အခန်း ၂၁
“‘ယေဟောဝါ စံမြန်းရာမြို့’ လို့ နာမည်တွင်လိမ့်မယ်”
အာရုံစိုက်ရာ။ မြို့တော်နဲ့ အလှူမြေကွက်တို့ရဲ့ အဓိပ္ပာယ်
၁၊ ၂။ (က) သီးသန့်ဖယ်ထားရမယ့် မြေကွက်က ဘာလဲ။ (စာအုပ်မျက်နှာဖုံးပုံကို ကြည့်ပါ။) (ခ) စိတ်အာရုံက ပြည်နှင်ခံတွေကို ဘာအာမခံသလဲ။
သီးသန့်ဖယ်ထားရမယ့် မြေကွက်တစ်ကွက်အကြောင်း နောက်ဆုံး စိတ်အာရုံမှာ ယေဇကျေလ သိလိုက်ရတယ်။ သီးသန့်ဖယ်ထားတဲ့ မြေကွက်ဟာ အစ္စရေးမျိုးနွယ်တွေအတွက် အမွေမြေ မဟုတ်ဘူး။ ယေဟောဝါအတွက် အလှူမြေကွက် ဖြစ်တယ်။ စိတ်ဝင်စားစရာ နာမည်နဲ့မြို့အကြောင်းကိုလည်း ဒီစိတ်အာရုံကနေ သိရတယ်။ ပြည်နှင်ခံတွေ မိမိတို့မြတ်နိုးတဲ့ မွေးရပ်မြေကို ပြန်လာတဲ့အခါ ယေဟောဝါ အတူရှိနေမယ်ဆိုတဲ့ အရေးကြီးဆုံး အချက်ကို စိတ်အာရုံရဲ့ ဒီအပိုင်းက အာမခံတယ်။
၂ အလှူမြေကွက်အကြောင်း ယေဇကျေလ အသေးစိတ် ဖော်ပြတယ်။ ယေဟောဝါကို အမှန်တကယ် ဝတ်ပြုကိုးကွယ်သူကျွန်တော်တို့အတွက် အဓိပ္ပာယ် ပြည့်ဝလှတဲ့ ဒီမှတ်တမ်းကို လေ့လာဆန်းစစ်ကြည့်ကြစို့။
‘မြို့တော် အပါအဝင် သန့်ရှင်းတဲ့ အလှူမြေကွက်’
၃။ ယေဟောဝါ သီးသန့်ဖယ်ထားတဲ့ မြေကွက်မှာ ဘယ်အပိုင်းငါးပိုင်း ပါသလဲ။ ဒီအပိုင်းတွေက ဘာအတွက်လဲ။ (‘ဖယ်ထားရမယ့် အလှူမြေကွက်’ လေးထောင့်ကွက်ကို ကြည့်ပါ။)
၃ အထူးမြေကွက်ဟာ မြောက်ဘက်ကနေ တောင်ဘက်ကို အတောင် ၂၅,၀၀၀ (ရှစ်မိုင်)၊ အရှေ့ဘက်ကနေ အနောက်ဘက်ကို အတောင် ၂၅,၀၀၀ ရှိတယ်။ ဒီစတုရန်းပုံမြေကွက်ကို “အလှူမြေကွက်တစ်ခုလုံး” ဆိုပြီး ခေါ်ထားတယ်။ မြေကွက်ကို အလျားလိုက် သုံးပိုင်း ပိုင်းထားတယ်။ အပေါ်ပိုင်းကို လေဝိအမျိုးသားတွေအတွက်၊ အလယ်ပိုင်းယေဇ. ၄၈:၁၅၊ ၂၀။
ကိုတော့ ဗိမာန်တော်နဲ့ ပုရောဟိတ်တွေအတွက် သီးသန့်ဖယ်ထားတယ်။ ဒီအပိုင်းနှစ်ပိုင်းဟာ “သန့်ရှင်းတဲ့ အလှူမြေကွက်” ဖြစ်လာတယ်။ အောက်ပိုင်းက မြေကွက်ငယ် ဒါမှမဟုတ် “ကျန်မြေကွက်” ဟာ “အထွေထွေ သုံးဖို့” ဖြစ်တယ်။ ဒီမြေကွက်က မြို့တော်အတွက်ပါ။—၄။ ယေဟောဝါအတွက် အလှူမြေကွက် မှတ်တမ်းကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။
