အခန်း ၆
“အခု မင်းရဲ့ အဆုံး ရောက်လာပြီ”
အာရုံစိုက်ရာ။ ဂျေရုဆလင်မြို့အပေါ် ယေဟောဝါရဲ့ တရားစီရင်ခြင်း—ပရောဖက်ပြုချက်များ ပြည့်စုံခဲ့ပုံ
၁၊ ၂။ (က) ထူးဆန်းတဲ့ ဘယ်အပြုအမူကို ယေဇကျေလ လုပ်ဆောင်ခဲ့လဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) သူ့အပြုအမူတွေက ဘာကို ကြိုဖော်ပြသလဲ။
ဗာဗုလုန်ပြည်မှာ နေထိုင်တဲ့ ပြည်နှင်ခံဂျူးတွေကြား ပရောဖက် ယေဇကျေလရဲ့ ထူးဆန်းတဲ့ အပြုအမူအကြောင်း ချက်ချင်း သတင်းပျံ့သွားတယ်။ ပြည်နှင်ခံတွေကြား တစ်ပတ်လောက် မိန်းမောတွေဝေပြီး စကားမပြောဘဲ ထိုင်နေတယ်။ နောက်တော့ ရုတ်တရက် ထပြီး အိမ်ထဲမှာ တံခါးပိတ်နေတယ်။ အိမ်နီးချင်းတွေ ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ အိမ်ထဲက ပြန်ထွက်လာပြီး အုတ်တစ်ချပ်ကို ယူ၊ ရှေ့မှာ ချပြီး ပုံရေးထွင်းတယ်။ စကားတစ်ခွန်းမှ မပြောဘဲ မြို့ရိုးပုံစံငယ် စဆောက်တယ်။—ယေဇ. ၃:၁၀၊ ၁၁၊ ၁၅၊ ၂၄-၂၆။ ၄:၁၊ ၂။
၂ စိတ်ဝင်စားသူတွေ တဖြည်းဖြည်း များလာပြီး ‘ဘာ သဘောပါလိမ့်’ ဆိုပြီး သိချင်နေကြမှာပဲ။ ပရောဖက် ယေဇကျေလရဲ့ ထူးဆန်းတဲ့ အပြုအမူဟာ ရောက်လာမယ့် ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခုကို ကြိုဖော်ပြမှန်း နောက်ပိုင်းမှ ပြည်နှင်ခံဂျူးတွေ အပြည့်အဝ နားလည်တော့တယ်။ အဲဒီကြောက်မက်ဖွယ် ဖြစ်ရပ်က ယေဟောဝါဘုရားရဲ့ ဖြောင့်မတ်တဲ့ အမျက်ဒေါသကို ဖော်ပြတယ်။ ဘာဖြစ်ရပ်လဲ။ ရှေးခေတ် အစ္စရေးလူမျိုးအပေါ် ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ။ ဒီနေ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်သူတွေအတွက် ဘာအဓိပ္ပာယ် ရှိသလဲ။
“အုတ်တစ်ချပ် . . . ဂျုံ . . . ထက်တဲ့ ဓားကို ယူ”
၃၊ ၄။ (က) ဘုရားရဲ့ တရားစီရင်ခြင်းအကြောင်း ဘယ်ကဏ္ဍသုံးရပ်ကို ယေဇကျေလ သရုပ်ဖော်ခဲ့သလဲ။ (ခ) ဂျေရုဆလင်မြို့ ဝိုင်းရံခံရမယ့်အကြောင်း ယေဇကျေလ ဘယ်လို သရုပ်ဖော်ခဲ့သလဲ။
၃ ဂျေရုဆလင်မြို့အပေါ် ကျရောက်မယ့် ဘုရားရဲ့ တရားစီရင်ခြင်း ကဏ္ဍသုံးရပ်ကို သရုပ်ဖော်ဖို့ ဘီစီ ၆၁၃ လောက်မှာ ယေဇကျေလကို ယေဟောဝါ ညွှန်ကြားတယ်။ အဲဒါတွေကတော့ မြို့ ဝိုင်းရံခံရခြင်း၊ ပြည်သူပြည်သားတွေရဲ့ ဆင်းရဲဒုက္ခ၊ မြို့နဲ့ ပြည်သူပြည်သားတွေရဲ့ ပျက်စီးခြင်းတို့ ဖြစ်တယ်။ * ဒီကဏ္ဍသုံးရပ်ကို အသေးစိတ် သုံးသပ်ကြည့်ရအောင်။
၄ ဂျေရုဆလင်မြို့ ဝိုင်းရံခံရခြင်း။ “အုတ်တစ်ချပ်ကို ယူပြီး မင်းရှေ့မှာ ထားပါ။ . . . ပြီးတော့ အဲဒီမြို့ပတ်လည်မှာ ထိုးစစ်တံတိုင်း တည်ဆောက်ပါ” လို့ ယေဇကျေလကို ယေဟောဝါ မိန့်မှာတယ်။ (ယေဇကျေလ ၄:၁-၃ ကိုဖတ်ပါ။) အုတ်ချပ်က ဂျေရုဆလင်မြို့ကို ပုံဆောင်ပြီး ယေဇကျေလကတော့ ယေဟောဝါ အသုံးပြုတဲ့ ဗာဗုလုန်စစ်တပ်နေရာမှာ သရုပ်ဆောင်တယ်။ မြို့ပုံစံငယ်နဲ့ ထိုးစစ်ကုန်းရိုး ဆောက်လုပ်ဖို့၊ ခံတပ်ဖြိုစက်တွေ လုပ်ဖို့ ယေဇကျေလ ညွှန်ကြားခံရတယ်။ ပြီးရင် ဒါတွေကို အုတ်ချပ် ပတ်ပတ်လည်မှာ နေရာချရမယ်။ ဒါတွေက ဂျေရုဆလင်မြို့ကို ဝိုင်းရံတိုက်ခိုက်ချိန်မှာ ရန်သူတွေ အသုံးပြုမယ့် စစ်လက်နက်တွေကို ပုံဆောင်တယ်။ သံနဲ့တူတဲ့ ရန်သူ့အင်အားကို ဖော်ပြဖို့ ယေဇကျေလက မိမိနဲ့ မြို့ကြားမှာ “သံဒယ်ပြားတစ်ခု” ချထားတယ်။ အဲဒီနောက် မြို့ကို “ရန်လိုတဲ့ မျက်နှာထားနဲ့ စိုက်ကြည့်” တယ်။ ဒါတွေဟာ “အစ္စရေးအမျိုး” မျှော်လင့်မထားတဲ့အရာတွေရဲ့ “နိမိတ်” တွေပါပဲ။ ဘုရားလူမျိုးရဲ့ အဓိကမြို့တော်၊ ဘုရားသခင့်ဗိမာန်တော် တည်ရှိရာ ဂျေရုဆလင်မြို့ကို ဝိုင်းရံဖို့ ရန်သူ့စစ်တပ်ကို ယေဟောဝါ အသုံးပြုမယ်။
၅။ ဂျေရုဆလင်မြို့သားတွေ ကြုံရမယ့်အရာနဲ့ပတ်သက်ပြီး ယေဇကျေလ သရုပ်ဖော်ပုံကို ဖော်ပြပါ။
၅ ဂျေရုဆလင်မြို့သားတွေရဲ့ ဆင်းရဲဒုက္ခ။ “ဂျုံ၊ မုယော၊ ပဲကြီး၊ ပဲနီလေး၊ ဆပ်နဲ့ ဂျုံကြမ်းမျိုးကို . . . မုန့်လုပ်” ဖို့၊ “တစ်နေ့ကို ရှယ်ကယ် ၂၀ ချိန်ပြီး စား” ဖို့ ယေဇကျေလကို ယေဟောဝါ မိန့်မှာတယ်။ “စားနပ်ရိက္ခာကို ငါ ဖြတ်တောက်” မှာဖြစ်လို့ ဆိုပြီး ယေဟောဝါ ရှင်းပြတယ်။ (ယေဇ. ၄:၉-၁၆) ဒီတစ်ခါတော့ ယေဇကျေလက ဗာဗုလုန်စစ်တပ်ကို ကိုယ်စားမပြုတော့ဘဲ ဂျေရုဆလင်မြို့သားတွေနေရာမှာ သရုပ်ဆောင်တယ်။ ရောက်လာမယ့် ဝိုင်းရံပိတ်ဆို့မှုကြောင့် မြို့ထဲမှာ စားနပ်ရိက္ခာတွေ တစ်တိတစ်တိနဲ့ လျော့နည်းသွားမယ်ဆိုတာ ပရောဖက်ရဲ့ လုပ်ရပ်တွေက နိမိတ်ပြတယ်။ အဲဒီအချိန်မှာ လူတွေက ကြုံရာပစ္စည်းတွေနဲ့ မုန့်လုပ်ကြရမယ်၊ တွေ့ကရာ စားကြရမယ်ဆိုတာ ဖော်ပြတယ်။ အငတ်ဘေး ဘယ်လောက်ထိ ပြင်းထန်လာမလဲ။ “မင်းဆီက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ အသားကို စားကြလိမ့်မယ်။ သားသမီးကလည်း မိဘရဲ့ အသားကို စားကြလိမ့်မယ်” ဆိုပြီး ဂျေရုဆလင်မြို့သားတွေကို ယေဇကျေလ တဲ့တိုးပြောခဲ့တယ်။ အဆုံးမှာ လူများစွာဟာ “အငတ်ဘေး ဖြစ်တဲ့၊ သေစေနိုင်တဲ့ မြားတွေ” ကြောင့် ဝေဒနာ ခံစားရပြီး “လုံးပါးပါး” လာကြလိမ့်မယ်။—ယေဇ. ၄:၁၇။ ၅:၁၀၊ ၁၆။
၆။ (က) ဘယ်အခန်းကဏ္ဍနှစ်ခုကနေ ယေဇကျေလ တစ်ပြိုင်တည်း သရုပ်ဆောင်ခဲ့သလဲ။ (ခ) “ချိန်ပြီး သုံးပုံ ပုံပါ” ဆိုတဲ့ ဘုရားရဲ့ မိန့်မှာချက်က ဘာကို ဖော်ပြသလဲ။
၆ ဂျေရုဆလင်မြို့နဲ့ ပြည်သူပြည်သားတွေ ပျက်စီးခြင်း။ ပရောဖက်ပြုချက်ဆိုင်ရာ သရုပ်ဖော်ချက်ရဲ့ ဒီအပိုင်းမှာတော့ ယေဇကျေလက အခန်းကဏ္ဍနှစ်ခုကနေ တစ်ပြိုင်တည်း သရုပ်ဆောင်တယ်။ ဦးဆုံး၊ ယေဟောဝါ လုပ်ဆောင်မယ့်အရာကို ယေဇကျေလ ၅:၁၊ ၂ ကိုဖတ်ပါ။) ဓားကိုင်ထားတဲ့ ယေဇကျေလလက်ဟာ ယေဟောဝါရဲ့ လက်တော်၊ ဗာဗုလုန်စစ်တပ်ကတစ်ဆင့် ဖော်ပြတဲ့ ဘုရားရဲ့ တရားစီရင်ချက်ကို ပုံဆောင်တယ်။ ဒုတိယ၊ ဂျူးတွေ ကြုံတွေ့ရမယ့်အရာကို ယေဇကျေလ သရုပ်ဖော်ခဲ့တယ်။ “မင်းရဲ့ ဆံပင်နဲ့ မုတ်ဆိတ်တွေကို ရိတ်လိုက်ပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ ဆံပင်ရိတ်လိုက်တာဟာ ဂျူးတွေ ဘယ်လို တိုက်ခိုက်ချေမှုန်းခံရမယ်ဆိုတာကို ပုံဆောင်တယ်။ ဒါ့အပြင် ဂျေရုဆလင်မြို့အပေါ် ယေဟောဝါရဲ့ တရားစီရင်ချက်ဟာ ပရမ်းပတာ မဟုတ်ဘဲ သေသေချာချာ၊ စေ့စေ့စပ်စပ် ဖြစ်မယ်ဆိုတာ “အဲဒါတွေကို ချိန်ခွင်နဲ့ ချိန်ပြီး သုံးပုံ ပုံပါ” ဆိုတဲ့ မိန့်မှာချက်က ဖော်ပြတယ်။
