အခန်း ၁၃
“ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ”
အာရုံစိုက်ရာ။ ခမ်းနားလှတဲ့ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံ အဓိပ္ပာယ်
၁-၃။ (က) ခမ်းနားလှတဲ့ ဗိမာန်တော်အကြောင်း စိတ်အာရုံကနေ ယေဇကျေလ ဘာကြောင့် နှစ်သိမ့်မှု ရခဲ့နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) ဒီအခန်းမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
အသက် ၅၀ အရွယ် ယေဇကျေလကို မြင်ယောင်ကြည့်ပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်လုံး ပြည်နှင်ခံဘဝနဲ့ နေခဲ့ရတယ်။ ဂျေရုဆလင်ဗိမာန်တော်လည်း ပျက်စီးသွားတာ ကြာပြီ။ အဲဒီမှာ ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့ ယေဇကျေလ စိတ်ကူးခဲ့မယ်ဆိုရင် အဲဒီစိတ်ကူးတွေလည်း ပျက်စီးကုန်ပြီ။ ပြည်နှင်ခံဘဝ အဆုံးတိုင်ဖို့ နောက်ထပ် ၅၆ နှစ်လောက် ကျန်သေးတယ်။ ယေဟောဝါရဲ့ လူမျိုး နေရင်းပြည်မှာ ပြန်စုသိမ်းခံရမှာ၊ ဗိမာန်တော် ပြန်တည်ဆောက်မှာကို မြင်တွေ့လောက်တဲ့အထိ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ယေဇကျေလ သိတယ်။ (ယေ. ၂၅:၁၁) အဲဒီအတွေးတွေကြောင့် ယေဇကျေလ ဝမ်းနည်းခဲ့သလား။
၂ ဒီအချိန်ကိုမှ ရွေးပြီး သစ္စာရှိအမျိုးသား ယေဇကျေလကို နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ရှိစေတဲ့ စိတ်အာရုံ ယေဟောဝါ ပေးခဲ့တာ ဘယ်လောက်တောင် မေတ္တာရှိလိုက်သလဲ။ စိတ်အာရုံကတစ်ဆင့် ပရောဖက်ဟာ နေရင်းပြည်ကို ခေါ်ဆောင်သွားခံရပြီး မြင့်မားလှတဲ့ တောင်ပေါ်မှာ ချထားခံရတယ်။ အဲဒီမှာ “ကြေးနီအဆင်းအရောင် ရှိတဲ့ လူတစ်ယောက်” နဲ့ တွေ့တယ်။ ခမ်းနားလှတဲ့ ဗိမာန်တော်အဆောက်အအုံကို ကောင်းကင်တမန် အသေးစိတ် လှည့်လည်ပြသခဲ့တယ်။ (ယေဇကျေလ ၄၀:၁-၄ ကိုဖတ်ပါ။) တကယ့်အစစ်အတိုင်းပဲ။ အဲဒီအတွေ့အကြုံက ယေဇကျေလကို ယုံကြည်ခြင်း ခိုင်ခံ့စေ၊ အံ့အားသင့် စေခဲ့သလို အတော်လေးလည်း ဇဝေဇဝါ ဖြစ်စေခဲ့မှာပဲ။ မြင်နေရတဲ့ ဗိမာန်တော်အသွင်အပြင်တွေကို ရင်းနှီးသလို ရှိပေမဲ့ ဂျေရုဆလင်မြို့က ဗိမာန်တော်နဲ့တော့ တော်တော်ကွာတယ်။
၃ ယေဇကျေလကျမ်း နောက်ဆုံးအခန်းကြီး ကိုးခန်းစလုံးက ဆန်းကြယ်တဲ့ ဒီစိတ်အာရုံအကြောင်းပဲ။ ဒီစိတ်အာရုံကို လေ့လာတဲ့အခါ ရှိသင့်တဲ့ သဘောထားနဲ့ စိတ်အာရုံရဲ့ အဓိပ္ပာယ်အကြောင်း ဆွေးနွေးကြရအောင်။ ယေဇကျေလ မြင်ခဲ့တာဟာ ရာစုနှစ်များစွာ ကုန်လွန်ပြီးတဲ့နောက် တမန်တော်ပေါလု ဆွေးနွေးခဲ့တဲ့ ပုံဆောင်ဗိမာန်တော်ကြီး ဟုတ်မဟုတ် သုံးသပ်ကြမယ်။ ယေဇကျေလနဲ့ ပြည်နှင်ခံတွေအတွက် ဒီစိတ်အာရုံက ဘာအဓိပ္ပာယ် ရှိခဲ့ကြောင်း လေ့လာကြပါမယ်။
နားလည်မှုအသစ် လိုအပ်ရတဲ့အကြောင်း