၄ ယေဟောဝါအတွက် အလှူမြေကွက်အကြောင်း ဒီမှတ်တမ်းကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။ ယေဟောဝါက အလှူမြေကွက်အတွက် ဦးဆုံး နေရာသတ်မှတ်ပြီးနောက်မှ မျိုးနွယ်တွေအတွက် နေရာသတ်မှတ်ပေးခဲ့တယ်။ အလှူမြေကွက်ကို အဓိကဦးစားထားရမယ်ဆိုတာ ဒီအချက်က ဖော်ပြနေတယ်။ (ယေဇ. ၄၅:၁) အရေးကြီးမှုအလိုက် မြေကွက်တွေ နေရာချထားပုံကနေ ပြည်နှင်ခံတွေ များစွာ သင်ယူခဲ့ကြမှာ သေချာပါတယ်။ သူတို့အသက်တာမှာ ယေဟောဝါရဲ့ ဝတ်ပြုရေးကို ပထမနေရာ ထားကြရမယ်။ ဒီနေ့လည်း ဘုရားသခင့်စကားတော် လေ့လာခြင်း၊ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ဟောပြောခြင်းစတဲ့ ဘုရားရေးရာ လုပ်ငန်းဆောင်တာတွေကို အရေးကြီးဆုံးအရာတွေအဖြစ် ကျွန်တော်တို့ သဘောထားကြတယ်။ မှန်ကန်တဲ့ ဦးစားထားရာတွေ ချခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါကို တုပမယ်ဆိုရင် နေ့စဉ်အသက်တာမှာ ဝတ်ပြုရေးကို အဓိကထားကြမှာ ဖြစ်တယ်။
“မြေကွက်အလယ်မှာ မြို့တော် ရှိရမယ်”
၅၊ ၆။ (က) မြို့တော်မြေနေရာကို ဘယ်သူတွေ ပိုင်သလဲ။ (ခ) မြို့တော်ဟာ ဘာကို မရည်ညွှန်းဘူးလဲ။ ဘာကြောင့်လဲ။
၅ ယေဇကျေလ ၄၈:၁၅ ကိုဖတ်ပါ။ “မြို့တော်” နဲ့ မြို့ပတ်လည်က မြေနေရာဟာ ဘာအတွက်လဲ။ (ယေဇ. ၄၈:၁၆-၁၈) မြို့တော် “မြေနေရာကို . . . အစ္စရေးတစ်မျိုးလုံး ပိုင်လိမ့်မယ်” ဆိုပြီး စိတ်အာရုံထဲမှာ ယေဇကျေလကို ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ယေဇ. ၄၅:၆၊ ၇) ဒါကြောင့် မြို့တော်နဲ့ မြို့ပတ်လည်က မြေနေရာဟာ “ယေဟောဝါအတွက် . . . ဖယ်ထားတဲ့” “သန့်ရှင်းတဲ့ အလှူမြေကွက်“ နဲ့ မဆိုင်ဘူး။ (ယေဇ. ၄၈:၉) ဒီအချက်ကို မှတ်ထားပြီး မြို့တော် နေရာချပုံကနေ သင်ယူနိုင်တဲ့ သင်ခန်းစာကို ဆန်းစစ်ကြရအောင်။
၆ မြို့တော်အကြောင်းကနေ သင်ခန်းစာတွေ သင်ယူနိုင်ဖို့ အရင်ဆုံး ဒီမြို့တော်ဟာ ဘာမဖြစ်နိုင်ဘူးဆိုတာ သိထားရမယ်။ ဒီမြို့တော်ဟာ ဗိမာန်တော် တည်ရှိရာ ပြန်လည်တည်ထောင်ထားတဲ့ ဂျေရုဆလင်မြို့ကို ရည်ညွှန်းတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ။ ယေဇကျေလ စိတ်အာရုံထဲက မြို့တော်မှာ ဗိမာန်တော် မရှိလို့ပါ။ ပြန်လည်တည်ထောင်ထားတဲ့ အစ္စရေးပြည်က တခြားမြို့တစ်မြို့ကို ရည်ညွှန်းတာလည်း မဟုတ်ဘူး။ ဘာကြောင့်လဲ။ ပြည်တော်ပြန်တွေ ဒါမှမဟုတ် သားစဉ်မြေးဆက်တွေက