အခန်း ၁
“ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်”
အာရုံစိုက်ရာ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ဖို့ လိုအပ်ရတဲ့ အကြောင်းရင်း
၁၊ ၂။ အေဒီ ၂၉၊ ဆောင်းဦးမှာ ယုဒတောထဲ ယေရှု ဘယ်လို ရောက်လာသလဲ။ ဘာဖြစ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)
အေဒီ ၂၉၊ ဆောင်းဦးမှာပေါ့။ ပင်လယ်သေမြောက်ဘက် ယုဒတောမှာ ယေရှု ရှိနေတယ်။ နှစ်ခြင်းခံ၊ ဘိသိက်ပေးခံရပြီးတဲ့နောက် သန့်ရှင်းသော စွမ်းအားတော်က ယေရှုကို တောထဲ သွားဖို့ ညွှန်ကြားတယ်။ ကျောက်ဆောင်တွေ၊ လျှိုမြောင်တွေကြား ဆိတ်ငြိမ်တဲ့နေရာမှာ ရက် ၄၀ အစာရှောင်၊ ဆုတောင်း၊ တွေးတောဆင်ခြင်ခဲ့တယ်။ ဒီအတောအတွင်း ယေဟောဝါက သားတော်ယေရှု ရှေ့မှာ ကြုံရမယ့်အရာတွေအတွက် ပြင်ဆင်ပေးဖို့ ဆက်သွယ်ခဲ့ပုံရတယ်။
၂ ဆာလောင်မှုကြောင့် ယေရှု အားနည်းနေချိန်မှာ စာတန် ချဉ်းကပ်လာတယ်။ သင်အပါအဝင် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို မြတ်နိုးသူတိုင်း ပါဝင်ပတ်သက်နေတဲ့ အရေးကြီးကိစ္စကို နောက်ထပ်ဖြစ်ရပ်တွေက ဖော်ပြတယ်။
“မင်း ဘုရားသခင်ရဲ့သား မှန်ရင် . . . ”
၃၊ ၄။ (က) ဘယ်စကားတွေနဲ့ ပထမ သွေးဆောင်မှုနှစ်ခုကို စာတန် အစပြုခဲ့သလဲ။ ယေရှုကို ဘာနဲ့ပတ်သက်ပြီး သံသယဝင်စေချင်တာ ဖြစ်မလဲ။ (ခ) ဒီနေ့ တူညီတဲ့ နည်းပရိယာယ်တွေကို စာတန် ဘယ်လို သုံးနေသလဲ။
၃ မဿဲ ၄:၁-၇ ကိုဖတ်ပါ။ “မင်း ဘုရားသခင်ရဲ့သား မှန်ရင်” ဆိုတဲ့ ပါးနပ်တဲ့ စကားတွေနဲ့ ပထမသွေးဆောင်မှုနှစ်ခုကို စာတန် အစပြုခဲ့တယ်။ ယေရှုဟာ ဘုရားရဲ့ သား ဟုတ်,မဟုတ် စာတန် သံသယဝင်နေတာလား။ မဟုတ်ဘူး။ ယေရှုဟာ ဘုရားရဲ့ သားဦး ဖြစ်မှန်း ဘုရားရဲ့ သား ဖြစ်ခဲ့ဖူးတဲ့ အပြစ်ကျူးလွန်သူ ကောင်းကင်တမန်ဆိုး ကောင်းကောင်း သိတယ်။ (ကော. ၁:၁၅) ယေရှု နှစ်ခြင်းခံချိန်မှာ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ” ဆိုပြီး ကောင်းကင်ကနေ ယေဟောဝါ မိန့်ဆိုတာကိုလည်း စာတန် သိမှာ သေချာတယ်။ (မ. ၃:၁၇) အဖဘုရားဟာ ယုံကြည်စိတ်ချထိုက်,မထိုက်၊ ယေရှုကို တကယ် ဂရုစိုက်,မစိုက် စာတန် သံသယဝင်စေချင်ပုံရတယ်။ ကျောက်ခဲတွေကို မုန့်ဖြစ်စေပါဆိုတဲ့ ပထမသွေးဆောင်မှုမှာ တကယ်တော့ ‘မင်းက ဘုရားသားပဲ။ ဒီတောထဲမှာ မင်းကို မင်းအဖေ ဘာကြောင့် ဘာမှ မကျွေးသလဲ’ လို့ စာတန် မေးခွန်းထုတ်နေတာ။ ဗိမာန်တော်အမိုးပေါ်ကနေ ခုန်ချပါဆိုတဲ့ ဒုတိယသွေးဆောင်မှုမှာလည်း စာတန်က ‘မင်းက ဘုရားသားဆိုတော့ မင်းအဖေ ကာကွယ်ပေးမယ်လို့ တကယ်ယုံသလား’ ဆိုပြီး မေးချင်ပုံရတယ်။
