မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၀​ဂ

ထရပ်ဖို့ အကူအညီ

ထရပ်ဖို့ အကူအညီ

ယေဇကျေလ ၃၇:၁-၁၄ မှာပါတဲ့ စိတ်လှုပ်ရှားဖွယ် စိတ်အာရုံပါ သင်ခန်းစာ၊ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေမှာ လက်တွေ့​ကျင့်သုံးနိုင်တဲ့ သင်ခန်းစာ​ကို သုံးသပ်ခြင်း​အားဖြင့် ခွန်အားရ​ရှိ​နိုင်ပါတယ်။ ဘာသင်ခန်းစာ​လဲ။

တစ်ခါတလေ ဘဝမှာ ဖိစီးမှု၊ စမ်းသပ်မှုတွေကြောင့် ကျွန်တော်တို့ ခြေကုန်လက်ပန်းကျ​ပြီး ရှေ့​ဆ​က်​ဖို့ မနည်းကြိုးစား​ကြရတယ်။ ဒီ​အချိန်တွေမှာ ပြန်လည်​တည်ထောင်ခြင်း​ဆိုင်ရာ ယေဇကျေလ စိတ်အာရုံ​ကို တွေးတောခြင်းက ကျွန်တော်တို့ကို အားရှိ​စေနိုင်တယ်။ ဘာကြောင့်လဲ။ လူသေ​အရိုးတွေကို​တောင် အသက်ပြန်ရှင်​လာ​အောင် လုပ်ပေး​နိုင်စွမ်း ရှိတဲ့​အရှင်ဟာ ကျွန်တော်တို့ လိုအပ်တဲ့ အစွမ်း​ခွန်အားကို ပေးနိုင်ကြောင်း၊ အတားအဆီး​တွေ၊ လူ့​အမြင်အရ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကို​တောင် အောင်မြင်​ကျော်လွှား​စေနိုင်​ကြောင်း ဒီ​ပရောဖက်ပြုချက်​ကနေ သိနိုင်တယ်။ဆာလံ ၁၈:၂၉ ကို ဖတ်ပါ။ ဖိ. ၄:၁၃

ယေဟောဝါမှာ အစွမ်း​တန်ခိုး ရှိတဲ့​အပြင် မိမိလူမျိုး အကျိုး​အတွက် အစွမ်း​တန်ခိုး အသုံးပြု​ချင်တဲ့​ဆန္ဒလည်း ရှိကြောင်း ယေဇကျေလ​ခေတ်​မတိုင်ခင် ရာစုနှစ်များစွာ​က ပရောဖက်​မောရှေ ဖော်ပြခဲ့တာ​ကို သတိရ​နိုင်ပါတယ်။ “ဘုရားသခင်ဟာ ရှေး​ကတည်းက ခိုလှုံရာ​ပဲ။ ထာဝရ​လက်ရုံးတော်​က မင်းကို ထောက်မ​ပေးတယ်” ဆိုပြီး မောရှေ ရေးသားခဲ့တယ်။ (တရား. ၃၃:၂၇) မှန်ပါတယ်၊ စိတ်သောက​ရောက်ချိန်​တွေ​မှာ ယေဟောဝါ​ဘုရားကို အားကိုးမယ်​ဆိုရင် မေတ္တာ​ပါတဲ့ လက်ရုံးတော်​နဲ့ ကျွန်တော်တို့ကို ထောက်မ​ပေးမယ်၊ ညင်သာ​စွာ ထူမပေးမယ်၊ ထ​ရပ်​နိုင်ဖို့ ကူညီ​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။—ယေဇ. ၃၇:၁၀