စိတ်အာရုံပါ အသွင်အပြင်တွေ ရှိတဲ့ မြို့မျိုး မတည်ဆောက်ခဲ့ကြလို့ပါ။ ဒါ့အပြင် ကောင်းကင်ဆိုင်ရာ မြို့တော်ကို ရည်ညွှန်းတာလည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ။ မြင့်မြတ်တဲ့ ဝတ်ပြုရေးအတွက် အဆောက်အအုံတွေကို အထူးသီးသန့် မြေနေရာပေါ် တည်ဆောက်လေ့ရှိတယ်။ စိတ်အာရုံပါ မြို့တော်ကိုတော့ “လူအများနဲ့ဆိုင်တဲ့ [မသန့်ရှင်းတဲ့] မြေ” ပေါ်မှာ တည်ဆောက်ထားလို့ပါပဲ။—ယေဇ. ၄၂:၂၀။
၇။ ယေဇကျေလ မြင်ခဲ့တဲ့ မြို့တော်က ဘာလဲ။ ဘာကို ရည်ညွှန်းပုံရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)
၇ ဒါဆိုရင် ယေဇကျေလ မြင်ခဲ့တဲ့ မြို့တော်က ဘာလဲ။ တိုင်းပြည်အကြောင်း ဖော်ပြတဲ့ စိတ်အာရုံထဲမှာပဲ မြို့တော်ကို ယေဇကျေလ မြင်တွေ့ခဲ့တယ်ဆိုတာ သတိရပါ။ (ယေဇ. ၄၀:၂။ ၄၅:၁၊ ၆) တိုင်းပြည်ဆိုတာ ပုံဆောင်ပြည်ကို ရည်ညွှန်းတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ ဒါကြောင့် မြို့ဟာလည်း ပုံဆောင်မြို့ကို ရည်ညွှန်းတာပဲ ဖြစ်ရမယ်။ “မြို့တော်” ဆိုတဲ့ စကားက ဘာကို ဆိုလိုသလဲ။ အုပ်စုတစ်စုအနေနဲ့ လူတွေ အတူတကွ စနစ်တကျ ဖွဲ့စည်းနေထိုင်တာကို ဆိုလိုတယ်။ ယေဇကျေလ မြင်ခဲ့တဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ စတုရန်းပုံမြို့ဟာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတစ်ခုကို ရည်ညွှန်းပုံ ရတယ်။
၈။ စီမံခန့်ခွဲမှု ဘယ်လောက် ပျံ့နှံ့သက်ရောက်သလဲ။ ဘာကြောင့်လဲ။
၈ စီမံခန့်ခွဲမှု ဘယ်လောက် ပျံ့နှံ့သက်ရောက်သလဲ။ ယေဇကျေလ စိတ်အာရုံအရ မြို့တော်က ပုံဆောင်ပြည်အတွင်း စီမံခန့်ခွဲတယ်။ ဒါကြောင့် ဒီစီမံခန့်ခွဲမှုက မျက်မှောက်ခေတ် ဘုရားလူမျိုး လုပ်ဆောင်မှုတွေအပေါ် အကျိုးသက်ရောက်နေတယ်။ လူအများနဲ့ဆိုင်တဲ့၊ မသန့်ရှင်းတဲ့မြေပေါ် မြို့တော် တည်ဆောက်ထားတယ်ဆိုတဲ့ အချက်က ဘာကို ဖော်ပြသလဲ။ မြို့တော်ဟာ ကောင်းကင်ဆိုင်ရာ စီမံခန့်ခွဲမှုကို ရည်ညွှန်းတာ မဟုတ်ဘဲ ပုံဆောင်ပရဒိသုမှာ နေထိုင်သူအားလုံးရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှုကို ရည်ညွှန်းကြောင်း သတိရစေတယ်။