၄ ဒီနေ့လည်း အလားတူ နည်းပရိယာယ်တွေ စာတန် သုံးနေတယ်။ (၂ ကော. ၂:၁၁) ဖြားယောင်းသွေးဆောင်သူက စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်သူတွေ အားနည်းသွားချိန်၊ စိတ်ဓာတ်ကျချိန်အထိ စောင့်ပြီး ပါးနပ်တဲ့နည်းတွေနဲ့ မကြာခဏ တိုက်ခိုက်တယ်။ (၂ ကော. ၁၁:၁၄) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး၊ နှစ်သက်လက်ခံမှာ မဟုတ်ဘူးလို့ စာတန် အယုံသွင်းချင်တယ်။ ယေဟောဝါဟာ ယုံကြည်စိတ်ချထိုက်သူ မဟုတ်ဘူး၊ ကျမ်းစာမှာ ကတိပေးထားတဲ့အတိုင်း လုပ်ပေးမှာ မဟုတ်ဘူးလို့ ယုံသွားအောင်လည်း စာတန် ကြိုးစားတယ်။ တကယ့်ယုတ်ညံ့တဲ့ လိမ်ညာမှုတွေပါပဲ။ (ယော. ၈:၄၄) ဒါတွေကို ဘယ်လို ငြင်းပယ်နိုင်သလဲ။
၅။ ပထမသွေးဆောင်မှုနှစ်ခုကို ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၅ ပထမသွေးဆောင်မှုနှစ်ခုကို ယေရှု တုံ့ပြန်ခဲ့ပုံအကြောင်း သုံးသပ်ကြည့်ပါ။ အဖဘုရားရဲ့ မေတ္တာကို သံသယ မဝင်ခဲ့ဘူး။ အကြွင်းမဲ့ ယုံကြည်စိတ်ချခဲ့တယ်။ ကျမ်းစာ ကိုးကားပြီး စာတန်ကို မဆိုင်းမတွ ငြင်းပယ်ခဲ့တယ်။ ဘုရားနာမတော် ယေဟောဝါ ပါတဲ့ ကျမ်းစကားကို ဆီလျော်စွာ ကိုးကားခဲ့တယ်။ (တရား. ၆:၁၆။ ၈:၃) ကတိတော်မှန်သမျှ ပြည့်စုံစေမယ်လို့ အာမခံထားတဲ့ ဘုရားနာမတော်ကို သုံးတာထက် အဖဘုရားကို ယုံကြည်စိတ်ချကြောင်း ဖော်ပြဖို့ ပိုကောင်းတဲ့နည်း ဘာရှိဦးမှာလဲ။ *
၆၊ ၇။ စာတန်ရဲ့ ပါးနပ်တဲ့ တိုက်ခိုက်မှုတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ။
၆ ယေဟောဝါရဲ့ စကားတော် သမ္မာကျမ်းစာကို ယုံကြည်အားထားခြင်း၊ ဘုရားနာမတော် အဓိပ္ပာယ်ကို တွေးတောခြင်းအားဖြင့် စာတန်ရဲ့ ပါးနပ်တဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်ကြပါတယ်။ စိတ်ဓာတ်ကျနေသူတွေ အပါအဝင် ဝတ်ပြုကိုးကွယ်သူတွေအပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာတော်နဲ့ ဂရုစိုက်မှုအကြောင်း ကျမ်းစာအဆိုကို အာရုံစိုက်မယ်ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး၊ နှစ်သက်လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ စာတန်ရဲ့ မုသာစကားတွေကို ငြင်းပယ်နိုင်မယ်။ (ဆာ. ၃၄:၁၈။ ၁ ပေ. ၅:၈) ယေဟောဝါဟာ နာမတော်နဲ့အညီ လုပ်ဆောင်တတ်ကြောင်း သတိရပါ။ ဒါဆိုရင် ကတိတော်တွေ ပြည့်စုံစေတဲ့အရှင်ဟာ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ယုံကြည်စိတ်ချမှုကို ရထိုက်ကြောင်း သံသယဝင်မှာ မဟုတ်တော့ဘူး။—ပညာ. ၃:၅၊ ၆။
၇ စာတန်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ ကျွန်တော်တို့ဆီကနေ တကယ်လိုချင်တာ ဘာလဲ။ ယေရှုကို စာတန် တတိယအကြိမ် သွေးဆောင်ချိန်မှာ အဖြေ ရှင်းလာတယ်။
‘ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချပါ’
၈။ စာတန်က တတိယသွေးဆောင်မှုမှာ ရည်ရွယ်ချက်အမှန်ကို ဘယ်လို ဖော်ပြခဲ့သလဲ။