သရုပ်ဆောင်ပြတယ်။ “ဆံသဆရာရဲ့ သင်တုန်းဓားလို ထက်တဲ့ ဓားကို ယူ” ဖို့ ယေဟောဝါ မိန့်မှာတယ်။ (၇။ ဆံပင်တွေကို သုံးပုံ ပုံဖို့၊ တစ်ပုံစီကို တစ်မျိုးစီ လုပ်ဆောင်ဖို့ ယေဇကျေလကို ယေဟောဝါ ဘာကြောင့် မိန့်မှာသလဲ။
၇ ရိတ်ထားတဲ့ ဆံပင်တွေကို သုံးပုံ ပုံဖို့၊ တစ်ပုံစီကို တစ်မျိုးစီ လုပ်ဆောင်ဖို့ ယေဇကျေလကို ယေဟောဝါ ဘာကြောင့် မိန့်မှာသလဲ။ (ယေဇကျေလ ၅:၇-၁၂ ကိုဖတ်ပါ။) ဂျေရုဆလင်မြို့သားတချို့ မြို့ထဲမှာ သေဆုံးကြမယ့်အကြောင်း ကြည့်ရှုနေသူတွေကို ဖော်ပြဖို့ ယေဇကျေလက ဆံပင်တစ်ပုံကို “မြို့ထဲမှာ” မီးရှို့လိုက်တယ်။ တချို့ မြို့ပြင်မှာ အသတ်ခံရမယ့်အကြောင်း ဖော်ပြဖို့ ဆံပင်တစ်ပုံကို “မြို့ပတ်လည်မှာ” ဓားနဲ့ ခုတ်ဖြတ်တယ်။ လူမျိုးခြားတွေကြား ကွဲလွင့်သွားမယ့် ကျန်ကြွင်းသူတွေအကြောင်း ဖော်ပြဖို့ နောက်ဆုံးတစ်ပုံကို လေထဲ လွှင့်ပစ်လိုက်တယ်။ ဒါပေမဲ့ “ဓား” က “နောက်ကနေ လိုက်” မှာ ဖြစ်လို့ ဘယ်နေရာကိုပဲ ရောက်ရောက် ငြိမ်းငြိမ်းချမ်းချမ်း နေကြရမှာ မဟုတ်ဘူး။
၈။ (က) ယေဇကျေလရဲ့ သရုပ်ဖော်ချက်မှာ ဘယ်မျှော်လင့်ချက် အရိပ်အမြွက် ပါသလဲ။ (ခ) “နောက်ဆုံးတစ်ပုံထဲက အမွေးတချို့” အကြောင်း ပရောဖက်ပြုချက်ဆိုင်ရာ သရုပ်ဖော်ချက် ဘယ်လို ပြည့်စုံခဲ့သလဲ။
၈ ဒါပေမဲ့ ယေဇကျေလရဲ့ ပရောဖက်ပြုချက်ဆိုင်ရာ သရုပ်ဖော်ချက်မှာ မျှော်လင့်ချက် အရိပ်အမြွက် ပါတယ်။ ရိတ်လိုက်တဲ့ ဆံပင်နဲ့ပတ်သက်ပြီး ယေဇကျေလကို ယေဟောဝါ ဒီလိုမိန့်ဆိုတယ်– “နောက်ဆုံးတစ်ပုံထဲက အမွေးတချို့ကို ယူပြီး ဝတ်ရုံထဲမှာ ထုပ်ထားပါ။” (ယေဇ. ၅:၃) လူမျိုးခြားတွေကြား ကွဲလွင့်သွားတဲ့ ဂျူးတချို့ အသက်ရှင်လွတ်မြောက်မယ်ဆိုတာ ဒီအမိန့်က ဖော်ပြတယ်။ အနှစ် ၇၀ ကြာ ဗာဗုလုန် သုံ့ပန်းဘဝပြီးတဲ့နောက် ဂျေရုဆလင်မြို့ကို ပြန်လာမယ့် ပြည်နှင်ခံတွေထဲမှာ “နောက်ဆုံးတစ်ပုံထဲက အမွေးတချို့” လည်း ပါမယ်။ (ယေဇ. ၆:၈၊ ၉။ ၁၁:၁၇) ဒီပရောဖက်ပြုချက် တကယ် ပြည့်စုံခဲ့သလား။ ပြည့်စုံခဲ့ပါတယ်။ ဗာဗုလုန်သုံ့ပန်းဘဝ အဆုံးသတ်ပြီး နှစ်အတန်ကြာပြီးတဲ့နောက် ကွဲလွင့်သွားတဲ့ ဂျူးတချို့ ဂျေရုဆလင်မြို့ကို တကယ် ပြန်လာခဲ့ကြတဲ့အကြောင်း ပရောဖက်ဟဂ္ဂဲ မှတ်တမ်းတင်ခဲ့တယ်။ သူတို့ဟာ “အရင်အိမ်တော် (ရှောလမုန်ရဲ့ ဗိမာန်တော်) ကို မြင်ဖူးတဲ့ အသက်ကြီးပိုင်း” တွေ ဖြစ်တယ်။ (ဧဇ. ၃:၁၂။ ဟဂ္ဂဲ ၂:၁-၃) ကတိပြုထားတဲ့အတိုင်း စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်တာ ယေဟောဝါ တွေ့မြင်ခဲ့တယ်။ ပြန်လည်တည်ထောင်ခြင်းအကြောင်း နောက်ထပ်အသေးစိတ်အချက်တွေကို ဒီစာအုပ် အခန်း ၉ မှာ လေ့လာကြပါမယ်။—ယေဇ. ၁၁:၁၇-၂၀။
