အပိုင်း နှစ်
‘သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ’—စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ညစ်ညူးခဲ့
အာရုံစိုက်ရာ။ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ဟာ ဘုရားရေးရာပိုင်း၊ ကိုယ်ကျင့်တရားပိုင်း ယိုယွင်းလာ
ယေဟောဝါက အစ္စရေးလူမျိုးကို မိမိရဲ့ “တန်ဖိုးအထားရဆုံး လူမျိုး” အဖြစ် ချစ်မြတ်နိုးပြီး ဂရုစိုက်ခဲ့တယ်။ (ထွ. ၁၉:၅) ဒါပေမဲ့ သူတို့က ဘုရားနာမတော် ခံယူထားတဲ့ ဗိမာန်တော်မှာ မှားယွင်းတဲ့ ဘုရားတွေ ကိုးကွယ်ခြင်းအားဖြင့် ယေဟောဝါအပေါ် ကျေးစွပ်ကြတယ်။ ယေဟောဝါကို စိတ်နာစေကြတယ်။ ဘုရားကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့ကြတယ်။ အစ္စရေးတွေ ဘာကြောင့် ဒီလောက်တောင် ဆိုးရွားလာကြသလဲ။ ဂျေရုဆလင်မြို့ ပျက်စီးခြင်းအကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ကနေ ဘာသင်ယူနိုင်သလဲ။ ပတ်ဝန်းကျင်ရှိ လူမျိုးခြားတွေနဲ့ အစ္စရေးလူမျိုး ဆက်ဆံပုံကနေ ဘာသင်ခန်းစာတွေ ရနိုင်သလဲ။
ဒီအပိုင်းမှာ
အခန်း ၅
“သူတို့လုပ်နေတဲ့ ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို ကြည့်လိုက်ပါ”
အစ္စရေးတစ်မျိုးလုံးရဲ့ ဘုရားရေးရာ ယိုယွင်းနေမှုကို ဖော်ပြတဲ့ ထိတ်လန့်စရာ မြင်ကွင်းတွေကို ယေဇကျေလ တွေ့တယ်။
အခန်း ၆
“အခု မင်းရဲ့ အဆုံး ရောက်လာပြီ”
ပရောဖက် ယေဇကျေလရဲ့ သရုပ်ဖော်ချက်တွေက ဂျေရုဆလင်အပေါ် ယေဟောဝါရဲ့ အမျက်ဒေါသကို ဖော်ပြတယ်။
အခန်း ၇
“ငါဟာ ယေဟောဝါပဲဆိုတာ” လူမျိုးခြားတွေ “သိရကြလိမ့်မယ်”
ယေဟောဝါရဲ့ နာမတော်ကို ရှုတ်ချတဲ့၊ ဘုရားလူမျိုးကို နှိပ်စက်ညှဉ်းပန်းတဲ့ လူမျိုးခြားတွေဟာ မိမိတို့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကနေ လွတ်မြောက်မှာ မဟုတ်ဘူး။ လူမျိုးခြားတွေနဲ့ အစ္စရေးတွေ ဆက်ဆံပုံကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။