁:၁၈၊ ၂၂။ ၁၀:၁၂) အလားတူ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းဟာ ကြီးမားကျယ်ပြောပြီး လေးပါးထက်မကတဲ့ ခေရုဗိမ်တွေ ပါဝင်တယ်။
တစ်ကမ္ဘာလုံး နှံ့စပ်ခြင်းကို ဖော်ပြဖို့ မကြာခဏ သုံးတယ်။ ဒါကြောင့် ခေရုဗိမ်လေးပါးက ယေဟောဝါရဲ့ သစ္စာရှိ နာမ်ဝိညာဉ်သားအားလုံးကို ကိုယ်စားပြုတယ်လို့ ယူဆတာ သင့်လျော်ပါတယ်။ ဘီးတွေ၊ ခေရုဗိမ်တွေပေါ်မှာတောင် မျက်လုံးတွေ ပြည့်နေခြင်းက လေးပါးထက်မကတဲ့ နာမ်ဝိညာဉ်သတ္တဝါများစွာရဲ့ သတိရှိနိုးကြားမှုကို ဖော်ပြတယ်။ ယေဇကျေလ ဖော်ပြချက်အရ ယာဉ်ဟာ ကြီးမားလွန်းလို့ ထူးခြားလှတဲ့ ခေရုဗိမ်တွေကိုတောင် သေးသိမ်သွားစေတယ်။ (၁၁။ ဆင်တူတဲ့ ဘယ်စိတ်အာရုံကို ဒံယေလ ရခဲ့သလဲ။ အဲဒါက ဘယ်လို ကောက်ချက် ချစေသလဲ။
၁၁ ဒံယေလရဲ့ ဆင်တူတဲ့ ကောင်းကင်အကြောင်း စိတ်အာရုံ။ ပရောဖက် ဒံယေလဟာ ဗာဗုလုန်မှာ ပြည်နှင်ခံဘဝနဲ့ အကြာကြီး နေခဲ့ရပြီး ကောင်းကင်အကြောင်း စိတ်အာရုံ ရခဲ့တယ်။ အဲဒီစိတ်အာရုံမှာလည်း ယေဟောဝါရဲ့ ရာဇပလ္လင်မှာ ဘီးတွေ ပါနေတာ စိတ်ဝင်စားစရာပဲ။ ဒံယေလ စိတ်အာရုံက ကောင်းကင်မှာရှိတဲ့ ယေဟောဝါရဲ့ နာမ်ဝိညာဉ် မိသားစုရဲ့ အတိုင်းမသိ များပြားမှုကို အလေးပေးထားတယ်။ ယေဟောဝါမျက်မှောက်မှာ ခစားနေတဲ့ “သန်းနဲ့ချီတဲ့၊” “သန်းရာချီရှိတဲ့” နာမ်ဝိညာဉ်သားတွေကို ဒံယေလ မြင်တယ်။ သူတို့က ကောင်းကင်ညီလာခံတစ်ခုလို သတ်မှတ်ထားတဲ့နေရာမှာ ထိုင်နေကြတယ်။ (ဒံ. ၇:၉၊ ၁၀၊ ၁၃-၁၈) ဒီတူညီတဲ့ ဘုန်းအသရေရှိ နာမ်ဝိညာဉ် အစုအဝေးကိုပဲ ယေဇကျေလ စိတ်အာရုံက ရည်ညွှန်းတယ်လို့ ကောက်ချက်ချတာ ကျိုးကြောင်းဆီလျော်ပါတယ်။
၁၂။ ကောင်းကင်ရထားအကြောင်း ယေဇကျေလ စိတ်အာရုံကို လေ့လာတာက ကျွန်တော်တို့အတွက် ဘာကြောင့် အကာအကွယ် ဖြစ်သလဲ။
၁၂ အမှန်တကယ် တည်ရှိပေမဲ့ “မမြင်နိုင်တဲ့ အရာတွေ” လို့ တမန်တော်ပေါလု ခေါ်ခဲ့တာတွေကို အာရုံစိုက်တာက ကျွန်တော်တို့ လူသားတွေအတွက် အကာအကွယ် ဖြစ်မှန်း ယေဟောဝါ သိတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ အသွေးအသားနဲ့မို့ တစ်ခဏသာ တည်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေ၊ “မြင်နိုင်တဲ့ အရာတွေ” ကိုပဲ အလွန်အကျွံ အာရုံစိုက်တတ်ကြတယ်။ (၂ ကောရိန္သု ၄:၁၈ ကိုဖတ်ပါ။) စာတန်က ဒီစိတ်ဆန္ဒတွေ သုံးပြီး ကျွန်တော်တို့ကို