၉။ (က) မျက်မှောက်ခေတ် မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှုကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားသလဲ။ (ခ) အနှစ်တစ်ထောင်အတွင်း ယေရှု ဘာလုပ်မလဲ။
၉ မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှုကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားသလဲ။ ယေဇကျေလ စိတ်အာရုံမှာ မြို့တော်ကို ဦးစီးဦးဆောင်သူကို “အကြီးအမှူး” လို့ ခေါ်ထားတယ်။ (ယေဇ. ၄၅:၇) အကြီးအမှူးက လူတွေကို ကြီးကြပ်ပေးတယ်။ ဒါပေမဲ့ အကြီးအမှူးဟာ ပုရောဟိတ် မဟုတ်သလို လေဝိအမျိုးသားလည်း မဟုတ်ဘူး။ ဒါက ဒီနေ့အချိန်မှာ အသင်းတော်ကို ကြီးကြပ်ပေးနေတဲ့ ဘိသိက်ခံ မဟုတ်သူတွေအကြောင်း စဉ်းစားမိစေတယ်။ “တခြားသိုးတွေ” ကို ဂရုစိုက်စောင့်ရှောက်ပေးတဲ့ သိုးထိန်းတွေဟာ ခရစ်တော်ရဲ့ ကောင်းကင်အစိုးရအောက် နှိမ့်ချမှု ရှိတဲ့ မြေကြီးဆိုင်ရာကျေးကျွန်တွေ ဖြစ်ကြတယ်။ (ယော. ၁၀:၁၆) လာမယ့် အနှစ်တစ်ထောင်အတွင်း အရည်အချင်းရှိတဲ့ အကြီးအကဲ “မင်းညီမင်းသားတွေ” ကို “ကမ္ဘာမြေတစ်ခွင်မှာ” ယေရှု ရွေးချယ်ခန့်အပ်ပါလိမ့်မယ်။ (ဆာ. ၄၅:၁၆) သူတို့က အနှစ်တစ်ထောင်အတွင်း ကောင်းကင်နိုင်ငံတော်ရဲ့ ညွှန်ကြားမှုအောက် ဘုရားလူမျိုး ကောင်းကျိုးအတွက် ဂရုစိုက်စောင့်ရှောက်ပေးကြပါလိမ့်မယ်။
“ယေဟောဝါ စံမြန်းရာမြို့”
၁၀။ မြို့တော်ရဲ့ နာမည်က ဘာလဲ။ ဒီနာမည်က ဘာအာမခံချက် ပေးသလဲ။
၁၀ ယေဇကျေလ ၄၈:၃၅ ကိုဖတ်ပါ။ မြို့တော်နာမည်က “ယေဟောဝါ စံမြန်းရာမြို့” ဖြစ်တယ်။ ယေဟောဝါ ရှိနေတယ်လို့ ခံစားရစေတဲ့မြို့ ဖြစ်ကြောင်း ဒီနာမည်က အာမခံတယ်။ ယေဇကျေလကို အလယ်ဗဟိုမှာ တည်ရှိနေတဲ့ မြို့တော်ကို ပြတာဟာ ယေဟောဝါက ‘မင်းတို့နဲ့ တစ်ဖန် အတူစံမြန်းမယ်’ လို့ ပြည်နှင်ခံတွေကို မိန့်ဆိုနေတဲ့သဘော ဖြစ်တယ်။ အားရှိစရာ ကောင်းလိုက်လေခြင်း။
၁၁။ မြို့တော်နဲ့ အဓိပ္ပာယ် ပြည့်ဝလှတဲ့ နာမည်အကြောင်း ယေဇကျေလ စိတ်အာရုံကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။