ဒီပရောဖက်ပြုချက်က ရောက်လာမယ့် ဖြစ်ရပ်တွေအကြောင်း ဘာဖော်ပြသလဲ
၉၊ ၁၀။ ယေဇကျေလရဲ့ ပရောဖက်ပြုချက်ဆိုင်ရာ သရုပ်ဖော်ချက်တွေက အနာဂတ်အကြောင်း ကြိုပြောထားတဲ့ ဘယ်အရေးပါတဲ့ ဖြစ်ရပ်တွေကို စိတ်ထဲ ပေါ်လာစေသလဲ။
၉ ယေဇကျေလ သရုပ်ဖော်ခဲ့တဲ့ ဖြစ်ရပ်တွေက အနာဂတ်အကြောင်း ကျမ်းစာမှာ ဗျာ. ၁၇:၁၆-၁၈) ဂျေရုဆလင်မြို့ ပျက်စီးခြင်းဟာ “မကြုံဖူးတဲ့ ဘေးဆိုးတစ်ခု” ဖြစ်ခဲ့သလို “ကြီးစွာသောဒုက္ခ” နဲ့ အာမဂေဒုန်စစ်ပွဲဟာလည်း အရင်က “မဖြစ်ဖူးသေးတဲ့” ဖြစ်ရပ် ဖြစ်လာပါလိမ့်မယ်။—ယေဇ. ၅:၉။ ၇:၅။ မ. ၂၄:၂၁။
ကြိုပြောထားတဲ့ အရေးပါတဲ့ ဖြစ်ရပ်တွေကို စိတ်ထဲ ပေါ်လာစေတယ်။ ဘာတွေလဲ။ ရှေးဂျေရုဆလင်မြို့မှာ ဖြစ်ခဲ့သလိုပဲ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းအားလုံးကို တိုက်ခိုက်ဖို့ လောကအင်အားစုတွေကို ယေဟောဝါ အသုံးပြုမယ်။ (၁၀ ဘာသာရေး အဖွဲ့အစည်းတွေကို ဖျက်ဆီးချိန်မှာ မှားယွင်းတဲ့ ဘာသာရေးကို ထောက်ခံသူတွေ အသက်ရှင်လွတ်မြောက်မယ့်အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ အလွှာအသီးသီးက လူတွေဟာ ပုန်းအောင်းဖို့ နေရာရှာနေကြပြီး ကြောက်လန့်နေတဲ့ အသက်ရှင်လွတ်မြောက်လာသူတွေက သူတို့နဲ့ ပူးပေါင်းကြလိမ့်မယ်။ (ဇာ. ၁၃:၄-၆။ ဗျာ. ၆:၁၅-၁၇) သူတို့ရဲ့ အခြေအနေက ရှေးဂျေရုဆလင်မြို့ ဖျက်ဆီးခြင်းဘေးကနေ လွတ်မြောက်ပြီး “လေထဲ” ကွဲလွင့်သွားသူတွေအကြောင်း အမှတ်ရစေတယ်။ စာပိုဒ် ၇ မှာ လေ့လာခဲ့တဲ့အတိုင်း အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ အသက်ချမ်းသာရာရပေမဲ့ ယေဟောဝါက “ဓားကို ဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်း” တယ်။ (ယေဇ. ၅:၂) အလားတူပဲ ဘာသာရေးကို တိုက်ခိုက်တဲ့အခါ လွတ်မြောက်သွားသူတွေ ပုန်းခိုမယ့် ဘယ်နေရာကမှ ယေဟောဝါရဲ့ ဓားတော်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ဟာ ဆိတ်နဲ့တူတဲ့ တခြားသူအားလုံးနဲ့အတူ အာမဂေဒုန်မှာ အသက်ဆုံးရလိမ့်မယ်။—ယေဇ. ၇:၄။ မ. ၂၅:၃၃၊ ၄၁၊ ၄၆။ ဗျာ. ၁၉:၁၅၊ ၁၈။
သတင်းကောင်း ဟောပြောခြင်းမှာ ကျွန်တော်တို့ “ဆွံ့အ” လာမယ်
၁၁၊ ၁၂။ (က) ဂျေရုဆလင်မြို့ ဝိုင်းရံခံရမှုအကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ကို နားလည်ခြင်းက အမှုဆောင်လုပ်ငန်းအပေါ် ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဘယ်လို အကျိုးသက်ရောက်သလဲ၊၊ (ခ) ဟောပြောခြင်းလုပ်ငန်း၊ သတင်းစကားနဲ့ပတ်သက်ပြီး ဘာအပြောင်းအလဲတွေ ရှိမလဲ။