စိတ်အလိုလိုက်သူတွေ ဖြစ်လာအောင် ဖိအားပေးတယ်။ ဒီဖိအားတွေကို တွန်းလှန်ရာမှာ အကူအညီ ဖြစ်စေဖို့ ယေဇကျေလ ပရောဖက်ပြုချက်ထဲက ဒီလိုစိတ်အာရုံတွေကို ယေဟောဝါ မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ စိတ်အာရုံတွေက ယေဟောဝါရဲ့ ကောင်းကင်မိသားစုနဲ့ပတ်သက်တဲ့ အံ့ဖွယ်မြင့်မြတ်မှုကို သတိရစေတယ်။
“ဘီးတို့၊ စထွက်တော့”
၁၃၊ ၁၄။ (က) ဘီးတွေအကြောင်း ယေဇကျေလ ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ ရထားတော်မှာ ဘီးတွေပါတာ ဘာကြောင့် သင့်လျော်သလဲ။
၁၃ ပထမ၊ ခေရုဗိမ်လေးပါးအပေါ် ယေဇကျေလ အာရုံစိုက်ခဲ့တယ်။ ဒီသတ္တဝါတွေနဲ့ ထူးခြားတဲ့ ပုံပန်းသွင်ပြင်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲဆိုတာ ဒီစာအုပ် အခန်း ၄ မှာ တွေ့ရပါမယ်။ ဒါပေမဲ့ ခေရုဗိမ်တွေဘေး စတုရန်းပုံ ထောင့်လေးထောင့်မှာ ဘီးလေးဘီးကို တွေ့တယ်။ (ယေဇကျေလ ၁:၁၆-၁၈ ကိုဖတ်ပါ။) ဘီးတွေဟာ ကြည်လင်တဲ့၊ အလင်းထိုးဖောက်နိုင်တဲ့ အဖိုးတန်ကျောက်မျက် ပြောင်ခေါင်းစိမ်းနဲ့ ပြုလုပ်ထားပုံရပြီး အဝါရောင် ဒါမှမဟုတ် စိမ်းဝါရောင် ရှိတယ်။ ဒီလှပတဲ့ သတ္တုက တောက်ပနေတယ်။
နေ. ၉:၆) ဘယ်နေရာကိုမဆို ဘုရားရဲ့ အချုပ်အခြာအာဏာ သက်ရောက်နိုင်တယ်။
၁၄ ယေဇကျေလ စိတ်အာရုံက ရထားဘီးတွေကို အလေးပေးပြန်တယ်။ ဘီးတွေပါတဲ့ ရာဇပလ္လင်ကြီး။ ဒါထူးခြားတဲ့ ပေါင်းစည်းမှုပဲ မဟုတ်လား။ မြေကြီးဘုရင်တွေရဲ့ ဩဇာသက်ရောက်မှုဟာ အကန့်အသတ်ပဲ ရှိလို့ ပုံမှန်အားဖြင့် ပလ္လင်ကို တစ်နေရာတည်းမှာပဲ တည်ထားတာ စဉ်းစားမိနိုင်တယ်။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကတော့ ဘယ်လူသားအုပ်ချုပ်မှုနဲ့မှ မတူဘူး။ ယေဇကျေလ သိလာရတော့မယ့်အတိုင်း ယေဟောဝါရဲ့ အချုပ်အခြာအာဏာ တန်ခိုးဟာ အကန့်အသတ် မရှိဘူး။ (၁၅။ ဘီးတွေရဲ့ ဖွဲ့စည်းပုံနဲ့ အရွယ်အစားအကြောင်း ယေဇကျေလ ဘာသတိပြုမိသလဲ။
၁၅ ဘီးတွေရဲ့ အရွယ်အစားကြောင့် ယေဇကျေလ အံ့ဩမှင်တက်သွားတယ်။ “ဘီးခွေတွေဟာ မြင့်လွန်းလို့ ထိတ်လန့်အံ့ဩစရာပဲ” လို့ ရေးခဲ့တယ်။ ကောင်းကင်ထိ မြင့်တဲ့၊ တောက်ပတဲ့ ဘီးခွေကြီးတွေကို ယေဇကျေလ မော့ကြည့်နေတာ မြင်ယောင်နိုင်တယ်။ “လေးဘီးစလုံးရဲ့ ဘီးခွေပတ်လည်မှာ မျက်လုံးတွေအပြည့်ပဲ” ဆိုပြီး အသေးစိတ် ထပ်ပြောတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဘီးတွေရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံပဲ။ “ဘီးတွေရဲ့ ပုံစံနဲ့ ဖွဲ့စည်းပုံဟာ ဘီးတစ်ဘီးထဲမှာ နောက်တစ်ဘီးကို အလယ်ကနေ ကန့်လန့်ဖြတ် တပ်ထားတာနဲ့ တူတယ်” လို့ ရှင်းပြတယ်။ ဘာကို ဆိုလိုသလဲ။
