မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၄က

ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံမှ သင်ခန်းစာများ

ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံမှ သင်ခန်းစာများ

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု မြှင့်တင်​ခံရပြီး ကာကွယ်​ခံရ

စိတ်အာရုံပါ ဗိမာန်တော်ဟာ ‘မြင့်မား​လှတဲ့​တောင်ပေါ်’ (၁) မှာ ချီးမြှောက်​ခံရတယ်။ ကိုယ့်​အသက်တာမှာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ဦးစား​ထားခြင်း​အားဖြင့် ချီးမြှောက်​နေရဲ့လား။

မြေကွက်လပ်​ကြီး (၃) ရဲ့ အလယ်မှာ​ရှိတဲ့ ဗိမာန်တော်​အဆောက်အအုံ​ကို ကာရံ​ထားတဲ့ ပတ်လည်​တံတိုင်း (၂) က ယေဟောဝါရဲ့ ဝတ်ပြုရေး​ကို ညစ်ညမ်း​စေတဲ့ ဘယ်အရာကို​မှ ခွင့်မပြု​ဖို့ ကျွန်တော်တို့ကို သတိပေး​နေတယ်။ “လူအများ​နဲ့​ဆိုင်တဲ့” အရာတွေကို​တောင် စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကနေ ဖယ်ရှား​ရမယ်​ဆိုရင် ဒီနေ့​အချိန်မှာ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်သူ​တွေရဲ့ အသက်တာ​ကနေ မသန့်ရှင်းမှု၊ ကိုယ်ကျင့်တရား​ယိုယွင်းမှုတွေကို ပိုလို့တောင် ဖယ်​ထုတ်ပစ်​သင့်တယ်။—ယေဇ. ၄၂:၂၀

အဆုံးမဲ့ ကောင်းချီး​များ

ဗိမာန်တော်​သန့်ရှင်း​ရာ​ဌာန​ကနေ ပြည်​ထဲ (၄) ကို မြစ်တစ်စင်း အရှိန်​နဲ့ စီးဆင်း​လာပြီး အသက်နဲ့ သီးပွင့်​ဖြစ်ထွန်း​မှု​တွေ ဆောင်ကြဉ်း​လာတယ်။ အဲဒီ​ကောင်းချီးတွေ​အကြောင်း အခန်း ၁၉ မှာ ဆွေးနွေးပါမယ်။

အားလုံး​အတွက် တူညီတဲ့ စံနှုန်းများ

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူ​အားလုံး​အတွက် ချမှတ်​ထားတဲ့ ကိုယ်ကျင့်တရား​ဆိုင်ရာ ယေဟောဝါရဲ့ စံနှုန်းတွေဟာ မြင့်မား​ကြောင်း မြင့်မား​လှတဲ့ အပြင်​တံခါးတွေ (၅) နဲ့ အတွင်း​တံခါးတွေ (၉) က အမှတ်ရ​စေတယ်။ အတွင်း၊ အပြင် တံခါးတွေရဲ့ အတိုင်းအတာ​အားလုံး အတူတူပဲ​ဆိုတာ သတိပြုပါ။ တာဝန်၊ အမှုဆောင်​နိုင်စွမ်း​တွေ​ပေါ် မ​မူတည်​ဘဲ ကျေးကျွန်​အားလုံး​အတွက် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ တောင်းဆိုချက်​တွေဟာ အတူတူပဲမို့ တကယ်ပဲ သင့်လျော်​ပါတယ်။

ယေဟောဝါရဲ့ စားပွဲတော်

ရှေးခေတ်​က ဗိမာန်တော်ကို ယူဆောင်​လာတဲ့ ပူဇော်သက္ကာတွေကို အတူ​ဝေမျှ ကြ​ကြောင်း၊ တစ်နည်းအားဖြင့် ယေဟောဝါနဲ့​အတူ စားသောက်​ကြ​ကြောင်းကို စားသောက်ခန်းတွေ (၈) က အမှတ်ရ​စေတယ်။ ဒီနေ့​အချိန်မှာ ခရစ်ယာန်တွေဟာ ပုံဆောင်​ဗိမာန်တော်မှာ ဝတ်ပြု​ကိုးကွယ်​နေကြ​ပြီး “ပူဇော်သက္ကာ​တစ်ခုတည်း” ဆက်သ​ခဲ့​ပြီး​ဖြစ်လို့ ကွာတော့​ကွာတယ်။ (ဟီ. ၁၀:၁၂) ဒါပေမဲ့ ကျွန်တော်တို့လည်း ချီးမွမ်းခြင်း​ပူဇော်သက္ကာ​ကို ဆက်သ​နေကြ​တုန်း​ပါပဲ။—ဟီ. ၁၃:၁၅

ဘုရားသခင့် အာမခံချက်

စိတ်အာရုံပါ အသေးစိတ်ကျတဲ့ အတိုင်းအတာအားလုံးက စိတ်ထိမိ​စေပါလိမ့်မယ်။ စိတ်အာရုံပါ အတိုင်းအတာ​တွေ မပြောင်းလဲ​ဘဲ တိကျ​သေချာ​သလို စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ပြန်လည်​တည်ထောင်​မ​ယ်​ဆိုတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ဟာ​လ​ည်း အကြွင်းမဲ့ သေချာတယ်​ဆိုတဲ့ အဓိကအချက်ကို သင်ပေးတယ်။ စိတ်အာရုံ​ထဲမှာ လူတွေ တွေ့ရတယ်​ဆိုပြီး ယေဇကျေလ မဖော်​ပြ​ပေမဲ့ ပုရောဟိတ်တွေ၊ အကြီးအမှူး​တွေ၊ လူတွေကို ယေဟောဝါ ပြင်းပြင်းထန်ထန် သတိ​ပေးတဲ့​အကြောင်းကို​တော့ မှတ်တမ်း​တင်ထားတယ်။ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ဘုရား​ကျေးကျွန်​အားလုံး လိုက်နာ​ကြရမယ်။