၄။ ဗိမာန်တော်အကြောင်း စိတ်အာရုံနဲ့ပတ်သက်ပြီး အရင်က ဘယ်လို နားလည်ခဲ့ကြသလဲ။ အခု ဘယ်လို နားလည်ဖို့ လိုအပ်လာသလဲ။
၄ တမန်တော်ပေါလု ရေးတဲ့ ဟီဘရူးကျမ်းစောင်မှာပါတဲ့ ပုံဆောင်ဗိမာန်တော်ကြီးကို ယေဇကျေလ မြင်ခဲ့တာလို့ အရင်က ကျွန်တော်တို့ရဲ့ စာပေတွေမှာ ဖော်ပြခဲ့ဖူးတယ်။ * ဒီလိုကောက်ချက် ချတဲ့အတွက် တဲတော်အကြောင်း ပေါလုရဲ့ ရှင်းပြချက်တွေကို သုံးပြီး ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်အသွင်အပြင် တော်တော်များများကို ပုံဆောင်၊ အနှိုင်းခံတွေအဖြစ် ရှုမြင်ခဲ့ကြတယ်။ ဒါပေမဲ့ ဆုတောင်း၊ ထပ်ဆင့်လေ့လာပြီး တွေးတောဆင်ခြင်တဲ့အခါ ယေဇကျေလစိတ်အာရုံပါ ဗိမာန်တော်အကြောင်း ပိုရိုးရိုးရှင်းရှင်း နားလည်ဖို့ လိုအပ်လာတယ်။
၅၊ ၆။ (က) တဲတော်အကြောင်း ဆွေးနွေးချိန်မှာ တမန်တော်ပေါလု ဘယ်လိုနည်းနဲ့ နှိမ့်ချမှု ပြခဲ့သလဲ။ (ခ) တဲတော်နဲ့ပတ်သက်တဲ့ ဘယ်အသေးစိတ်အချက်တွေ ပေါလု ပြောခဲ့သလဲ။ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံကို နားလည်ဖို့ ပေါလုရဲ့ သဘောထားကို ဘယ်လို တုပနိုင်သလဲ။
၅ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်အသွင်အပြင်တိုင်းကို ပရောဖက်ပြုချက်၊ ပုံဆောင်ချက်အဖြစ် မရှုမြင်တာ ပညာရှိရာရောက်ပါတယ်။ ဘာကြောင့်လဲ။ စိတ်ဝင်စားစရာ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ တဲတော်နဲ့ ပုံဆောင်ဗိမာန်တော်အကြောင်း ပေါလု ဆွေးနွေးချိန်မှာ နံ့သာပေါင်း ရွှေခွက်၊ ပဋိညာဉ်သေတ္တာအဖုံး၊ မန္နမုန့် ထည့်ထားတဲ့ ရွှေအိုး စသဖြင့် တဲတော်အကြောင်း အသေးစိတ် ဖော်ပြခဲ့တယ်။ ဒါတွေဟာ ပရောဖက်ပြုချက်တွေလို့ ပေါလု ပြောခဲ့သလား။ ဒီလိုပြောဖို့ သန့်ရှင်းသောစွမ်းအားတော် မလှုံ့ဆော်ခဲ့ပါဘူး။ “အခုတော့ အဲဒီအကြောင်းတွေကို အသေးစိတ် ပြောရမယ့်အချိန် မဟုတ်ဘူး” လို့ ပေါလု ရေးခဲ့တယ်။ (ဟီ. ၉:၄၊ ၅) ပေါလုဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ညွှန်ကြားမှုကို ခံယူဖို့၊ ယေဟောဝါကို နှိမ့်ချစွာ စောင့်ဆိုင်းဖို့ တလိုတလား ရှိခဲ့တယ်။—ဟီ. ၉:၈။
၆ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံနဲ့ပတ်သက်ပြီးလည်း အခြေခံသဘောတရားက အတူတူပါပဲ။ စိတ်အာရုံမှာ အသေးစိတ်အချက်များစွာ ပါတယ်။ ထပ်ဆင့်ရှင်းပြဖို့ လိုအပ်တယ်ဆိုရင်လည်း ယေဟောဝါ ရှင်းပြမယ့်အချိန်ထိ စောင့်ဆိုင်းတာ အကောင်းဆုံးပါပဲ။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) ဒါဆိုရင် စိတ်အာရုံကို ယေဟောဝါရဲ့ စွမ်းအားတော်က မရှင်းပြပေးတော့ဘူးလို့ ကောက်ချက် ချသင့်သလား။ မချသင့်ပါဘူး။
ပုံဆောင်ဗိမာန်တော်ကြီးကို ယေဇကျေလ တွေ့ခဲ့သလား
၇၊ ၈။ (က) ဘယ်နားလည်မှုကို အခု ပြုပြင်လိုက်ပြီလဲ။ (ခ) စိတ်အာရုံပါ ဗိမာန်တော်ဟာ ပေါလု ဖော်ပြတဲ့ ပုံဆောင်ဗိမာန်တော်နဲ့ ဘယ်လို ကွာခြားသလဲ။