၈ မဿဲ ၄:၈-၁၁ ကိုဖတ်ပါ။ တတိယသွေးဆောင်မှုမှာတော့ စာတန်က ပါးနပ်တဲ့ နည်း မသုံးတော့ဘဲ ရည်ရွယ်ချက်အမှန်ကို ထုတ်ပြပါတော့တယ်။ ယေရှုကို လောကရဲ့ ပျက်စီးယိုယွင်းနေတဲ့အရာတွေ မပြဘဲ “တိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ်အားလုံးကို” ပြခဲ့တယ်။ (စိတ်အာရုံထဲမှာ ဖြစ်နိုင်တယ်။) နောက်တော့ “ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး မင်းကို ပေးမယ်” လို့ ပြောခဲ့တယ်။ * စာတန် လိုချင်တာ ကိုးကွယ်မှု ဖြစ်နေတာကိုး။ အဖဘုရားကို ယေရှု စွန့်ပြီး ဖြားယောင်းသွေးဆောင်သူကိုမှ ဘုရားအဖြစ် အသိအမှတ်ပြုတာမျိုး စာတန် လိုချင်နေတာ။ ယေရှုအတွက် လွတ်လမ်းလို့ ထင်ရတဲ့အရာကို စာတန် ကမ်းလှမ်းနေတာ။ တိုင်းနိုင်ငံတွေရဲ့ ဘုန်းစည်းစိမ်တွေ ရမယ်၊ ဆူးခက်သရဖူ၊ ကျာပွတ်နဲ့ အရိုက်ခံရခြင်း၊ သစ်တိုင်မှာ အသတ်ခံရခြင်း စတာတွေလည်း ခံစရာ မလိုဘူးလို့ ပြောနေတာ။ တကယ့်သွေးဆောင်မှုပါပဲ။ လောကတိုင်းနိုင်ငံတွေကို စာတန် မပိုင်ဘူးလို့ ယေရှု မပြောခဲ့ဘူး။ (ယော. ၁၂:၃၁။ ၁ ယော. ၅:၁၉) အဖဘုရားရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကနေ ယေရှု လှည့်ထွက်သွားအောင် စာတန် ဘာမဆို ပေးမှာ သေချာတယ်။
၉။ (က) စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်သူတွေဆီက စာတန် တကယ်လိုချင်တာ ဘာလဲ။ ကျွန်တော်တို့ကို ဘယ်လို သွေးဆောင်သလဲ။ (ခ) ဝတ်ပြုရေးမှာ ဘာပါဝင်သလဲ။ (“ဝတ်ပြုကိုးကွယ်မှုဆိုတာ ဘာလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၉ ဒီနေ့လည်း စာတန်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဝတ်ပြုကိုးကွယ်ခံချင်တယ်။ မဟာဗာဗုလုန် ဘာသာတရားတွေရဲ့ မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှုအားလုံးကို “ဒီလောကစနစ်ရဲ့ ဘုရား” အနေနဲ့ ရထားပြီးပြီ။ (၂ ကော. ၄:၄) ဒါပေမဲ့ မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်သူ သန်းထောင်ချီနဲ့ မရောင့်ရဲနိုင်သေးဘဲ စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်သူတွေပါ ဘုရားအလိုတော် ဆန့်ကျင်သွားအောင် စာတန် သွေးဆောင်ချင်တယ်။ “ဖြောင့်မတ်သူတွေ ဖြစ်လို့” ဆင်းရဲဒုက္ခ ခံရနိုင်တဲ့ ခရစ်ယာန်လမ်းစဉ်ကို လိုက်စားတာထက် လောက စည်းစိမ်နဲ့ အာဏာကို ရှာဖို့ မက်လုံးတွေ ပေးတယ်။ (၁ ပေ. ၃:၁၄) တကယ်လို့သာ ကျွန်တော်တို့က သွေးဆောင်မှုတွေကို အလျှော့ပေးလိုက်တယ်၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို စွန့်ပြီး စာတန့်လောကရဲ့ အစိတ်အပိုင်း ဖြစ်လာတယ်ဆိုရင် စာတန်ဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်လာမယ်၊ စာတန်ကို ရှိခိုးဦးချရာ ရောက်သွားမယ်။ ဒီလိုသွေးဆောင်မှုမျိုးကို ဘယ်လို တွန်းလှန်နိုင်ကြမလဲ။