၁၁ ဒီပရောဖက်ပြုချက်ကို နားလည်ခြင်းက အမှုဆောင်လုပ်ငန်း၊ လုပ်ငန်းရဲ့ အရေးကြီးမှုအပေါ် ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဘယ်လို အကျိုးသက်ရောက်သလဲ။ တခြားသူတွေကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ဖြစ်လာအောင် ဒီနေ့အချိန်မှာ အစွမ်းကုန် ကြိုးစားကူညီကြရမယ်။ ဘာကြောင့်လဲ။ “လူမျိုးတကာဆီ သွားပြီး လူတွေကို . . . တပည့် ဖြစ်လာအောင် သွန်သင်ပေး” ရမယ့် အချိန်က အကန့်အသတ် ရှိလို့ပါ။ (မ. ၂၈:၁၉၊ ၂၀။ ယေဇ. ၃၃:၁၄-၁၆) ဘာသာရေးကို “ကြိမ်လုံး” (လောကအင်အားစုတွေ) စတိုက်ခိုက်တဲ့အခါ ကျွန်တော်တို့က ကယ်တင်ခြင်းသတင်း ဟောကြတော့မှာ မဟုတ်ဘူး။ (ယေဇ. ၇:၁၀) သတင်းကောင်း မကြေညာတော့ဘဲ “ဆွံ့အ” သွားကြမယ်။ အမှုဆောင်ချိန်အတွင်း ယေဇကျေလ ဆွံ့အသွားပြီး သတင်းကောင်း ကြေညာတာ ရပ်လိုက်သလိုပေါ့။ (ယေဇ. ၃:၂၆၊ ၂၇။ ၃၃:၂၁၊ ၂၂) မှားယွင်းတဲ့ ဘာသာရေးကို ဖျက်ဆီးပြီးတဲ့နောက် လူတွေက “ပရောဖက်ကို စိတ်အာရုံအကြောင်း မေးမြန်းကြ” ဖို့ အသည်းအသန် ဖြစ်နေကြမယ်။ ဒါပေမဲ့ အသက်ကယ် ညွှန်ကြားချက် တစ်စုံတစ်ရာ ရကြမှာ မဟုတ်ဘူး။ (ယေဇ. ၇:၂၆) ညွှန်ကြားချက် ရှာဖို့၊ ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ အချိန်က လွန်သွားပြီ။
၁၂ ဒါပေမဲ့ ဟောပြောသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန် ရပ်တန့်မသွားပါဘူး။ ဘာကြောင့်လဲ။ ကြီးစွာသောဒုက္ခအတွင်းမှာ မိုးသီးကပ်ဘေးနဲ့တူတဲ့ တရားစီရင်ခြင်းသတင်းကို ကျွန်တော်တို့ ကြေညာကောင်း ကြေညာရနိုင်တယ်။ ဆိုးညစ်တဲ့ လောကရဲ့ အဆုံး ရောက်ပြီဆိုတာ ဒီသတင်းက ဖော်ပြပါလိမ့်မယ်။—ဗျာ. ၁၆:၂၁။
“အဆုံး လာနေပြီ”
၁၃။ ယေဇကျေလကို ဘယ်ဘက်နဲ့ ညာဘက် စောင်းအိပ်ဖို့ ယေဟောဝါ ဘာကြောင့် ညွှန်ကြားခဲ့သလဲ။
၁၃ ယေဇကျေလက ဂျေရုဆလင်မြို့ ဘယ်လို ဖျက်ဆီးခံရမယ့်အကြောင်း ကြိုပြောတဲ့အပြင် ဘယ်အချိန် ဖျက်ဆီးခံရမယ်ဆိုတာကိုပါ သရုပ်ဖော်ခဲ့တယ်။ ရက်ပေါင်း ၃၉၀ ဘယ်ဘက် စောင်းအိပ်ပြီး ရက် ၄၀ ညာဘက် စောင်းအိပ်ဖို့ ယေဇကျေလ ညွှန်ကြားခံရတယ်။ တစ်ရက်စီက တစ်နှစ်ကို ကိုယ်စားပြုတယ်။ (ယေဇကျေလ ၄:၄-၆ ကိုဖတ်ပါ။ တော. ၁၄:၃၄) တစ်ရက်ကို အချိန်အနည်းငယ်ပဲ သရုပ်ဆောင်ရမှာ ဖြစ်တယ်။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရမယ့် နှစ်အတိအကျကို ဒီသရုပ်ဖော်ချက်က ဖော်ပြတယ်။ အစ္စရေးအမျိုးရဲ့ အပြစ်အတွက် နှစ်ပေါင်း ၃၉၀ ဟာ ၁၂ နွယ် နိုင်ငံ နှစ်ပိုင်းကွဲသွားတဲ့ ဘီစီ ၉၉၇ မှာ အစပြုခဲ့တယ်။ (၁ ဘု. ၁၂:၁၂-၂၀) ယုဒအမျိုးရဲ့ အပြစ်အတွက် နှစ်ပေါင်း ၄၀ ဟာ ဘီစီ ၆၄၇ မှာ အစပြုခဲ့ပုံရတယ်။ အဲဒီနှစ်ဟာ ရောက်လာတော့မယ့် ဖျက်ဆီးခြင်းအကြောင်း ယုဒနိုင်ငံကို ပြင်းပြင်းထန်ထန် သတိပေးဖို့ ပရောဖက်ယေရမိ တာဝန်ခန့်အပ်ခံရတဲ့နှစ် ဖြစ်တယ်။ (ယေ. ၁:၁၊ ၂၊ ၁၇-၁၉။ ၁၉:၃၊ ၄) ဒါကြောင့် ယေဟောဝါ ကြိုဖော်ပြတဲ့အတိုင်း အချိန်ကာလ နှစ်ခုလုံးဟာ ဂျေရုဆလင်မြို့ ကျဆုံးပြီး ဖျက်ဆီးခံရတဲ့နှစ် ဘီစီ ၆၀၇ မှာ အဆုံးတိုင်ခဲ့တယ်။ *