၁၁ ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ ဒီအပိုင်းကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ လက်ရှိအချိန်မှာကော ထာဝစဉ်မှာပါ မြေကြီးပေါ်က သစ္စာရှိကျေးကျွန်တွေနဲ့အတူ ယေဟောဝါ စံမြန်းမှာ ဖြစ်ကြောင်း မြို့တော်လို စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုနာမည်က စိတ်ချစေတယ်။ အဓိပ္ပာယ်ပြည့်ဝလှတဲ့ နာမည်က အရေးကြီး အမှန်တရားကို အလေးပေးတယ်– မြို့တော် အုပ်ချုပ်ခွင့်အာဏာကို ဘယ်လူသားကိုမှ ပေးအပ်မှာ မဟုတ်ဘူး။ မေတ္တာပါတဲ့၊ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ နည်းလမ်းတော်တွေကို ဖော်ပြဖို့ မြို့တော်ဟာ ယေဟောဝါရဲ့ အသုံးတော်ခံ ဖြစ်မယ်။ ဥပမာ၊ တိုင်းပြည်ကို စီမံခန့်ခွဲပညာ. ၁၉:၁၇။ ယေဇ. ၄၆:၁၈။ ၄၈:၂၉။
သူတွေ စိတ်ကြိုက်ခွဲဝေဖို့ ယေဟောဝါ အခွင့်မပေးထားဘူး။ “နိမ့်ကျသူ” တွေ အပါအဝင် ကျေးကျွန်တွေကို ဘုရားကိုယ်တိုင် ပေးထားတဲ့ အမွေမြေ၊ ပိုင်ဆိုင်ခွင့်တွေကို စီမံခန့်ခွဲသူတွေ လေးစားကြဖို့ ယေဟောဝါ မျှော်လင့်တယ်။—၁၂။ (က) မြို့တော်ရဲ့ ထူးခြားတဲ့ အသွင်အပြင်က ဘာလဲ။ ဘာကို ဖော်ပြသလဲ။ (ခ) စိတ်အာရုံရဲ့ ဒီအပိုင်းက ခရစ်ယာန် ကြီးကြပ်မှူးတွေအတွက် ဘာအရေးကြီး သတိပေးချက် ပေးသလဲ။
၁၂ “ယေဟောဝါ စံမြန်းရာမြို့” ရဲ့ နောက်ထပ် ထူးခြားတဲ့ အသွင်အပြင်က ဘာလဲ။ ရှေးခေတ်မြို့တွေမှာ အကာအကွယ် ရဖို့ မြို့တံခါး နည်းနိုင်သမျှ နည်းနည်းနဲ့ တည်ဆောက်လေ့ရှိပေမဲ့ ဒီမြို့တော်မှာတော့ တံခါး ၁၂ ပေါက်တောင် ရှိတယ်။ (ယေဇ. ၄၈:၃၀-၃၄) မြို့တော်ရဲ့ စီမံခန့်ခွဲသူတွေဟာ ဘုရားကျေးကျွန်အားလုံးအတွက် ချဉ်းကပ်ရလွယ်ကူသူတွေ၊ ကူညီပေးဖို့ အသင့်ရှိသူတွေ ဖြစ်ကြောင်း များပြားလှတဲ့ တံခါးအရေအတွက် (စတုရန်းပုံမြို့ရဲ့ တစ်ဖက်တစ်ချက်မှာ တံခါးသုံးခုစီ ရှိနေခြင်း) က ဖော်ပြတယ်။ မြို့တော်မှာ တံခါး ၁၂ ပေါက် ရှိနေတာက “အစ္စရေးတစ်မျိုးလုံး” အတွက် လမ်းဖွင့်ထားကြောင်း အလေးပေးတယ်။ (ယေဇ. ၄၅:၆) မြို့ထဲကို အလွယ်တကူ ဝင်ရောက်နိုင်တယ်ဆိုတဲ့အချက်က ခရစ်ယာန် ကြီးကြပ်မှူးတွေအတွက် အရေးကြီး သတိပေးချက်ပါပဲ။ ခရစ်ယာန်ကြီးကြပ်မှူးတွေအနေနဲ့ ပုံဆောင်ပရဒိသုအတွင်း နေထိုင်သူအားလုံးအတွက် ချဉ်းကပ်ရ လွယ်ကူသူတွေ၊ ကူညီပေးဖို့ အသင့်ရှိသူတွေ ဖြစ်ဖို့ ယေဟောဝါ အလိုရှိတယ်။
ဘုရားလူမျိုးက “ကိုးကွယ်ဖို့ လာ” ကြပြီး “မြို့တော်မှာ အလုပ်လုပ်”