၁၀။ တတိယသွေးဆောင်မှုကို ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ဘာကြောင့်လဲ။
၁၀ တတိယသွေးဆောင်မှုမှာ ယေရှုတုံ့ပြန်ပုံကို သတိပြုပါ။ “စာတန်၊ ထွက်သွားစမ်း” လို့ ချက်ချင်း ပြောပြီး ယေဟောဝါအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိကြောင်း ပြခဲ့တယ်။ ပထမသွေးဆောင်မှုနှစ်ခုမှာလိုပဲ “‘ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီး တရားဟောရာကျမ်းထဲက ဘုရားနာမတော် ပါတဲ့ ကျမ်းတစ်ချက်ကို ကိုးကားခဲ့တယ်။ (မ. ၄:၁၀။ တရား. ၆:၁၃) ထင်ပေါ်ပေမဲ့ မတည်မြဲတဲ့ လောကအခွင့်အရာ၊ ဆင်းရဲဒုက္ခ ခံစားစရာ မလိုတဲ့ သက်သောင့်သက်သာဘဝကို ငြင်းပယ်ခဲ့တယ်။ အဖဘုရားတစ်ပါးတည်းသာ ဝတ်ပြုကိုးကွယ်ခံထိုက်ကြောင်း၊ စာတန်ကို တစ်ကြိမ်ပဲ “ရှိခိုးဦးချ” ရင်တောင် လက်အောက်ခံရာ ရောက်သွားကြောင်း သိထားတယ်။ ဒါကြောင့် ဆိုးညစ်တဲ့ ဖြားယောင်းသွေးဆောင်သူကို ဘုရားအဖြစ် အသိအမှတ်ပြုဖို့ ယေရှု ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်။ ခါးခါးသီးသီး အငြင်းခံလိုက်ရလို့ “မာရ်နတ် ထွက်သွားတယ်။” *
၁၁။ စာတန်နဲ့ သူ့သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ။
၁၁ ယေရှုလိုပဲ ကျွန်တော်တို့မှာ ရွေးချယ်ခွင့် ရှိတာမို့ စာတန်နဲ့ ဆိုးညစ်တဲ့ လောကရဲ့ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ကြပါတယ်။ ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် အဖိုးတန် ဆုလက်ဆောင် ပေးထားတယ်။ ဒါကြောင့် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို စွန့်ဖို့ ဘယ်သူကမှ၊ တန်ခိုးရှိပြီး ဆိုးညစ်တဲ့ ဖြားယောင်းသွေးဆောင်သူကတောင်မှ ကျွန်တော်တို့ကို ဖိအားပေးလို့ မရဘူး။ “ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ မာရ်နတ်ကို ခုခံတွန်းလှန်” တဲ့အခါ “စာတန်၊ ထွက်သွားစမ်း” လို့ ပြောတာနဲ့ တူတယ်။ (၁ ပေ. ၅:၉) ယေရှု ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာနဲ့ စာတန် ထွက်သွားကြောင်း သတိရပါ။ အလားတူပဲ “မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ အာမခံထားတယ်။—ယာ. ၄:၇။
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ရန်သူ
၁၂။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ရန်သူ ဖြစ်ကြောင်း ဧဒင်ဥယျာဉ်မှာ စာတန် ဘယ်လို ဖော်ပြခဲ့သလဲ။
