မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၂၀​က

တိုင်းပြည် ခွဲဝေခြင်း

တိုင်းပြည် ခွဲဝေခြင်း

ချစ်မြတ်နိုး​ရတဲ့ တိုင်းပြည် သေချာပေါက် ပြန်လည်​တည်ထောင်​ခံရမှာ ဖြစ်ကြောင်း အတိအကျ တိုင်းတာ​ထားတဲ့ နယ်နိမိတ်​တွေ​အကြောင်း ဖော်ပြချက်​က ပြည်နှင်ခံတွေကို စိတ်​သက်သာရာရ​စေခဲ့တယ်။ ဒီနေ့​အချိန်မှာ စိတ်အာရုံ​ကနေ ဘာသင်ခန်းစာ​တွေ ယူ​နိုင်သလဲ။ စိတ်အာရုံ​အသွင်အပြင် နှစ်ရပ်​ကို သုံးသပ်​ကြည့်ပါ–

လုံခြုံတဲ့​နေရာ၊ တန်ဖိုး​ဖြတ်​မရတဲ့ တာဝန်

ပြည်တော်ပြန်​ယောက်​တိုင်း ပြန်လည်​တည်ထောင်​ထားတဲ့ ကတိထားရာပြည်မှာ အမွေမြေ ရရှိမယ်။ ဒီနေ့လည်း ပုံဆောင်​ပရဒိသုမှာ ယေဟောဝါရဲ့ ကျေးကျွန်​တိုင်း​အတွက် နေရာ ရှိတယ်။ အဖွဲ့အစည်း​အတွင်း နိမ့်ကျပုံ​ရတဲ့ ဘယ်​အခန်းကဏ္ဍ​က​ပဲ ပါဝင်​ရ​ပါစေ ပုံဆောင်​ပြည်မှာ လုံခြုံတဲ့​နေရာ၊ တန်ဖိုး​ဖြတ်​မရတဲ့ တာဝန် ရထား​ကြတယ်။ ယေဟောဝါ​အတွက် ကျေးကျွန်​အားလုံး တန်းတူ တန်ဖိုး​ရှိတယ်။

ညီမျှတဲ့ ဝေစု

ယေဇကျေလ စိတ်အာရုံပါ ပြန်လည်​တည်ထောင်​ထားတဲ့ ကတိထားရာပြည်ရဲ့ နယ်မြေတိုင်းဟာ ပြည်သူပြည်သား​တွေကို တိုင်းပြည်​ရှိ သယံဇာတ​တွေ ညီတူမျှတူ ခံစား​ရစေတယ်။ ဒီနေ့လည်း ယေဟောဝါ​က ကျေးကျွန်​တိုင်း​ကို ပုံဆောင်​ပရဒိသုရဲ့ ကောင်းချီးတွေ တန်းတူ​ညီမျှ ခံစားခွင့်​ပေးတယ်။