၁၆၊ ၁၇။ (က) ဘယ်လိုနည်းနဲ့ ရထားဘီးတွေထဲမှာ ဘီးတွေ ရှိနေသလဲ။ (ခ) ယာဉ်ကြီး ရွေ့လျားပုံနဲ့ပတ်သက်ပြီး ဘီးတွေက ဘာဖော်ပြသလဲ။
၁၆ ယေဇကျေလ မြင်ခဲ့တဲ့ ဘီးတစ်ဘီးစီဟာ တကယ်တော့ ဘီးနှစ်ဘီး ပေါင်းထားတာပါ။ ဒေါင်လိုက် ဝင်ရိုးတစ်ခုတည်းမှာ တစ်ဘီးက နောက်တစ်ဘီးကို ထောင့်မှန်ကျကျ ဖြတ်ထားတယ်။ ဘီးတွေရဲ့ လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး “ဘီးတွေ သွားတဲ့အခါ ကွေ့စရာမလိုဘဲ ဘယ်အရပ်မျက်နှာမဆို သွားနိုင်တယ်” ဆိုပြီး ယေဇကျေလ ဖော်ပြရတဲ့ အကြောင်းရင်းကို ဒီအချက်က နားလည်စေတယ်။ ဒီဘီးတွေက ယေဇကျေလ မြင်ခဲ့တဲ့ ကောင်းကင်ယာဉ်အကြောင်း ဘာဖော်ပြသလဲ။
၁၇ မြင့်မားလှတဲ့ ဘီးတွေဟာ တစ်ပတ် လည်ရုံနဲ့တောင် နေရာအများကြီး ယူနိုင်တယ်။ ယာဉ်ကြီးက လျှပ်စီးအရှိန်နဲ့ သွားနေတယ်လို့ စိတ်အာရုံမှာ ဖော်ပြထားတယ်။ (ယေဇ. ၁:၁၄) ဒီ့ပြင် အရပ်လေးမျက်နှာ သွားလာနိုင်တဲ့ ဘီးတွေရဲ့ ရွေ့လျားပုံကို လူသားအင်ဂျင်နီယာတွေ စိတ်ကူးယဉ်လို့ပဲ ရနိုင်တယ်။ ယာဉ်ကြီးက အရှိန်မလျှော့ဘဲ၊ ကွေ့စရာတောင် မလိုဘဲ ဦးတည်ရာ ပြောင်းနိုင်တယ်။ မမြင်မကန်း ပြောင်းတာတော့ မဟုတ်ဘူး။ ဘီးခွေတွေမှာ မျက်လုံး အပြည့်ပါတယ်ဆိုတဲ့ အချက်က ယာဉ်ကြီးဟာ ဘေးပတ်လည်မှာ ဖြစ်ပျက်နေသမျှကို အပြည့်အဝ သတိပြုမိကြောင်း ဖော်ပြတယ်။
၁၈။ ဘီးတွေရဲ့ အံ့ဖွယ်အရွယ်အစားနဲ့ မျက်လုံး အများကြီး ပါတယ်ဆိုတဲ့ အချက်ကနေ ဘာသိရသလဲ။
၁၈ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းအကြောင်း ယေဇကျေလနဲ့ သစ္စာရှိသူအားလုံးကို ယေဟောဝါ ဘာသင်ပေးနေသလဲ။ ပြန်သုံးသပ်ကြည့်ပါ။ တောက်ပတဲ့ ဘီးတွေနဲ့ ဘီးအရွယ်အစားက ဘုန်းအသရေနဲ့ အံ့ဩဖွယ်ကောင်းမှုကို ဖော်ပြတယ်။ ဘီးတွေမှာ မျက်လုံး အများကြီးပါတာက အရာအားလုံးကို သတိပြုမိကြောင်း ဖော်ပြတယ်။ ယေဟောဝါက အရာရာကို မြင်တယ်။ (ပညာ. ၁၅:၃။ ယေ. ၂၃:၂၄) ဒီ့ပြင် ဘုရားမှာ စကြဝဠာရဲ့ ဘယ်နေရာကိုမဆို စေလိုရာစေနိုင်တဲ့ ကောင်းကင်တမန် သန်းပေါင်းများစွာ ရှိတယ်။ သူတို့က ကိစ္စရပ်တွေကို စိတ်ဝင်တစား ကြည့်ရှုစစ်ဆေးပြီး အချုပ်အခြာအာဏာပိုင်ရှင်ကို သတင်းပြန်ပို့ကြတယ်။—ဟီဘရူး ၁:၁၃၊ ၁၄ ကိုဖတ်ပါ။