၁၂ နောက်ဆုံးသွေးဆောင်မှုမှာ စာတန်က မိမိဟာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ ကနဦးရန်သူ ဖြစ်ကြောင်း အတည်ပြုလိုက်တယ်။ ယေဟောဝါရဲ့ ဝတ်ပြုရေးကို မုန်းတီးကြောင်း လွန်ခဲ့တဲ့ နှစ်ထောင်ချီက ဧဒင်ဥယျာဉ်မှာ စာတန် ဦးဆုံးအကြိမ် ဖော်ပြခဲ့တယ်။ စာတန်က ဧဝကတစ်ဆင့် အာဒံကို ယေဟောဝါရဲ့ ပညတ် ချိုးဖောက်အောင် သွေးဆောင်ခြင်းအားဖြင့် မိမိရဲ့ ဦးဆောင်မှုနဲ့ ထိန်းချုပ်မှုအောက် ရောက်စေခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅ ကိုဖတ်ပါ။ ၂ ကော. ၁၁:၃။ ဗျာ. ၁၂:၉) လှည့်စားနေသူရဲ့ သရုပ်မှန်ကို မသိကြပေမဲ့ စာတန်က သူတို့ရဲ့ ဘုရား ဖြစ်လာတယ်။ သူတို့ဟာ စာတန်ကို ကိုးကွယ်သူတွေ ဖြစ်လာကြတယ်။ ဒီ့ပြင် ဧဒင်ဥယျာဉ်မှာ ပုန်ကန်မှုကို စာတန် အစပျိုးလိုက်တာဟာ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ၊ အုပ်ချုပ်ပိုင်ခွင့်ကို စိန်ခေါ်ရုံသာမက စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကိုပါ စတင်တိုက်ခိုက်လိုက်တာပဲ။ ဘယ်လိုနည်းနဲ့လဲ။
၁၃။ အချုပ်အခြာအာဏာပိုင်သမှု အရေးကိစ္စမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ဘယ်လို ပါဝင်ပတ်သက်သလဲ။
ဗျာ. ၄:၁၁) စုံလင်တဲ့ အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်မှာ နေရာချပေးတုန်းက ကမ္ဘာတစ်ခွင်လုံးမှာ စုံလင်တဲ့ လူသားတွေ ပြည့်နေဖို့၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ စိတ်ရင်းမှန်စွာ တလိုတလား ပါဝင်ကြဖို့ ဘုရား ရည်ရွယ်တယ်။ (က. ၁:၂၈) အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါသာ ပိုင်ထိုက်တဲ့ ဝတ်ပြုကိုးကွယ်မှုကို စာတန် တပ်မက်တဲ့အတွက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်ခဲ့တာ ဖြစ်တယ်။—ယာ. ၁:၁၄၊ ၁၅။
၁၃ အချုပ်အခြာအာဏာပိုင်သမှု အရေးကိစ္စမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုလည်း ပါဝင်ပတ်သက်တယ်။ “အရာခပ်သိမ်းကို ဖန်ဆင်း” တဲ့အရှင်၊ စစ်မှန်တဲ့ အချုပ်အခြာအာဏာပိုင်ရှင်သာလျှင် ဝတ်ပြုကိုးကွယ်ခံထိုက်ပါတယ်။ (၁၄။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို တိုက်ခိုက်ရာမှာ စာတန် အောင်မြင်ခဲ့သလား။ ရှင်းပြပါ။
၁၄ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို တိုက်ခိုက်ရာမှာ စာတန် အောင်မြင်ခဲ့သလား။ အာဒံနဲ့ ဧဝကို ဘုရားဆီကနေ လှည့်ထွက်သွားစေနိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး စစ်မှန်တဲ့ ဝတ်ပြုရေးကို စာတန် တိုက်ခိုက်ခဲ့တယ်။ လူများနိုင်သမျှများများ ယေဟောဝါဘုရားဆီကနေ လှည့်ထွက်သွားအောင် ကြံစည်တယ်။ ခရစ်ယာန်ခေတ် မတိုင်ခင်က ဝတ်ပြုကိုးကွယ်သူတွေကိုလည်း ဆက်သွေးဆောင်ခဲ့တယ်။ အေဒီ ပထမရာစုမှာ အယူဖောက်ပြန်မှု မ. ၁၃:၂၄-၃၀၊ ၃၆-၄၃။ တ. ၂၀:၂၉၊ ၃၀) အေဒီ ဒုတိယရာစုကစပြီး