၁၃။ လူတွေ ပုံစံအမျိုးမျိုးနဲ့ အမှုဆောင်မယ့်အကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြထားသလဲ။
၁၃ တိုင်းပြည် ခွဲဝေခြင်းအကြောင်း စိတ်အာရုံမှာပါတဲ့ ယေဇကျေလရဲ့ အသေးစိတ် ထပ်ဆင့် ဖော်ပြချက်တွေကို သိရဖို့ ယေဇကျေလခေတ်ကို ပြန်သွားကြည့်ရအောင်။ လူတွေ ပုံစံအမျိုးမျိုးနဲ့ အမှုဆောင်နေကြကြောင်း ယေဟောဝါ ဖော်ပြတယ်။ “သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်” တဲ့ ပုရောဟိတ်တွေက ပူဇော်သက္ကာတွေ ဆက်သကြရမယ်၊ ယေဟောဝါအတွက် အမှုဆောင်ကြရမယ်။ “ဗိမာန်တော်မှာ အမှုဆောင်” တဲ့ လေဝိအမျိုးသားတွေက “ဗိမာန်တော်လုပ်ငန်းနဲ့ အဲဒီမှာလုပ်ရမယ့် တာဝန်အားလုံးကို . . . လုပ်ဆောင်” ရမှာ ဖြစ်တယ်။ (ယေဇ. ၄၄:၁၄-၁၆။ ၄၅:၄၊ ၅) ဒါ့အပြင် လုပ်သားတွေက မြို့တော်အနီးနားမှာ အလုပ်လုပ်နေကြရမယ်။ ဒီလုပ်သားတွေက ဘယ်သူတွေလဲ။
၁၄။ မြို့အနီးနားရှိ လုပ်သားတွေက ကျွန်တော်တို့ကို ဘာအကြောင်း သတိရစေသလဲ။
၁၄ မြို့တော်အနီးနားက လုပ်သားတွေဟာ “အစ္စရေးမျိုးနွယ် အားလုံး” ထဲက ဖြစ်တယ်။ သူတို့မှာ ကူညီထောက်မပေးရမယ့်တာဝန် ရှိတယ်။ “မြို့တော်မှာ အလုပ်လုပ်တဲ့သူတွေ စား” ဖို့ သီးနှံတွေ စိုက်ပျိုးကြရမယ်။ (ယေဇ. ၄၈:၁၈၊ ၁၉) ဒီအစီအစဉ်က ဒီနေ့ ကျွန်တော်တို့ ရထားတဲ့ အခွင့်ထူးတစ်ခုခုကို သတိရစေသလား။ သတိရစေပါတယ်။ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတော်တွေ၊ ယေဟောဝါ ခန့်အပ်ထားတဲ့ “လူအုပ်ကြီး” ထဲက ဦးဆောင်နေသူတွေကို ထောက်မဖို့ ဒီနေ့ ပုံဆောင်ပရဒိသုအတွင်း နေထိုင်သူအားလုံးမှာ အခွင့်အရေး ရှိတယ်။ (ဗျာ. ၇:၉၊ ၁၀) ထောက်မနိုင်တဲ့ အဓိကနည်းကတော့ သစ္စာရှိကျွန်ဆီက လာတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ခြင်းပါပဲ။
၁၅၊ ၁၆။ (က) ယေဇကျေလ စိတ်အာရုံကနေ နောက်ထပ် ဘယ်အသေးစိတ်အချက်တွေ သိရသလဲ။ (ခ) ဘယ်အလားတူ လုပ်ဆောင်မှုတွေမှာ ကျွန်တော်တို့ ပါဝင်ခွင့် ရှိသလဲ။
၁၅ ယေဇကျေလ စိတ်အာရုံမှာ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး သင်ယူနိုင်တဲ့ နောက်ထပ် အသေးစိတ် ဖော်ပြချက် ပါတယ်။ ဘာများလဲ။ နေရာနှစ်နေရာ ယေဇ. ၄၆:၉၊ ၂၄) စားကျက်မြေမှာတော့ ထွန်ယက်စိုက်ပျိုးခြင်းအားဖြင့် မြို့တော်ကို ထောက်မကြတယ်။ ဒီလုပ်သားတွေရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်သလဲ။