၁၉။ ယေဟောဝါနဲ့ ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းအကြောင်း ရထားရဲ့ အရှိန်နဲ့ ရွေ့လျားပုံက ဘာသင်ပေးသလဲ။
ထွ. ၃:၁၃၊ ၁၄) ဥပမာ၊ ဘုရားက မိမိလူမျိုးအတွက် ကာကွယ်တိုက်ခိုက်ပေးတဲ့ ခွန်အားကြီးစစ်သူရဲ ဖြစ်လာနိုင်တယ်။ စိတ်ကြေကွဲတဲ့ နောင်တရသူ အပြစ်သားတွေကို ပဲ့ပြင်တည့်မတ်ပေးတဲ့ ကရုဏာရှင်၊ ခွင့်လွှတ်ပေးရှင်အဖြစ်လည်း ချက်ချင်း ပြောင်းလဲနိုင်တယ်။—ဆာ. ၃၀:၅။ ဟေရှာ. ၆၆:၁၃။
၁၉ ဒီ့ပြင် ရထားဟာ အလွန့်အလွန် မြန်မြန်ဆန်ဆန် ရွေ့လျားနိုင်ကြောင်း သိရတယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ လူ့အစိုးရတွေ၊ အသင်းအဖွဲ့တွေရဲ့ ကွာခြားချက်ကို စဉ်းစားကြည့်ပါ။ သူတို့ဟာ အခြေအနေတွေနဲ့အညီ အလိုက်သင့် မပြောင်းလဲနိုင်ကြဘဲ မမြင်မကန်း ဖြစ်နေကြတယ်။ ဒါကြောင့် မအောင်မြင်ဘဲ ပျက်စီးကြရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ရထားတော်ကတော့ အကျိုးသင့်အကြောင်းသင့် ရှိတဲ့၊ အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်တဲ့ ထိန်းချုပ်ရှင်ကို အပြည့်အဝ ရောင်ပြန်ဟပ်တယ်။ နာမတော်နဲ့အညီ ဘုရားက ရည်ရွယ်တော်မူချက် ပြည့်စုံစေဖို့ လိုအပ်ရာမှန်သမျှ ဘာမဆို ဖြစ်လာနိုင်တယ်။ (၂၀။ ယေဟောဝါရဲ့ ရထားတော်ကို ဘာကြောင့် အံ့ဩသင့်သလဲ။
၂၀ ယေဇကျေလ စိတ်အာရုံက ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးဖို့ လှုံ့ဆော်ပါလိမ့်မယ်– ‘ယေဟောဝါရဲ့ ရထားတော်ကြောင့် တကယ် အံ့ဩမှင်တက်မိသလား။’ ရထားက အမှန်တကယ် တည်ရှိတဲ့အရာကို ပုံဆောင်ကြောင်း အမှတ်ရဖို့ လိုတယ်။ ကျွန်တော်တို့ကို စိတ်ဓာတ်ကျစေတဲ့ ပြဿနာတချို့ကို ယေဟောဝါ၊ သားတော်နဲ့ ကောင်းကင်တမန်တွေ မမြင်ဘူးလို့ ဘယ်တော့မှ မတွေးသင့်ဘူး။ ကျွန်တော်တို့ လိုအပ်တာတွေ လုပ်ဆောင်ပေးဖို့ ဘုရား နှောင့်နှေးမှာ၊ မတည်မြဲတဲ့ လောကရဲ့ အပြောင်းအလဲသစ်တွေနဲ့အညီ ဘုရားအဖွဲ့အစည်း အလိုက်သင့် မဖြစ်မှာကို မစိုးရိမ်သင့်ဘူး။ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ရှေ့ကို တိုးမြဲတိုးနေကြောင်း အမှတ်ရချင်ကြပါတယ်။ “ဘီးတို့၊ စထွက်တော့” ဆိုပြီး ရထားဘီးတွေကို ကောင်းကင်က အမိန့်ပေးသံ ယေဇကျေလ ကြားခဲ့တယ်။ ဘီးတွေ စတင်ရွေ့လျားဖို့ အမိန့်ပေးသံပါ။ (ယေဇ. ၁၀:၁၃) အဖွဲ့အစည်းကို ယေဟောဝါ ဦးဆောင်နေပုံအကြောင်း တွေးတောဆင်ခြင်တဲ့အခါ အံ့ဩစရာကောင်းတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ အံ့ဩရတဲ့ အဓိကအကြောင်းကတော့ ယေဟောဝါကြောင့်ပါပဲ။
ထိန်းချုပ်ရှင်
၂၁၊ ၂၂။ ရထားရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတဲ့ အရာအကြောင်း ဘယ်လို ရှင်းပြမလဲ။
၂၁ ဘီးတွေအထက်က “ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရေခဲပြင်လို တဖိတ်ဖိတ် တောက်နေတဲ့ မျက်နှာပြင်ကြီးတစ်ခု” ဆီ ယေဇကျေလ အာရုံရောက်သွားတယ်။ (ယေဇ. ၁:၂၂) ခေရုဗိမ်တွေရဲ့ ဦးခေါင်းထက်မှာ ရေခဲပြင်ကြီးက ဘုန်းရောင် တောက်ပဖြာထွက်နေတယ်။ ဒီနေရာမှာ စက်ယန္တရားတွေ အလုပ်လုပ်ပုံကို ကောင်းကောင်းသိတဲ့ စာဖတ်သူအတွက် ယာဉ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနိုင်တယ်။ ဥပမာ၊ ‘ဘီးတွေအထက်က မျက်နှာပြင်ကို ဘာက ထိန်းချုပ်ထားသလဲ။ ဝင်ရိုးတွေနဲ့ ချိတ်ဆက်မထားဘဲ ဘီးတွေ ဘယ်လို အလုပ်လုပ်သလဲ။’ ဒီယာဉ်ကြီးဟာ နိယာမတွေအတိုင်း ဖွဲ့စည်းထားတာ မဟုတ်ဘဲ နာမ်ဝိညာဉ်ဘုံမှာ အမှန်တကယ် တည်ရှိတဲ့အရာရဲ့ သရုပ်ဖော်ချက်၊ ပုံဆောင်ချက်သာ ဖြစ်ကြောင်း အမှတ်ရပါ။ “သတ္တဝါတွေပေါ် သက်ရောက်နေတဲ့ စွမ်းအားတော်ဟာ ဘီးတွေပေါ်မှာလည်း သက်ရောက်နေလို့ပဲ” ဆိုတဲ့ အဓိကစကားတွေကိုလည်း သတိပြုပါ။ (ယေဇ. ၁:၂၀၊ ၂၁) ခေရုဗိမ်တွေ၊ ဘီးတွေပေါ်မှာ ဘာစွမ်းအား သက်ရောက်နေသလဲ။
၂၂ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်၊ စကြဝဠာမှာ တန်ခိုးအရှိဆုံး စွမ်းအားပဲဆိုတာ ရှင်းနေပါတယ်။ စွမ်းအားတော်က ယာဉ်ကို ထိန်းချုပ်ထားတယ်။ အစွမ်းရှိစေတယ်။ တစ်ပြိုင်နက် ရွေ့လျားစေတယ်။ ဒီအချက်ကို မှတ်ထားပြီး ရထားကို ထိန်းချုပ်တဲ့အရှင်ဆီ ယေဇကျေလ အာရုံရောက်သွားတာကို လိုက်ကြည့်ရအောင်။
ဖော်ပြဖို့ခက်တဲ့ မြင်ကွင်းတွေအတွက် ယေဇကျေလ စကားလုံး ရှာခဲ့ရ
၂၃။ ယေဟောဝါအကြောင်း ဖော်ပြဖို့ ယေဇကျေလ ဘယ်လို သုံးနှုန်းခဲ့သလဲ။ ဘာကြောင့်လဲ။