ဝတ်ပြုကိုးကွယ်သူတွေဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေးအင်ပါယာ မဟာဗာဗုလုန်သုံ့ပန်းဘဝကို အချိန်အတော်ကြာ ကျရောက်ခဲ့တယ်။ ဒါပေမဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကို တိုက်ခိုက်ရာမှာတော့ စာတန် မအောင်မြင်ခဲ့ပါဘူး။ ဘုရားရည်ရွယ်ချက် မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်ဘူး။ (ဟေရှာ. ၄၆:၁၀။ ၅၅:၈-၁၁) ဘုရားနာမတော် အရေးကိစ္စ ပါဝင်ပတ်သက်နေပြီး ဘုရားက နာမတော်နဲ့အညီ အမြဲ ကြံစည်လုပ်ဆောင်တယ်။ ယေဟောဝါဟာ ရည်ရွယ်တော်မူချက်ကို မပျက်မကွက် ပြည့်စုံစေတဲ့အရှင် ဖြစ်ပါတယ်။
ပေါ်လာစေခြင်းအားဖြင့် ခရစ်ယာန်အသင်းတော်ကို ယိုယွင်းစေခဲ့တယ်။ ဒီလိုနဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့တယ်။ (စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဘက် ရပ်တည်ကာကွယ်သူ
၁၅။ ပုန်ကန်သူတွေကို ကိုင်တွယ်ဖို့၊ ရည်ရွယ်တော်မူချက် ပြည့်စုံစေဖို့ ဧဒင်မှာ ယေဟောဝါ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။
၁၅ ပုန်ကန်သူတွေကို ကိုင်တွယ်ဖို့၊ ရည်ရွယ်တော်မူချက် ကျိန်းသေ ပြည့်စုံဖို့ ဧဒင်မှာ ယေဟောဝါ ချက်ချင်း လုပ်ဆောင်ခဲ့တယ်။ (ကမ္ဘာဦး ၃:၁၄-၁၉ ကိုဖတ်ပါ။) အာဒံနဲ့ ဧဝ ဧဒင်ဥယျာဉ်မှာ ရှိနေတုန်းမှာပဲ ယေဟောဝါက ပုန်ကန်သူ စာတန်၊ ဧဝ၊ အာဒံတို့ကို အပြစ်ကျူးလွန်တဲ့ အစဉ်လိုက်အတိုင်း ပြစ်ဒဏ် ချမှတ်ခဲ့တယ်။ နောက်ကွယ်က သွေးထိုးသူစာတန်ကို ပြောတဲ့ စကားတွေမှာ ပုန်ကန်မှုရဲ့ ဆိုးကျိုးအားလုံးကို ချေဖျက်ပေးမယ့် “မျိုးနွယ်” ပေါ်ပေါက်လာမယ့်အကြောင်း ယေဟောဝါ ကြိုတင်မိန့်ဆိုခဲ့တယ်။ ကတိထားရာ “မျိုးနွယ်” ဟာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်တော်မူချက် ပြည့်စုံစေရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်မယ်။
၁၆။ ဧဒင်ဥယျာဉ်မှာ ပုန်ကန်မှု ဖြစ်ပြီးတဲ့နောက် ယေဟောဝါက ရည်ရွယ်တော်မူချက် ပြည့်စုံရေးအတွက် ဘယ်လို ဆက်လုပ်ဆောင်ခဲ့သလဲ။
၁၆ ဧဒင်ဥယျာဉ်မှာ ပုန်ကန်မှု ဖြစ်ပြီးတဲ့နောက် ယေဟောဝါက ရည်ရွယ်တော်မူချက် ပြည့်စုံရေးအတွက် ဆက်လုပ်ဆောင်ခဲ့တယ်။ ဘုရား လက်ခံနိုင်တဲ့နည်းနဲ့ မစုံလင်သူ လူသားတွေ ဝတ်ပြုကိုးကွယ်နိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်း နောက်အခန်းမှာ တွေ့ရပါမယ်။ (ဟီ. ၁၁:၄–၁၂:၁) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခြင်းအကြောင်း စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်တွေကို မှတ်တမ်းတင်ဖို့ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလအပါအဝင် ကျမ်းရေးသူများစွာကို စွမ်းအားတော်နဲ့ လမ်းညွှန်ခဲ့တယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခြင်းဟာ ကျမ်းစာရဲ့ အဓိကအကြောင်းအရာပါ။ ကတိထားရာ “မျိုးနွယ်” ရဲ့ အဓိကအပိုင်း ယေရှုခရစ်အားဖြင့် ဒီပရောဖက်ပြုချက်တွေ ပြည့်စုံလာမယ်။ (ဂလ. ၃:၁၆) တတိယသွေးဆောင်မှုကို တုံ့ပြန်ပုံမှာ ရှင်းရှင်းလင်းလင်း တွေ့ရတဲ့အတိုင်း ယေရှုဟာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဘက် ရပ်တည်ကာကွယ်သူ ဖြစ်ပါတယ်။ မှန်ပါတယ်၊ ယေရှုဟာ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်တွေ ပြည့်စုံစေဖို့ ယေဟောဝါ ရွေးချယ်ထားသူပါ။ (ဗျာ. ၁၉:၁၀) ယေရှုက ဘုရားလူမျိုးကို မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ ကယ်လွှတ်ပေးမယ်၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ပြန်လည်တည်ထောင်ပေးမယ်။
သင် ဘာလုပ်မလဲ
၁၇။ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်တွေကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားကြသလဲ။
၁၇ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်တွေကို သုံးသပ်ခြင်းက စိတ်လှုပ်ရှားစရာကောင်းပြီး ယုံကြည်ခြင်း ခိုင်ခံ့စေပါတယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါကို ကောင်းကင်နဲ့ မြေကြီးပေါ်က သက်ရှိအားလုံး စည်းလုံးစွာ ဝတ်ပြုကိုးကွယ်ကြမယ့်အချိန် ရောက်လာဖို့ ကျွန်တော်တို့ စောင့်မျှော်နေကြလို့ ဒီပရောဖက်ပြုချက်တွေကို စိတ်ဝင်စားကြပါတယ်။ ဒီပရောဖက်ပြုချက်တွေမှာ စိတ်ကြည်နူးစရာအကောင်းဆုံး အာမခံချက်တချို့ ပါတာမို့ မျှော်လင့်ချက် ရှိစေတယ်။ သေဆုံးသွားတဲ့ ချစ်မြတ်နိုးရသူတွေ ရှင်ပြန်ထမြောက်လာမှာ၊ ကမ္ဘာ့ပရဒိသု၊ စုံလင်တဲ့ ကျန်းမာရေး၊ အဆုံးမဲ့ အသက်တာ အပါအဝင် ယေဟောဝါရဲ့ ကတိတော်တွေ ပြည့်စုံလာမှာကို မတွေ့မြင်ချင်တဲ့သူ ရှိပါ့မလား။—ဟေရှာ. ၃၃:၂၄။ ၃၅:၅၊ ၆။ ဗျာ. ၂၀:၁၂၊ ၁၃။ ၂၁:၃၊ ၄။
၁၈။ ဒီစာအုပ်မှာ ဘာအကြောင်းတွေ ဆွေးနွေးသွားမလဲ။
၁၈ ယေဇကျေလကျမ်းပါ စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်တွေကို ဒီစာအုပ်မှာ ဆန်းစစ်သွားကြမယ်။ ပရောဖက်ပြုချက်အများစုက စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခြင်းအကြောင်း အလေးပေးထားတယ်။ ယေဇကျေလ ပရောဖက်ပြုချက်တွေက တခြားပရောဖက်ပြုချက်တွေနဲ့ ဘယ်လို ဆက်စပ်ကြောင်း၊ ခရစ်တော်အားဖြင့် ဘယ်လို ပြည့်စုံလာမယ့်အကြောင်းနဲ့ ကျွန်တော်တို့ ပါဝင်ပတ်သက်ပုံတို့ကို လေ့လာသွားပါမယ်။—“ယေဇကျေလကျမ်း အကျဉ်း” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၉။ ဘာလုပ်ဖို့ သန္နိဋ္ဌာန် ချထားသလဲ။ ဘာကြောင့်လဲ။