(ဗိမာန်တော် ရင်ပြင်နဲ့ စားကျက်မြေ) မှာ လေဝိအနွယ် မဟုတ်တဲ့ ၁၂ နွယ်သားတွေ အလုပ်လုပ်မယ့်အကြောင်း ယေဟောဝါ ဖော်ပြတယ်။ ဒီနေရာတွေမှာ ဘာလုပ်ကြသလဲ။ ဗိမာန်တော်ရင်ပြင်မှာ အစ္စရေးမျိုးနွယ်တိုင်းက ယေဟောဝါကို “ကိုးကွယ်ဖို့လာ” ကြတယ်။ ပူဇော်သက္ကာ ဆက်သကြတယ်။ (၁၆ ဒီနေ့လည်း ယေဇကျေလ စိတ်အာရုံထဲက လုပ်သားတွေရဲ့ လုပ်ဆောင်မှုမျိုးမှာ ပါဝင်ဖို့ “လူအုပ်ကြီး” မှာ အခွင့်အရေး ရှိတယ်။ လူအုပ်ကြီးက ချီးမွမ်းခြင်း ပူဇော်သက္ကာ ဆက်သခြင်းအားဖြင့် “ဗိမာန်တော်မှာ” ယေဟောဝါကို ကိုးကွယ်တယ်။ (ဗျာ. ၇:၉-၁၅) ဟောပြောခြင်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ မှတ်ချက်ပေးခြင်း၊ သီချင်း သီဆိုခြင်းအားဖြင့် ချီးမွမ်းခြင်း ပူဇော်သက္ကာ ဆက်သနေကြတယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းဟာ အဓိကတာဝန်ဖြစ်တယ်လို့ ရှုမြင်ကြတယ်။ (၁ ရာ. ၁၆:၂၉) ဒါ့အပြင် ဘုရားကျေးကျွန်များစွာက လက်တွေ့ကျ နည်းလမ်း အမျိုးမျိုးနဲ့ ဘုရားအဖွဲ့အစည်းကို ထောက်မနိုင်ကြတယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမ၊ ဌာနခွဲအဆောက်အအုံ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ တခြားစီမံကိန်းများစွာမှာ ကူညီထောက်မကြတယ်။ တချို့က စီမံကိန်းတွေကို ထောက်မဖို့ ငွေကြေးလှူဒါန်းကြတယ်။ ထွန်ယက်စိုက်ပျိုးခြင်းနဲ့တူတဲ့ ဒီအရာတွေကို “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး” လုပ်ဆောင်ကြတယ်။ (၁ ကော. ၁၀:၃၁) “အဲဒီလိုပူဇော်သက္ကာတွေကို” ယေဟောဝါ “နှစ်သက်” ကြောင်း သိထားတဲ့အတွက် တာဝန်တွေကို ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန် ထမ်းဆောင်ကြတယ်။ (ဟီ. ၁၃:၁၆) ဒီအခွင့်ထူးတွေကနေ အကျိုး အပြည့်အဝ ရယူနေရဲ့လား။
“ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြ”
၁၇။ (က) ယေဇကျေလ စိတ်အာရုံရဲ့ ဘယ်အကြီးစား ပြည့်စုံမှုကို အနာဂတ်မှာ တွေ့မြင်ကြရမလဲ။ (ခ) အနှစ်တစ်ထောင်အတွင်း မြို့တော်နဲ့တူတဲ့ စီမံခန့်ခွဲမှုကနေ ဘယ်သူတွေ အကျိုးရမလဲ။