၂၃ ယေဇကျေလ ၁:၂၆-၂၈ ကိုဖတ်ပါ။ စိတ်အာရုံအကြောင်း ဖော်ပြချိန်တစ်လျှောက် “သဏ္ဌာန်ရှိ၊” “နဲ့ တူတဲ့အရာ၊” “လို သဏ္ဌာန်ရှိ” စသဖြင့် ယေဇကျေလ မကြာခဏ သုံးထားတယ်။ ဒါပေမဲ့ ဒီကျမ်းပိုဒ်တွေမှာ ပိုသုံးထားတယ်။ ဖော်ပြရခက်တဲ့ မြင်ကွင်းတွေအတွက် စကားလုံး ရှာနေရပုံပဲ။ “နီလာကျောက်လို၊ ရာဇပလ္လင်လို သဏ္ဌာန်တစ်ခု” ကို မြင်တယ်။ အပြာရင့်ရောင် နီလာတုံးကြီးကနေ ထွင်းထုထားတဲ့ ရာဇပလ္လင်တစ်ခုကို မြင်ယောင်ကြည့်နိုင်မလား။ အဲဒီပေါ်မှာ “လူသဏ္ဌာန် ရှိ” တဲ့ ပုဂ္ဂိုလ်တစ်ပါး ထိုင်နေတယ်။
၂၄၊ ၂၅။ (က) ယေဟောဝါရဲ့ ရာဇပလ္လင် ပတ်လည်မှာ ရှိတဲ့ သက်တံကနေ ဘာသိရသလဲ။ (ခ) စိတ်အာရုံတွေက သစ္စာရှိ အမျိုးသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
၂၄ ယေဟောဝါရဲ့ ခါးအပေါ်ပိုင်းနဲ့ ခါးအောက်ပိုင်းကနေ ဘုန်းရောင်ခြည်တွေ ဖြာထွက်နေလို့သာ ခံ့ထည်တဲ့ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာပါ။ ဒီဘုန်းအသရေရှိ ပုံသဏ္ဌာန်ကို စိုက်ကြည့်ဖို့ ပရောဖက် မျက်လုံးကာပြီး စောင်းငဲ့ကြည့်တာကို မြင်ယောင်က. ၉:၁၁-၁၆) တန်ခိုးကြီးပေမဲ့ အနန္တတန်ခိုးရှင်ဟာ ငြိမ်သက်ခြင်းရဲ့ အရှင် ဖြစ်ပါတယ်။ (ဟီ. ၁၃:၂၀) ဘုရားသခင်ရဲ့ စိတ်နှလုံးမှာ ငြိမ်သက်ခြင်း စိုးမိုးနေပြီး သစ္စာရှိ ဝတ်ပြုကိုးကွယ်သူအားလုံးဆီ ကူးစက်ပျံ့နှံ့သွားတယ်။
နိုင်တယ်။ နောက်ဆုံးတော့ စိတ်အာရုံအထွတ်အထိပ်ကို ဒီလိုမှတ်တမ်းတင်တယ်– “ပတ်လည်မှာ ဖြာထွက်နေတဲ့ ရောင်ခြည်ဟာ မိုးရွာတဲ့နေ့မှာ တိမ်ပေါ်က သက်တံနဲ့ တူတယ်။” သက်တံကို ကြည့်ပြီး စိတ်လှုပ်ရှားဖူးသလား။ ဖန်ဆင်းရှင်ရဲ့ ဘုန်းအသရေအကြောင်း ထင်ရှားတဲ့ သတိပေးချက်ပါပဲ။ ကောင်းကင်က ကြည်လင်အေးချမ်းစေတဲ့ ရောင်စုံသက်တံဟာ ရေလွှမ်းမိုးဘေးပြီးနောက် ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးပဋိညာဉ်ကို အမှတ်ရစေတယ်။ (၂၅ ယေဟောဝါဘုရားရဲ့ ဘုန်းအသရေကို မြင်တွေ့ရလို့ ယေဇကျေလ ဘယ်လို ဖြစ်သွားသလဲ။ “အဲဒါကို မြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်” ဆိုပြီး ယေဇကျေလ မှတ်တမ်းတင်ထားတယ်။ အံ့ဩကြောက်ရွံ့စိတ်ကြောင့် ယေဇကျေလ မြေကြီးပေါ် ခွေကျသွားတယ်။ ယေဟောဝါဆီက စိတ်အာရုံ ရခဲ့တဲ့ တခြားပရောဖက်တွေလည်း အလားတူ တုံ့ပြန်ခဲ့ကြတယ်။ အဲဒီအတွေ့အကြုံက သူတို့ကို အလွန်နှိမ့်ချစေတယ်၊ အံ့ဩစေတယ်။ (ဟေရှာ. ၆:၁-၅။ ဒံ. ၁၀:၈၊ ၉။ ဗျာ. ၁:၁၂-၁၇) ယေဟောဝါ ဖော်ပြတာတွေက ဒီအမျိုးသားတွေကို တကယ်ခွန်အားရှိစေခဲ့မှာပါ။ ယေဇကျေလလည်း ခွန်အားရခဲ့မှာ သေချာပါတယ်။ ဒီလိုကျမ်းမှတ်တမ်းတွေ ဖတ်တဲ့အခါ ကျွန်တော်တို့အပေါ် ဘာအကျိုးသက်ရောက်သင့်သလဲ။