၁၉ အေဒီ ၂၉၊ ယုဒတောထဲမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေရှု ကျောခိုင်းသွားအောင် ကြိုးစားရာမှာ စာတန် ရှုံးနိမ့်ခဲ့တယ်။ ကျွန်တော်တို့ကိုကော။ ကျွန်တော်တို့ကို စစ်မှန်တဲ့ ဝတ်ပြုရေးကနေ လမ်းလွဲသွားစေဖို့ အရင်ကထက် စာတန် စိတ်ပိုင်းဖြတ်ထားတယ်။ (ဗျာ. ၁၂:၁၂၊ ၁၇) ဆိုးညစ်တဲ့ ဖြားယောင်းသွေးဆောင်သူကို တွန်းလှန်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ခိုင်ခံ့စေရာမှာ ဒီစာအုပ်က ကူညီပေးပါစေ။ “ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်” ဆိုတဲ့ စကားတွေကို အပြည့်အဝ သဘောတူကြောင်း ပြောဆိုပြုမူပုံအားဖြင့် ပြနိုင်ကြပါစေ။ နောက်ဆုံးမှာ ယေဟောဝါရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်ရွယ်တော်မူချက် ပြည့်စုံလာတာကို မြင်တွေ့ခွင့် ရကြပါမယ်။ အဲဒီအချိန်မှာ ကောင်းကင်နဲ့ မြေကြီးပေါ်ရှိသူတိုင်းဟာ ယေဟောဝါသာ အပြည့်အဝ ရထိုက်တဲ့၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို စိတ်ရင်းမှန်စွာ တစည်းတလုံးတည်း ပေးဆက်ကြပါလိမ့်မယ်။
^ အပိုဒ်၊ 5 ယေဟောဝါရဲ့ နာမတော် အဓိပ္ပာယ်ဟာ “ကိုယ်တော် ဖြစ်လာစေတယ်” ဆိုပြီး နားလည်ထားကြတယ်။ ဒီနာမည်ဟာ ဖန်ဆင်းရှင်၊ ရည်ရွယ်တော်မူချက်တွေ ပြည့်စုံစေတဲ့အရှင် ယေဟောဝါရဲ့ အခန်းကဏ္ဍနဲ့ သင့်လျော်ပါတယ်။
^ အပိုဒ်၊ 8 စာတန့်စကားတွေနဲ့ပတ်သက်ပြီး ရည်ညွှန်းကျမ်းတစ်စောင်မှာ ဒီလို ဖော်ပြထားတယ်– “အာဒံနဲ့ ဧဝ ကျရှုံးခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုအကြောင်း ကျမ်းမှတ်တမ်းမှာ တွေ့ရတဲ့အတိုင်း . . . စာတန့်အလိုနဲ့ ဘုရားအလိုကြား ရွေးချယ်ရာမှာ ဘယ်သူ့ကို အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်မလဲဆိုတဲ့ အရေးကိစ္စလည်း ပါဝင်ပတ်သက်တယ်။ တကယ်တော့ စာတန်က တစ်ပါးတည်းသော ဘုရားနေရာမှာ ကိုယ့်ကိုယ်ကိုယ် ဘုရားတင်နေတာပါ။”
^ အပိုဒ်၊ 10 လုကာခရစ်ဝင်ကျမ်းမှာ သွေးဆောင်မှုတွေကို မတူညီတဲ့ပုံစံနဲ့ ဖော်ပြထားပေမဲ့ မဿဲကျမ်းမှတ်တမ်းကတော့ ဖြစ်ရပ်စဉ်အတိုင်း ဖော်ပြပေးတယ်။ အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ပါ။ (၁) “ဒါနဲ့” ဆိုတဲ့ စကားနဲ့ ဒုတိယသွေးဆောင်မှုကို မဿဲ အစပြုဖော်ပြတဲ့အတွက် သွေးဆောင်မှုတွေ ဆက်တိုက်ဖြစ်ကြောင်း သိရတယ်။ (၂) “မင်း ဘုရားသခင်ရဲ့ သား မှန်ရင်” ဆိုပြီး အစပြုထားတဲ့၊ ပါးနပ်တဲ့ သွေးဆောင်မှုနှစ်ခု ပြီးမှ ပထမပညတ် ချိုးဖောက်ဖို့ ဗြောင်ကျကျ သွေးဆောင်တဲ့အကြောင်း ဖော်ပြတာ ပိုလက်တွေ့ကျပုံပဲ။ (ထွ. ၂၀:၂၊ ၃) (၃) တတိယနဲ့ နောက်ဆုံးသွေးဆောင်မှု အပြီးမှာမှ “စာတန်၊ ထွက်သွားစမ်း” ဆိုတဲ့ ယေရှုရဲ့ စကားတွေကို ဖော်ပြတာကလည်း ပိုသဘာဝကျတယ်။—မ. ၄:၅၊ ၁၀၊ ၁၁။