၁၄။ (က) ယေဟောဝါ အချိန် အတိအကျ လုပ်ဆောင်မှာကို ယုံကြည်ကြောင်း ယေဇကျေလ ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဘာဖြစ်မလဲ။
၁၄ ရက်ပေါင်း ၃၉၀ နဲ့ ရက်ပေါင်း ၄၀ အကြောင်း ပရောဖက်ပြုချက်ရတဲ့ အချိန်တုန်းက ဂျေရုဆလင်မြို့ ဆုံးခန်းတိုင်မယ့်နှစ် အတိအကျကို ယေဇကျေလ သိခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖျက်ဆီးခြင်းကို ဦးတည်နေတဲ့ နှစ်တွေမှာ ယေဟောဝါရဲ့ တရားစီရင်ခြင်း ရောက်လာတော့မယ့်အကြောင်း ဂျူးတွေကို ယေဇကျေလ ထပ်ခါထပ်ခါ သတိပေးခဲ့တယ်။ “အခု မင်းရဲ့အဆုံး ရောက်လာပြီ” လို့ ကြေညာခဲ့တယ်။ (ယေဇကျေလ ၇:၃၊ ၅-၁၀ ကိုဖတ်ပါ။) ယေဟောဝါ အချိန် အတိအကျ လုပ်ဆောင်မယ်ဆိုတာကို ယေဇကျေလ သံသယမဝင်ခဲ့ဘူး။ (ဟေရှာ. ၄၆:၁၀) ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဖြစ်လာမယ့် ဖြစ်ရပ်တွေအကြောင်း ဒီလိုကြိုပြောခဲ့တယ်– “ဘေးဒုက္ခ တစ်ခုပြီး တစ်ခု ဖြစ်လာမယ်။” အဲဒီဖြစ်ရပ်တွေက လူမှုရေး၊ ဘာသာရေး၊ အစိုးရ အဖွဲ့အစည်းတွေ ဖျက်ဆီးခံရမယ့် အခြေအနေကို ဦးတည်စေမယ်။—ယေဇ. ၇:၁၁-၁၃၊ ၂၅-၂၇။
၁၅။ ဘီစီ ၆၀၉ ကစပြီး ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဘယ်အပိုင်းတွေ စပြည့်စုံလာသလဲ။
၁၅ ဂျေရုဆလင်မြို့ ကျဆုံးခြင်းအကြောင်း ယေဇကျေလ ကြေညာပြီး နှစ်အနည်းငယ်မှာ ပရောဖက်ပြုချက် စပြည့်စုံလာတယ်။ ဘီစီ ၆၀၉ မှာ တိုက်ခိုက်ခြင်း အစပြုလာတာ ယေဇကျေလ သတိပြုမိတယ်။ မြို့ကို ကာကွယ်ဖို့ မြို့သားတွေကို ခရာမှုတ်ပြီး နှိုးဆော်ပေမဲ့ ယေဇကျေလ ကြိုပြောခဲ့တဲ့အတိုင်း “စစ်တိုက်ထွက်သူတစ်ယောက်မှ မရှိဘူး။” (ယေဇ. ၇:၁၄) မြို့ကို ကာကွယ်ဖို့၊ ကျူးကျော်လာသူ ဗာဗုလုန်တွေကို တိုက်ခိုက်ဖို့ ဂျေရုဆလင်မြို့သားတွေ မစည်းလုံးခဲ့ကြဘူး။ ယေဟောဝါ လာကယ်တင်ပေးမယ်လို့ ဂျူးတချို့ ထင်ခဲ့ပုံပဲ။ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ဖို့ အဆီးရီးယားတွေ ခြိမ်းခြောက်တုန်းက ယေဟောဝါ စေလွှတ်လိုက်တဲ့ ကောင်းကင်တမန်တစ်ပါးက စစ်တပ်တွေကို ဖျက်ဆီးခဲ့ဖူးတယ်။ (၂ ဘု. ၁၉:၃၂) ဒီတစ်ကြိမ်တော့ ကောင်းကင်တမန် အကူအညီ ရောက်မလာဘူး။ ဝိုင်းရံခံထားရတဲ့ မြို့တော်ဟာ “မီးဖိုပေါ်” က “ဟင်းအိုး” နဲ့တူပြီး မြို့သားတွေဟာ အိုးထဲက “အသားတုံး” တွေလို အဖမ်းခံရတယ်။ (ယေဇ. ၂၄:၁-၁၀) ၁၈ လ ကြာ ဝိုင်းရံခံရပြီးတဲ့နောက် ဂျေရုဆလင်မြို့ ဖျက်ဆီးခံလိုက်ရတယ်။
“ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ”
၁၆။ အချိန်တိကျတဲ့အရှင် ယေဟောဝါကို ယုံကြည်ကြောင်း ဒီနေ့ ဘယ်လို ပြကြမလဲ။