၂၆။ စိတ်အာရုံကြောင့် ယေဇကျေလ ဘယ်လို အားရှိခဲ့သလဲ။
၂၆ ဗာဗုလုန်ပြည်မှာ ရှိတဲ့ ဘုရားလူမျိုးရဲ့ အခြေအနေကြောင့် ယေဇကျေလ သံသယ ဝင်ခဲ့မယ်၊ ဒွိဟ ဖြစ်ခဲ့တယ်ဆိုရင် ဒီစိတ်အာရုံကြောင့် အားရှိခဲ့မှာပါ။ သစ္စာရှိသူတွေဟာ ဂျေရုဆလင်မြို့မှာ၊ ဗာဗုလုန်ပြည်မှာ၊ တခြားဘယ်နေရာမှာပဲ ရှိနေပါစေ အရေးမကြီးဘူးဆိုတာ ရှင်းနေပါတယ်။ ယေဟောဝါရဲ့ အံ့ဖွယ်ရထားတော် လက်လှမ်းမမီနိုင်တဲ့နေရာ မရှိဘူး။ ခမ်းနားကြီးကျယ်တဲ့ ကောင်းကင်အဖွဲ့အစည်းကို ထိန်းချုပ်နေတဲ့အရှင်ကို ဆန့်ကျင်ပြီး ဘယ်စာတန့်အင်အားစုက ရပ်တည်နိုင်မှာလဲ။ (ဆာလံ ၁၁၈:၆ ကိုဖတ်ပါ။) ကောင်းကင်ရထားက လူသားတွေနဲ့ အလှမ်းမဝေးဘူးဆိုတာ ယေဇကျေလ တွေ့ခဲ့တယ်။ ဘာကြောင့်လဲ။ ဘီးတွေက မြေကြီးနဲ့ ထိနေလို့ပဲ။ (ယေဇ. ၁:၁၉) ဒါကြောင့် ယေဟောဝါက ပြည်နှင်ခံ သစ္စာရှိလူမျိုးကို အမှန်တကယ် စိတ်ဝင်စားတယ်။ ဖခင်ရဲ့ မေတ္တာပါ ဂရုစိုက်မှုအောက် သူတို့ အမြဲရှိနေကြပါတယ်။
ရထားနဲ့ သင်
၂၇။ ယေဇကျေလစိတ်အာရုံက ဒီနေ့ခေတ် ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။
၂၇ ယေဇကျေလ စိတ်အာရုံက ဒီနေ့ခေတ် ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိသလား။ ရှိပါတယ်။ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို အရင်ကထက် ပိုတိုက်ခိုက်ဖို့ စာတန် စီစဉ်နေတာကို သတိရပါ။ တစ်ယောက်တည်း သီးသန့် ဖြစ်နေတယ်၊ ကောင်းကင်ဘုံစံဖခင်၊ ဘုရားအဖွဲ့အစည်းနဲ့ အလှမ်းဝေးနေတယ်လို့ ကျွန်တော်တို့ကို ယုံစေချင်တယ်။ ဒီလိုမုသာစကားတွေ စိတ်နှလုံးထဲ ဘယ်တော့မှ အမြစ်မတွယ်ပါစေနဲ့။ (ဆာ. ၁၃၉:၇-၁၂) ယေဇကျေလလိုပဲ ကျွန်တော်တို့ အံ့ဩသင့်စရာ အကြောင်းရင်းတွေ ရှိပါတယ်။ ယေဇကျေလလို မြေကြီးမှာ ပျပ်ဝပ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စကြဝဠာအဖွဲ့အစည်း ကောင်းကင်ဆိုင်ရာအပိုင်းရဲ့ တန်ခိုး၊ အရှိန်၊ ရွေ့လျားမှု၊ အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်မှု၊ ခမ်းနားမှုတို့ကြောင့် အံ့ဩသင့်တယ် မဟုတ်လား။