၇ အစောပိုင်းမှာ ဖော်ပြခဲ့သလို ပေါလုရေးတဲ့ ဟီဘရူးကျမ်းစောင်မှာပါတဲ့ ပုံဆောင်ဗိမာန်တော်ကြီးကို ယေဇကျေလ မြင်ခဲ့တာလို့ ကျွန်တော်တို့ရဲ့ စာပေတွေမှာ နှစ်အတော်ကြာ
ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ထပ်ဆင့်လေ့လာတဲ့အခါ ပုံဆောင်ဗိမာန်တော်ကြီးကို ယေဇကျေလ မြင်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ကောက်ချက် ချရတယ်။ ဘာကြောင့်လဲ။၈ ဦးဆုံး၊ ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်ဟာ ပေါလုရဲ့ ရှင်းပြချက်နဲ့ မကိုက်ညီဘူး။ စဉ်းစားကြည့်ပါ– မောရှေခေတ်က တဲတော်ဟာ ပိုကြီးမြတ်တဲ့အရာတစ်ခုရဲ့ အရိပ်၊ နမူနာသာ ဖြစ်ကြောင်း တမန်တော်ပေါလု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ ရှောလမုန်၊ ဇေရုဗဗေလတို့ရဲ့ ဗိမာန်တော်တွေလိုပဲ တဲတော်မှာ “အသန့်ရှင်းဆုံးအခန်း” အပါအဝင် တူညီတဲ့ အခြေခံဖွဲ့စည်းပုံ ရှိတယ်။ အဲဒီအခန်းကို “လူတွေ ဆောက်တဲ့ အသန့်ရှင်းဆုံးအခန်း” လို့ ခေါ်ထားပြီး “စစ်မှန်တဲ့ အသန့်ရှင်းဆုံးအခန်းရဲ့ ပုံတူ” ဖြစ်ကြောင်း၊ ကိုယ်ထည်အစစ်အမှန် မဟုတ်ကြောင်း ပေါလု ရှင်းပြခဲ့တယ်။ ဒါဆိုရင် စစ်မှန်တဲ့အရာက ဘာလဲ။ “ကောင်းကင်” ဖြစ်တယ်လို့ ရှင်းပြထားတယ်။ (ဟီ. ၉:၃၊ ၂၄) ယေဇကျေလ မြင်ခဲ့တာ ကောင်းကင်လား။ မဟုတ်ပါဘူး။ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေ မြင်ခဲ့တဲ့အကြောင်း ယေဇကျေလရဲ့ ဒီစိတ်အာရုံမှာ မဖော်ပြထားဘူး။—ဒံယေလ ၇:၉၊ ၁၀၊ ၁၃၊ ၁၄ နဲ့ နှိုင်းယှဉ်ပါ။
၉၊ ၁၀။ ပူဇော်သက္ကာနဲ့ပတ်သက်ပြီး ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်နဲ့ ပေါလု ဖော်ပြတဲ့ ပုံဆောင်ဗိမာန်တော်ကြီးတို့ ဘယ်လို ကွာခြားသလဲ။
၉ ယေဇကျေလ စိတ်အာရုံနဲ့ ပေါလုရဲ့ ဖော်ပြချက် ကွာခြားကြောင်း ပိုခိုင်လုံတဲ့ အချက်ကတော့ ပူဇော်သက္ကာအကြောင်းပါပဲ။ လူတွေ၊ အကြီးအမှူးတွေ၊ ပုရောဟိတ်တွေကို ပူဇော်သက္ကာ ဆက်သခြင်းနဲ့ပတ်သက်ပြီး ညွှန်ကြားနေတာ ယေဇကျေလ ကြားခဲ့တယ်။ သူတို့က မိမိတို့အပြစ်အတွက် ပူဇော်သက္ကာ ဆက်သကြရတယ်။ မိတ်သဟာယ ပူဇော်သက္ကာတွေလည်း ဆက်သကြရတယ်။ အဲဒီပူဇော်သက္ကာတွေကို ဗိမာန်တော် စားသောက်ခန်းတွေမှာ အတူဝေမျှ စားသောက်နိုင်ကြတယ်။ (ယေဇ. ၄၃:၁၈၊ ၁၉။ ၄၄:၁၁၊ ၁၅၊ ၂၇။ ၄၅:၁၅-၂၀၊ ၂၂-၂၅) ပုံဆောင်ဗိမာန်တော်ကြီးမှာ အဲဒီလိုပူဇော်သက္ကာတွေ အကြိမ်ကြိမ် ဆက်သသလား။
ယေဇကျေလစိတ်အာရုံပါ ဗိမာန်တော်ဟာ ပုံဆောင်ဗိမာန်တော်ကြီး မဟုတ်