၁၇ အလှူမြေကွက်အကြောင်း ယေဇကျေလ စိတ်အာရုံရဲ့ အကြီးစား ပြည့်စုံမှုကို အနာဂတ်မှာ တွေ့မြင်ကြရဦးမလား။ တွေ့မြင်ကြရပါမယ်။ သုံးသပ်ကြည့်ပါ– တိုင်းပြည်ရဲ့ အလယ်ဗဟိုမှာ “သန့်ရှင်းတဲ့ အလှူမြေကွက်” ကို ယေဇကျေလ တွေ့ခဲ့တယ်။ (ယေဇ. ၄၈:၁၀) အလားတူပဲ အာမဂေဒုန်အပြီးမှာ ကမ္ဘာမြေရဲ့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိနေမယ်။ (ဗျာ. ၂၁:၃) အနှစ်တစ်ထောင်အတွင်း မြို့တော်လို စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုဟာ ကမ္ဘာတစ်ခွင် ပျံ့နှံ့သွားပါမယ်။ ဘုရားလူမျိုးရဲ့ အကျိုးအတွက် ဂရုစိုက်စောင့်ရှောက်ပေးဖို့ ခန့်အပ်ခံရသူတွေက “မြေကြီးသစ်” (လူ့ဘောင်သစ်) မှာ ပါဝင်သူတိုင်းကို လမ်းညွှန်ချက်၊ ညွှန်ကြားချက်တွေ မေတ္တာပါစွာ ပေးပါလိမ့်မယ်။—၂ ပေ. ၃:၁၃။
၁၈။ (က) မြို့တော်နဲ့တူတဲ့ စီမံခန့်ခွဲမှုဟာ ဘုရားသခင့်အုပ်ချုပ်မှုနဲ့ လိုက်လျောညီထွေ ဖြစ်မယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။ (ခ) မြို့တော်ရဲ့ နာမည်က ဘယ်အချက်ကို အာမခံသလဲ။
၁၈ မြို့တော်လို စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုဟာ ဘုရားသခင့်အုပ်ချုပ်မှုနဲ့ တစ်ပြေးညီ ဖြစ်မယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။ တံခါး ၁၂ ပေါက်ပါတဲ့ မြေကြီးဆိုင်ရာမြို့တော်ဟာ ခရစ်တော်ရဲ့ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ နဲ့ ဖွဲ့စည်းထားတဲ့ ဂျေရုဆလင်မြို့သစ် (တံခါး ၁၂ ပေါက်ပါတဲ့ ကောင်းကင်ဆိုင်ရာမြို့တော်) ကို ထင်ဟပ်တယ်လို့ ကျမ်းစာမှာ ရှင်းလင်းစွာ ဖော်ပြထားလို့ပါ။ (ဗျာ. ၂၁:၂၊ ၁၂၊ ၂၁-၂၇) မြေကြီးဆိုင်ရာ စီမံခန့်ခွဲမှုဟာ ကောင်းကင်ရှိ ဘုရားနိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်အားလုံးနဲ့ တစ်ထပ်တည်း ဖြစ်မယ်ဆိုတာကို ဒီအချက်က ဖော်ပြတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဟာ ပရဒိသုမှာ ထာဝစဉ် တည်တံ့တိုးပွားနေမှာ ဖြစ်ကြောင်း “ယေဟောဝါ စံမြန်းရာမြို့” ဆိုတဲ့ နာမည်က ကျွန်တော်တို့ယောက်တိုင်းကို ယုံကြည်စိတ်ချစေတယ်။ ကျွန်တော်တို့အတွက် တကယ့်ကို လှပတဲ့အနာဂတ် စောင့်ကြိုနေပါတယ်။