၂၈၊ ၂၉။ လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ယေဟောဝါရဲ့ ရထားတော် ရွေ့လျားနေတယ်ဆိုတာ ဘာက ဖော်ပြသလဲ။
၂၈ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ မြေကြီးဆိုင်ရာအပိုင်းလည်း ရှိတယ်ဆိုတာ သတိရပါ။ မြေကြီးဆိုင်ရာအပိုင်းကို မစုံလင်သူတွေနဲ့ ဖွဲ့စည်းထားတာ မှန်ပါတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ ယေဟောဝါ ပြီးမြောက်စေခဲ့တာတွေအကြောင်း စဉ်းစားကြည့်ပါ။ သာမန်လူသားတွေ ကိုယ်ပိုင်အစွမ်းအစနဲ့ ဘယ်လိုမှ မလုပ်ဆောင်နိုင်တဲ့ အရာတွေကို ကမ္ဘာတစ်ဝန်းမှာ ဖြစ်မြောက်စေဖို့ ယေဟောဝါ ကူညီပေးခဲ့ပြီ။ (ယော. ၁၄:၁၂) ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ်ကို ဖတ်တဲ့အခါ လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ဟောပြောခြင်းလုပ်ငန်း အံ့ဖွယ်ကျယ်ပြန့်လာပုံကို သတိရစေတယ်။ ခရစ်ယာန်စစ်တွေကို ပညာပေးခြင်း၊ တရားရေးအောင်ပွဲ၊ ဘုရားအလိုတော်ဆောင်ဖို့ နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုခြင်းတို့မှာ ယေဟောဝါအဖွဲ့အစည်းရဲ့ တိုးတက်မှုအဆင့်ဆင့် စိတ်ထဲ ပေါ်လာပါလိမ့်မယ်။
၂၉ အကျင့်ပျက်ခြစားနေတဲ့ လောကစနစ်ရဲ့ နောက်ဆုံးကာလမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီး လုပ်ဆောင်ပြီးမြောက်ခဲ့တာတွေကို သုံးသပ်တဲ့အခါ ယေဟောဝါရဲ့ ရထားတော် ရွေ့လျားနေတယ်ဆိုတာ ပိုရှင်းလာတယ်။ ဒီအဖွဲ့အစည်းနဲ့ ပူးပေါင်းရတာ၊ အချုပ်အခြာအာဏာပိုင်ရှင်ကို ကိုးကွယ်ရတာ အံ့ချီးဖွယ်အခွင့်ထူးပါပဲ။—ဆာ. ၈၄:၁၀။
၃၀။ နောက်အခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။
၃၀ ဒါပေမဲ့ ယေဇကျေလ စိတ်အာရုံက ကျွန်တော်တို့ကို သင်ပေးစရာများစွာ ရှိပါသေးတယ်။ နောက်အခန်းမှာ ထူးဆန်းတဲ့ “သတ္တဝါတွေ၊” ခေရုဗိမ်တွေအကြောင်း အနီးကပ် လေ့လာကြပါမယ်။ ဘုန်းကျက်သရေရှိတဲ့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါအကြောင်း သူတို့ ဘာသင်ပေးနိုင်သလဲ။
^ အပိုဒ်၊ 1 ရွှေနဲ့ ငွေ ရောစပ်ထားတဲ့သတ္တု (ပယင်းရောင်) လို့ ယေဇကျေလ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။
^ အပိုဒ်၊ 5 ဒါက တိုက်ရိုက် အကွာအဝေး ဖြစ်တယ်။ ဒါပေမဲ့ ပြည်နှင်ခံတွေ သွားခဲ့တဲ့ လမ်းကြောင်းက ဒီအကွာအဝေးရဲ့ နှစ်ဆနီးပါး ဖြစ်နိုင်တယ်။