၁၀ အဖြေက ရှင်းနေပါတယ်။ ပေါလု ဒီလိုရှင်းပြတယ်– “ခရစ်တော်ဟာ ကျွန်တော်တို့ လက်ရှိ ခံစားနေရတဲ့ ကောင်းမြတ်တဲ့ အရာတွေကို ယူဆောင်လာတဲ့ ပုရောဟိတ်မင်းအဖြစ် ရောက်လာချိန်မှာ ပိုကြီးမြတ်သာလွန်တဲ့ တဲတော်ထဲ ဝင်သွားတယ်။ အဲဒီတဲတော်ဟာ လူတွေ ဆောက်ထားတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ တည်ရှိတာ မဟုတ်ဘူး။ ခရစ်တော်က အသန့်ရှင်းဆုံးအခန်းထဲ ဆိတ်သွေး၊ နွားကလေးသွေးနဲ့ မဟုတ်ဘဲ မိမိရဲ့ သွေးနဲ့ တစ်ကြိမ်တည်းအပြီး ဝင်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့် ရသွားတယ်။” (ဟီ. ၉:၁၁၊ ၁၂) ပုံဆောင်ဗိမာန်တော်ကြီးမှာ ပူဇော်သက္ကာတစ်ခုတည်းကို တစ်ကြိမ်တည်းအပြီး ဆက်သခဲ့တယ်။ အဲဒါကတော့ ပိုကြီးမြတ်တဲ့ ပုရောဟိတ်မင်း ယေရှုခရစ် ဆက်သခဲ့တဲ့ ရွေးဖိုး ပူဇော်သက္ကာပါပဲ။ ဆိတ်၊ နွားစတဲ့ ပူဇော်သက္ကာတွေအကြောင်း ပါတဲ့ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ဟာ ပုံဆောင်ဗိမာန်တော်ကြီး မဟုတ်မှန်း ရှင်းနေပါတယ်။
၁၁။ ပုံဆောင်ဗိမာန်တော်ကြီးအကြောင်း အမှန်တရားတွေကို ယေဇကျေလခေတ်တုန်းက ဘုရား ဘာကြောင့် မဖွင့်ပြခဲ့သလဲ။
၁၁ ပုံဆောင်ဗိမာန်တော်ကြီးကို ယေဇကျေလ မြင်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ကောက်ချက် ချရတဲ့ ဒုတိယအချက်ကတော့ အဲဒီအမှန်တရားတွေကို ဘုရား ဖွင့်ပြမယ့်အချိန် မရောက်သေးတာပဲ။ ယေဇကျေလ စိတ်အာရုံဟာ ဗာဗုလုန်မှာရှိတဲ့ ပြည်နှင်ခံဂျူးတွေအတွက် ဦးဆုံး ရည်ရွယ်ခဲ့ကြောင်း အမှတ်ရပါ။ သူတို့က မောရှေပညတ်အောက်မှာ
ရှိကြတယ်။ ပြည်နှင်ခံဘဝ အဆုံးတိုင်တဲ့အခါ ဂျေရုဆလင်မြို့ကို ပြန်လာကြမယ်။ ဗိမာန်တော်နဲ့ ပူဇော်ရာပလ္လင် ပြန်တည်ဆောက်ပြီး စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်တဲ့ ပညတ်တရားကို လိုက်နာကြမယ်။ အဲဒီမှာ ပူဇော်သက္ကာတွေ ဆက်သကြမယ်။ တကယ်လည်း နောက်ထပ်ခြောက်ရာစုနီးပါး အဲဒီလို ဆက်သခဲ့ကြတယ်။ ယေဇကျေလ စိတ်အာရုံမှာ မြင်ခဲ့တာဟာ ပုံဆောင်ဗိမာန်တော် ဖြစ်တယ်ဆိုရင် ဂျူးတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ပုရောဟိတ်မင်းက ပုံဆောင်ဗိမာန်တော်မှာ တခြားပူဇော်သက္ကာတွေကို ဖျက်သိမ်းပြီး မိမိအသက်ကို ပူဇော်သက္ကာအဖြစ် ဆက်သတယ်ဆိုတဲ့ စိတ်အာရုံမျိုးကို သူတို့ ဘယ်နားလည်ပါ့မလဲ။ မောရှေပညတ်ကို လိုက်နာပါ့မယ်ဆိုတဲ့ သူတို့ဆုံးဖြတ်ချက် အားပျော့သွားနိုင်တယ် မဟုတ်လား။ ယေဟောဝါက အချိန်တန်မှ၊ မိမိလူမျိုး အဆင်သင့်ဖြစ်တဲ့အချိန်ရောက်မှ အမှန်တရားတွေ ဖွင့်ပြပေးတယ်။၁၂-၁၄။ ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်နဲ့ ပုံဆောင်ဗိမာန်တော်အကြောင်း ပေါလုရဲ့ ရှင်းပြချက်တို့မှာ ဘာဆက်နွှယ်မှု ရှိသလဲ။ (“မတူညီတဲ့ ဗိမာန်တော်များ၊ မတူညီတဲ့ သင်ခန်းစာများ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၂ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံနဲ့ ပုံဆောင်ဗိမာန်တော်အကြောင်း