၁၆ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီအပိုင်းကနေ ဘာသင်ယူနိုင်သလဲ။ အမှုဆောင်လုပ်ငန်းရဲ့ သတင်းတရား၊ လူတွေရဲ့ တုံ့ပြန်ပုံတို့နဲ့ ဆက်စပ်မှု ရှိသလား။ မှားယွင်းတဲ့ ဘာသာရေးကို ဘယ်အချိန် ဖျက်ဆီးမလဲဆိုတာ ယေဟောဝါ ဆုံးဖြတ်ထားပြီးပြီ။ ဒီတစ်ကြိမ်လည်း ယေဟောဝါဟာ အချိန်တိကျတဲ့အရှင် ဖြစ်ကြောင်း သက်သေထူဦးမှာ ဖြစ်တယ်။ (၂ ပေ. ၃:၉၊ ၁၀။ ဗျာ. ၇:၁-၃) အဲဒီနေ့ရက်အတိအကျကို ကျွန်တော်တို့ မသိကြဘူး။ ဒါပေမဲ့ ယေဇကျေလလိုပဲ “အခု မင်းရဲ့ အဆုံး ရောက်လာပြီ” လို့ ကြေညာခြင်းအားဖြင့် လူတွေကို ထပ်ခါထပ်ခါ သတိပေးပါဆိုတဲ့ ယေဟောဝါအမိန့်ကို ကျွန်တော်တို့ ဆက်ထမ်းဆောင်နေကြတယ်။ ဘာကြောင့် ထပ်ခါထပ်ခါ ကြေညာဖို့ လိုအပ်သလဲ။ ယေဇကျေလ ဆက်ကြေညာဖို့ လိုအပ်ရတဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ * ဂျေရုဆလင် ကျဆုံးမယ့်အကြောင်း ဘုရားဆီက ပရောဖက်ပြုချက်ကို လူအများစု မယုံကြည်ခဲ့ကြဘူး။ (ယေဇ. ၁၂:၂၇၊ ၂၈) နောက်ပိုင်းမှာတော့ ပြည်နှင်ခံဂျူးတချို့ သဘောထားမှန် တင်ပြပြီး ဗာဗုလုန်ကနေ နေရင်းပြည်ကို ပြန်လာခဲ့ကြတယ်။ (ဟေရှာ. ၄၉:၈) ဒီနေ့လည်း လူတော်တော်များများက ဒီလောက အဆုံးတိုင်မယ်ဆိုတဲ့ အချက်ကို ဂရုမစိုက်ကြဘူး။ (၂ ပေ. ၃:၃၊ ၄) ဒီလိုဆိုရင်တောင် ဘုရားရဲ့ သတင်းစကားကို လူတွေ လက်ခံဖို့ အချိန်ကျန်နေသေးသရွေ့ စိတ်ရိုးဖြောင့်သူတွေ အသက်လမ်းကို ရှာတွေ့နိုင်အောင် ကျွန်တော်တို့ ကူညီပေးချင်ကြတယ်။—မ. ၇:၁၃၊ ၁၄။ ၂ ကော. ၆:၂။
၁၇။ လာမယ့် ကြီးစွာသောဒုက္ခအတွင်း ဘယ်အခြေအနေ၊ ဖြစ်ရပ်တွေကို ကျွန်တော်တို့ မြင်တွေ့ကြရမလဲ။
၁၇ ဘာသာရေး အဖွဲ့အစည်းတွေ စတိုက်ခိုက်ခံရတဲ့အခါ ဘုရားကျောင်းအသင်းသားတွေက ဘာသာရေးကို ကာကွယ်ဖို့ “စစ်တိုက်ထွက်” ကြမှာ မဟုတ်ကြောင်း ယေဇကျေလ ပရောဖက်ပြုချက်ကနေ သိရတယ်။ “သခင်၊ သခင်” ဆိုပြီး အကူအညီ တောင်းတဲ့အခါ ဖြေကြားမခံရမှန်း သဘောပေါက်ပြီး “သူတို့လက်တွေ ပျော့ခွေသွားလိမ့်မယ်။” သူတို့ “တဆတ်ဆတ် တုန်နေလိမ့်မယ်။” (ယေဇ. ၇:၃၊ ၁၄၊ ၁၇၊ ၁၈။ မ. ၇:၂၁-၂၃။) နောက်ထပ် ဘာတွေ လုပ်ကြဦးမလဲ။ (ယေဇကျေလ ၇:၁၉-၂၁ ကိုဖတ်ပါ။) “သူတို့က ငွေကို လမ်းပေါ် လွှင့်ပစ်လိမ့်မယ်” လို့ ယေဟောဝါ မိန့်ဆိုတယ်။ ရှေးဂျေရုဆလင် မြို့သားတွေနဲ့ပတ်သက်တဲ့ ဒီစကားက ကြီးစွာသောဒုက္ခအတွင်း ဖြစ်ပျက်မယ့်အရာတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြတယ်။ ရောက်လာမယ့် ဘေးဆိုးကြီးကနေ ပိုက်ဆံက ကယ်တင်မပေးနိုင်ကြောင်း အဲဒီအချိန်မှာ လူတွေ သဘောပေါက်လာမယ်။
၁၈။ ဦးစားထားရာတွေ ချမှတ်ခြင်းနဲ့ပတ်သက်ပြီး ယေဇကျေလ ပရောဖက်ပြုချက်ကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။