ပေါလုရဲ့ ရှင်းပြချက်တို့မှာ ဘာဆက်နွှယ်မှု ရှိသလဲ။ ယေဇကျေလ စိတ်အာရုံကို မဟုတ်ဘဲ မောရှေခေတ် တဲတော်ကို အခြေခံပြီး ပေါလု ဆွေးနွေးခဲ့ကြောင်း အမှတ်ရပါ။ ရှောလမုန်၊ ဇေရုဗဗေလတို့ရဲ့ ဗိမာန်တော်၊ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ အသွင်အပြင်အတော်များများကို ပေါလု ဖော်ပြခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ယေဇကျေလ * တစ်ယောက် ဖော်ပြပြီးတာကို တစ်ယောက်က ပြန်ဖော်ပြတာမျိုး မဟုတ်ဘဲ ဖြည့်စွက်ပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။
နဲ့ ပေါလုတို့ရဲ့ အလေးပေး ဖော်ပြချက်တွေ မတူဘူး။၁၃ ကျမ်းပိုဒ်နှစ်ခုကြား ဆက်နွှယ်မှုကို ဒီလိုနားလည်နိုင်တယ်– ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အစီအစဉ်ကို ပေါလုဆီက သိရတယ်။ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကိုတော့ ယေဇကျေလဆီက သိရတယ်။ ပုရောဟိတ်မင်း၊ ပူဇော်သက္ကာ၊ ပူဇော်ရာပလ္လင်၊ အသန့်ရှင်းဆုံးအခန်းစတဲ့ ပုံဆောင်ဗိမာန်တော်ရှိ အသွင်အပြင်တွေရဲ့ အဓိပ္ပာယ်ကို ပေါလု ဖော်ပြခဲ့တယ်။ ဒါက စင်ကြယ်တဲ့ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အစီအစဉ်အကြောင်း သင်ပေးတယ်။ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံမှာတော့ ကျွန်တော်တို့ကို စိတ်ထိမိစေတဲ့ သင်ခန်းစာများစွာပါတဲ့ အနုစိတ် ရုပ်ပုံတစ်ခု ပါတယ်။ ဒါက စင်ကြယ်တဲ့ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေအကြောင်း အလေးပေးတယ်။
၁၄ ပြုပြင်ထားတဲ့ နားလည်မှုအသစ်က ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ ယေဇကျေလ စိတ်အာရုံက ကျွန်တော်တို့အချိန်မှာ အဓိပ္ပာယ် သိပ်မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်တို့အပေါ် စိတ်အာရုံ အကျိုးသက်ရောက်ပုံကို သိမြင်ဖို့ ယေဇကျေလခေတ်နဲ့ နောက်ပိုင်း သစ္စာရှိဂျူးတွေအပေါ် အကျိုးသက်ရောက်ခဲ့ပုံအကြောင်း အနီးကပ် သုံးသပ်ကြည့်ကြစို့။
ပြည်နှင်ခံဂျူးတွေအတွက် စိတ်အာရုံက ဘာအဓိပ္ပာယ် ရှိခဲ့သလဲ
၁၅။ (က) ယေဇကျေလ စိတ်အာရုံရဲ့ အဓိကသတင်းစကားက ဘာလဲ။ (ခ) ယေဇကျေလ အခန်းကြီး ၈ နဲ့ အခန်းကြီး ၄၀ ကနေ ၄၈ မှာ ဘာကွာခြားချက် တွေ့ရသလဲ။
၁၅ ဒီမေးခွန်းရဲ့ ကျမ်းစာအဖြေကို ရဖို့ မေးခွန်းတချို့ကို သုံးသပ်ကြည့်ရအောင်။ ဒါက ရှင်းလင်းပြည့်စုံတဲ့ရုပ်လုံး ပေါ်လာစေပါလိမ့်မယ်။ ပထမ၊ စိတ်အာရုံရဲ့ အဓိကသတင်းစကားက ဘာလဲ။ ရိုးရိုးလေးပြောရရင် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်မယ့်အကြောင်းပါ။ ဒါက ယေဇကျေလအတွက် ရှင်းပါတယ်။ ဂျေရုဆလင်ဗိမာန်တော်ရဲ့ မနှစ်မြို့ဖွယ် အခြေအနေကို ယေဟောဝါ ပြခဲ့တဲ့အကြောင်း ယေဇကျေလကျမ်း အခန်းကြီး ၈ မှာ ရေးခဲ့တယ်။ အခန်းကြီး ၄၀ ကနေ ၄၈ မှာတော့ လုံးဝ ကွဲပြားတဲ့၊ နှစ်သက်ဖွယ် အကြောင်းအရာကို အသေးစိတ် ရေးရမှာမို့ ယေဇကျေလ ပျော်ရွှင်ခဲ့မှာပဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ရှုတ်ချမခံရဘဲ မောရှေပညတ်မှာ ဖော်ပြထားတဲ့ စံနှုန်းအတိုင်း ရှိနေတာကို စိတ်အာရုံမှာ တွေ့ရတယ်။
၁၆။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ဟေရှာယ ကြိုဟောခဲ့တာကို ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံက ဘယ်လို အတည်ပြုသလဲ။
၁၆ ယေဟောဝါရဲ့ ဝတ်ပြုရေး နဂိုအခြေအနေအတိုင်း ပြန်ဖြစ်ဖို့ဆိုရင် အရင်ဆုံး ချီးမြှောက်ခံရဖို့ လိုတယ်။ လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်တုန်းက ပရောဖက်ဟေရှာယ ဒီလိုရေးခဲ့တယ်– “အဆုံးပိုင်းကာလမှာ ယေဟောဝါရဲ့ အိမ်တော် တည်တဲ့ တောင်ဟာ တောင်တန်းတကာရဲ့ ထိပ်မှာ အခိုင်အမာ တည်နေမယ်။ တောင်ကုန်းတွေရဲ့ အထက်မှာ ချီးမြှောက်ခံရမယ်။” (ဟေရှာ. ၂:၂) ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဟာ တောင်တန်းတကာရဲ့ ထိပ်မှာ တည်ထားသလို ပြန်လည်တည်ထောင်ခံရမယ်၊ ချီးမြှောက်ခံရမယ်လို့ ဟေရှာယ ကြိုသိမြင်ခဲ့တယ်။ အခု စိတ်အာရုံထဲမှာ ယေဇကျေလ ဘယ်ရောက်နေသလဲ။ “မြင့်မားလှတဲ့ တောင်ပေါ်မှာ” ရှိနေပြီး ယေဟောဝါရဲ့ အိမ်တော်ကို ကြည့်နေတယ်။ (ယေဇ. ၄၀:၂) ဒါကြောင့် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်မှာ ဖြစ်ကြောင်း ယေဇကျေလ စိတ်အာရုံက အတည်ပြုတယ်။
၁၇။ ယေဇကျေလ အခန်းကြီး ၄၀ ကနေ ၄၈ ကို အကျဉ်းချုပ် ရှင်းပြပါ။
၁၇ ယေဇကျေလ အခန်းကြီး ၄၀ ကနေ ၄၈ မှာ မှတ်တမ်းတင်ထားတဲ့ ယေဇကျေလ မြင်ခဲ့၊ ကြားခဲ့ရတာတွေကို အကျဉ်းချုပ် သုံးသပ်ကြည့်ပါ။ တံခါးတွေ၊ တံတိုင်း၊ ရင်ပြင်တွေနဲ့ ဗိမာန်တော်သန့်ရှင်းရာဌာနကို ကောင်းကင်တမန် လိုက်တိုင်းနေတာ ယေဇကျေလ ကြည့်နေခဲ့တယ်။ (ယေဇ. ၄၀-၄၂) အဲဒီနောက် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ ဗိမာန်တော်မှာ ယေဟောဝါရဲ့ ဘုန်းတော် သက်ရောက်လာတာပဲ။ ထင်ရာစိုင်းတဲ့ လူမျိုး၊ ပုရောဟိတ်တွေ၊ အကြီးအမှူးတွေကို ယေဟောဝါ ဆုံးမတယ်။ (ယေဇ. ၄၃:၁-၁၂။ ၄၄:၁၀-၃၁။ ၄၅:၉-၁၂) အသက်နဲ့ ကောင်းချီးတွေ ဆောင်ကြဉ်းပေးတဲ့ မြစ်တစ်စင်း သန့်ရှင်းရာဌာနတော်ထဲကနေ ပင်လယ်သေထဲ စီးဝင်သွားတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၄၇:၁-၁၂) အဲဒီနောက် တိုင်းပြည်ဟာ တိကျတဲ့ မြေကွက်တွေအဖြစ် ကွဲသွားပြီး စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုက အလယ်ဗဟိုမှာ နေရာယူထားတယ်။ (ယေဇ. ၄၅:၁-၈။ ၄၇:၁၃–၄၈:၃၅) ဘာအဓိပ္ပာယ်လဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခံရမယ်၊ ချီးမြှောက်ခံရမယ်ဆိုတဲ့အကြောင်း မိမိလူမျိုးကို ယေဟောဝါ အာမခံနေတာဖြစ်မှန်း ရှင်းပါတယ်။ ဘုရားက ဝတ်ပြုရာအိမ်တော်မှာ စံမြန်းခြင်းအားဖြင့် ကောင်းချီးပေးမယ်။ ဗိမာန်တော်ကတစ်ဆင့် ပြန်လည်တည်ထောင်ထားတဲ့ ပြည်ထဲ ကောင်းချီးတွေ စီးဆင်းစေမယ်။ အနာရောဂါ ပျောက်ကင်းနိုင်တဲ့ အစွမ်း၊ အသက်နဲ့ အစီအစဉ်တွေကို ဆောင်ကြဉ်းပေးမယ်။