၁၈ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီအပိုင်းကနေ ရတဲ့ သင်ခန်းစာကို သတိပြုမိပါသလား။ ဦးစားထားရာတွေ မှန်မှန်ကန်ကန် ချမှတ်ရမယ်ဆိုတဲ့အချက်ပါ။ သုံးသပ်ကြည့်ပါ– ဂျေရုဆလင်မြို့သားတွေက မြို့နဲ့ သူတို့ရဲ့ အဆုံးရောက်ပြီ ဖြစ်ကြောင်း၊ ရုပ်ပစ္စည်းတွေက ကယ်တင်မပေးနိုင်ကြောင်း နားလည်ပြီးနောက်မှ ဦးစားထားရာတွေကို စိုးရိမ်တကြီးနဲ့ ပြောင်းလိုက်ကြတယ်။ ပိုင်ဆိုင်ရာတွေကို လွှင့်ပစ်ပြီး “ပရောဖက်ကို စိတ်အာရုံအကြောင်း မေးမြန်းကြ” တယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားပြီ။ (ယေဇ. ၇:၂၆) သူတို့နဲ့မတူဘဲ ကျွန်တော်တို့ကတော့ ဆိုးညစ်တဲ့လောက အဆုံးတိုင်တော့မယ်ဆိုတာ အပြည့်အဝ သတိပြုနေကြတယ်။ ဘုရားကတိတော်တွေကို ယုံကြည်တဲ့အတွက် ဘဝမှာ မှန်ကန်တဲ့ ဦးစားထားရာတွေကို ချမှတ်ခဲ့ကြပြီ။ တည်မြဲတဲ့၊ ဘယ်တော့မှ “လမ်းပေါ်” လွှင့်ပစ်ရမှာ မဟုတ်တဲ့ ဘုရားရေးရာဘဏ္ဍာတွေကို စုဆောင်းနေကြတယ်။—မဿဲ ၆:၁၉-၂၁၊ ၂၄ ကိုဖတ်ပါ။
၁၉။ ယေဇကျေလ ပရောဖက်ပြုချက်တွေက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်နေသလဲ။
၁၉ ဂျေရုဆလင်မြို့ ကျဆုံးခြင်းအကြောင်း ယေဇကျေလရဲ့ ပရောဖက်ပြုချက်တွေက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်နေသလဲ။ တခြားသူတွေကို ဘုရားကျေးကျွန်တွေ ဖြစ်လာအောင် ကူညီပေးဖို့ အချိန်အကန့်အသတ်ပဲ ရှိတယ်ဆိုတာ အမှတ်ရစေတယ်။ ဒါကြောင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အရေးတကြီး လုပ်ဆောင်နေကြတယ်။ အဖယေဟောဝါကို စိတ်ရိုးဖြောင့်သူတွေ ဝတ်ပြုကိုးကွယ်လာတဲ့အခါ ကျွန်တော်တို့ အကြီးအကျယ် ဝမ်းမြောက်ကြတယ်။ ဒါပေမဲ့ “အခု မင်းရဲ့ အဆုံး ရောက်လာပြီ” ဆိုပြီး တစ်ခေတ်တည်းသားတွေကို ယေဇကျေလ သတိပေးခဲ့သလိုပဲ တုံ့ပြန်မှုမရှိသူတွေကို ကျွန်တော်တို့ ဆက်သတိပေးနေကြတယ်။ (ယေဇ. ၃:၁၉၊ ၂၁။ ၇:၃) တစ်ချိန်တည်းမှာ ယေဟောဝါကို ယုံကြည်ကိုးစားနေဖို့၊ အသက်တာမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ပထမနဲ့ အဓိကနေရာမှာ ထားဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။—ဆာ. ၅၂:၇၊ ၈။ ပညာ. ၁၁:၂၈။ မ. ၆:၃၃။
^ အပိုဒ်၊ 3 သရုပ်ဖော်ချက်အားလုံးကို ကြည့်ရှုသူတွေရှေ့ မှာ ယေဇကျေလ လုပ်ဆောင်ခဲ့တယ်လို့ ကောက်ချက်ချတာ သင့်လျော်ပါတယ်။ ဘာကြောင့်လဲ။ မုန့်လုပ်တာ၊ အထုပ်အပိုး သယ်ထုတ်လာတာစတဲ့ သရုပ်ဖော်ချက်တချို့ကို “သူတို့ရှေ့မှာပဲ” လုပ်ဆောင်ရမယ်ဆိုပြီး ယေဇကျေလကို ယေဟောဝါ တိတိကျကျ မိန့်မှာခဲ့လို့ပါပဲ။—ယေဇ. ၄:၁၂။ ၁၂:၇။
^ အပိုဒ်၊ 13 ဂျေရုဆလင်မြို့ ဖျက်ဆီးခံရဖို့ ခွင့်ပြုလိုက်ခြင်းအားဖြင့် ယုဒနှစ်နွယ်နိုင်ငံနဲ့ အစ္စရေးဆယ်နွယ်နိုင်ငံကို ယေဟောဝါ တရားစီရင်ခဲ့တယ်။ (ယေ. ၁၁:၁၇။ ယေဇ. ၉:၉၊ ၁၀) သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် အတွဲ ၁၊ စာ. ၄၆၂၊ “သက္ကရာဇ်စဉ်—ဘီစီ ၉၉၇ မှ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရခြင်းအထိ” ကို ကြည့်ပါ။
^ အပိုဒ်၊ 16 ယေဇကျေလ ၇:၅-၇ မှာ ယေဟောဝါက “လာ၊” “ရောက်လာ” ဆိုတဲ့ စကားလုံးတွေကို ခြောက်ကြိမ် ဖော်ပြခဲ့ကြောင်း သတိပြုပါ။