၁၈။ ဗိမာန်တော်အကြောင်း စိတ်အာရုံကို ပကတိအတိုင်း နားလည်ရမလား။ ရှင်းပြပါ။
၁၈ ဒုတိယ၊ စိတ်အာရုံကို ပကတိအတိုင်း နားလည်ရမလား။ မဟုတ်ပါဘူး။ ယေဇကျေလနဲ့ ပြည်နှင်ခံတွေက စိတ်အာရုံကို ပကတိအတိုင်း နားလည်လို့ မရမှန်း ချက်ချင်း သိခဲ့ကြပုံရတယ်။ ဘာကြောင့်လဲ။ ဗိမာန်တော်ကို “မြင့်မားလှတဲ့ တောင်ပေါ်” မှာ ယေဇကျေလ မြင်ခဲ့ကြောင်း အမှတ်ရပါ။ ဟေရှာယ ပရောဖက်ပြုချက်နဲ့ ကိုက်ညီပေမဲ့ ဗိမာန်တော်ရဲ့ ပကတိတည်နေရာနဲ့တော့ မကိုက်ညီဘူး။ ရှောလမုန်ဗိမာန်တော်ကို ဂျေရုဆလင်မြို့ မောရိတောင်ပေါ်မှာ တည်ဆောက်ခဲ့တယ်။ တစ်နေ့ အဲဒီနေရာမှာပဲ ဗိမာန်တော်ကို ပြန်တည်ဆောက်မှာ။ ဒါပေမဲ့ မောရိတောင်ဟာ “မြင့်မားလှတဲ့တောင်” လား။ မဟုတ်ပါဘူး။ တကယ်တော့ မောရိတောင်ကို အမြင့်ချင်းတူတဲ့ ဒါမှမဟုတ် ပိုမြင့်တဲ့ တောင်တွေနဲ့ ဝန်းရံထားတယ်။ ဒါ့အပြင် ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်အဆောက်အအုံဟာ သိပ်ကြီးတယ်။ တံတိုင်းခတ်ထားပြီး ကြီးမားကျယ်ဝန်းလှတဲ့ ဒီလိုဗိမာန်တော်မျိုးကို မောရိတောင်ထိပ်မှာ တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ရှောလမုန်ခေတ် ဂျေရုဆလင်မြို့မှာတောင် တည်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ပကတိမြစ်တစ်စင်း ဗိမာန်တော်သန့်ရှင်းရာဌာနကနေ ပင်လယ်သေထဲ စီးဝင်သွားပြီး သက်မဲ့တွေကို ပြန်ရှင်သန်လာစေဖို့ ပြည်နှင်ခံတွေ မမျှော်လင့်ကြပါဘူး။ တောင်ကုန်းတောင်တန်း ပေါများတဲ့ ကတိထားရာပြည်မှာ စိတ်အာရုံမှာပါတဲ့အတိုင်း အစ္စရေးမျိုးနွယ်တွေအတွက် ဖြောင့်တန်းတဲ့ နယ်နိမိတ်တွေ ခွဲဝေပေးဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် စိတ်အာရုံကို ပကတိအတိုင်း နားလည်လို့ မရပါဘူး။
၁၉-၂၁။ ယေဟောဝါက မိမိလူမျိုးအပေါ် ဘာအကျိုးသက်ရောက်စေဖို့ ယေဇကျေလ စိတ်အာရုံကို ပေးခဲ့သလဲ။ ဘာကြောင့် အဲဒီလို ခံစားစေရသလဲ။
၁၉ တတိယ၊ ယေဇကျေလခေတ်က လူတွေအပေါ် စိတ်အာရုံက ဘာအကျိုးသက်ရောက်ခဲ့သလဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မြင့်မားတဲ့ ယေဇကျေလ ၄၃:၁၀-၁၂ ကိုဖတ်ပါ။
စံနှုန်းတွေကို စဉ်းစားတဲ့အခါ အစ္စရေးတွေ ရှက်ကြောက်သင့်တယ်။ “အစ္စရေးအမျိုးကို ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ” လို့ ယေဇကျေလကို ယေဟောဝါ မိန့်ဆိုခဲ့တယ်။ ဗိမာန်တော်အကြောင်း ယေဇကျေလ ဖော်ပြချက်တွေဟာ အသေးစိတ်ကျလွန်းလို့ အစ္စရေးတွေ “ဗိမာန်တော်ရဲ့ အတိုင်းအထွာပုံစံကို . . . လေ့လာ” နိုင်ခဲ့ကြတယ်။ ဗိမာန်တော်အကြောင်း အစ္စရေးတွေ ဘာကြောင့် ဆင်ခြင်ကြရမလဲ။ ကျွန်တော်တို့ လေ့လာခဲ့တဲ့အတိုင်း ဗိမာန်တော်ကို တကယ်တည်ဆောက်ဖို့ မရည်ရွယ်ဘူး။ အဲဒီအစား “လုပ်ခဲ့တဲ့ အမှားတွေကြောင့် သူတို့ အရှက်ရ” စေဖို့ဆိုပြီး ယေဟောဝါ မိန့်ဆိုထားတယ်။—၂၀ ဒီစိတ်အာရုံက စိတ်ရိုးဖြောင့်သူတွေရဲ့ သိစိတ်ကို ဘာကြောင့် ထိမိစေ၊ အရှက်ရစေနိုင်သလဲ။ “လူသား၊ အာရုံစိုက်ပါ။ အသေအချာ ကြည့်ပါ။ ယေဟောဝါရဲ့ ဗိမာန်တော်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ ပညတ်တွေအကြောင်း ငါပြောသမျှကို ဂရုတစိုက် နားထောင်ပါ” ဆိုပြီး ယေဇကျေလကို ပြောခဲ့တာ သတိပြုပါ။ (ယေဇ. ၄၄:၅) စည်းမျဉ်းတွေ၊ ပညတ်တွေအကြောင်း ယေဇကျေလ ထပ်ခါထပ်ခါ ကြားခဲ့ရတယ်။ (ယေဇ. ၄၃:၁၁၊ ၁၂။ ၄၄:၂၄။ ၄၆:၁၄) ယေဟောဝါရဲ့ စံနှုန်းတွေအကြောင်းလည်း ခဏခဏ သတိပေးခံခဲ့ရတယ်။ တိကျတဲ့ အတိုင်းအထွာနဲ့ အခြင်အတွယ်တွေအကြောင်းတောင် ပါတယ်။ (ယေဇ. ၄၀:၅။ ၄၅:၁၀-၁၂။ ပညာအလိမ္မာ ၁၆:၁၁ နဲ့ နှိုင်းယှဉ်ပါ။) ဒီစိတ်အာရုံတစ်ခုတည်းမှာတင် “တိုင်း၊” “အတိုင်းအတာ” ဆိုတဲ့ မူရင်းစကားလုံးတွေကို အကြိမ် ၅၀ ကျော် ယေဇကျေလ မှတ်တမ်းတင်ထားတယ်။
၂၁ အတိုင်းအတာ၊ အခြင်အတွယ်၊ ပညတ်တွေ၊ စည်းမျဉ်းတွေ။ ယေဟောဝါက မိမိလူမျိုးကို ဘာသင်ပေးချင်သလဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် စံနှုန်းတွေကို ချမှတ်သူဟာ ယေဟောဝါတစ်ပါးတည်းသာ ဖြစ်ကြောင်း အရေးကြီးအမှန်တရားကို သတိပေးနေပုံပါပဲ။ ဒီစံနှုန်းတွေကနေ သွေဖည်သွားသူတွေဟာ အရှက်ရသင့်ပါတယ်။ စိတ်အာရုံက ဂျူးတွေကို ဘယ်လိုနည်းနဲ့ ဒီသင်ခန်းစာတွေ ပေးခဲ့သလဲ။ နောက်အခန်းမှာ ဥပမာတချို့ လေ့လာကြပါမယ်။ ထူးခြားတဲ့ ဒီစိတ်အာရုံဟာ ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာဖို့ အဲဒီဥပမာတွေက ကူညီပေးပါလိမ့်မယ်။
^ အပိုဒ်၊ 4 ပုံဆောင်ဗိမာန်တော်ဆိုတာ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာပေါ် အခြေခံတဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ယေဟောဝါရဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်က အေဒီ ၂၉ မှာ စတင်ခဲ့ကြောင်း ကျွန်တော်တို့ နားလည်ကြတယ်။
^ အပိုဒ်၊ 12 ဥပမာ၊ ပုရောဟိတ်မင်းအကြောင်း၊ နှစ်စဉ် အပြစ်ဖြေရာနေ့မှာ လုပ်ဆောင်ရမယ့် ပုရောဟိတ်မင်းရဲ့ အခန်းကဏ္ဍအကြောင်း ပေါလု အလေးပေးခဲ့တယ်။ (ဟီ. ၂:၁၇။ ၃:၁။ ၄:၁၄-၁၆။ ၅:၁-၁၀။ ၇:၁-၁၇၊ ၂၆-၂၈။ ၈:၁-၆။ ၉:၆-၂၈) ယေဇကျေလ စိတ်အာရုံမှာတော့ ပုရောဟိတ်မင်းအကြောင်းကိုရော အပြစ်ဖြေရာနေ့အကြောင်းကိုပါ ဖော်ပြမထားဘူး။