မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၂ခ

ယေဇကျေလ—ဘဝအသက်တာနဲ့ အချိန်ကာလ

ယေဇကျေလ—ဘဝအသက်တာနဲ့ အချိန်ကာလ

ယေဇကျေလ​ဆိုတာ “ဘုရားသခင် ခွန်အားပေး” လို့ အဓိပ္ပာယ်​ရတယ်။ ယေဇကျေလ ပရောဖက်ပြုချက်​တွေ​မှာ သတိပေးချက်​များစွာ ပါပေမဲ့ သတင်းစကား​တစ်ခုလုံး​ဟာ သူ့​နာမည်​အဓိပ္ပာယ်​နဲ့​လိုက်​အောင် ဘုရားကို စင်ကြယ်​စွာ ဝတ်ပြု​ကိုးကွယ်​ချင်​သူတွေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။

တစ်ခေတ်တည်းသား ပရောဖက်​များ

  • ယေရမိ

    ပုရောဟိတ် မိသားစုက မွေးဖွား​လာ၊ (ဘီစီ ၆၄၇-၅၈၀ ခန့်) ဂျေရုဆလင်​မြို့မှာ အများဆုံး အမှုဆောင်ခဲ့

  • ဟု​လ​ဒ

    ဗိမာန်တော်မှာ ပညတ်​ကျမ်းလိပ် ရှာတွေ့​တဲ့ ဘီစီ ၆၄၂ လောက်​မှာ အမှုဆောင်ခဲ့

  • ဒံယေလ

    ယုဒ မင်းမျိုးမင်းနွယ် ဖြစ်၊ ဘီစီ ၆၁၇ မှာ ဗာဗုလုန်​ကို ခေါ်ဆောင်သွား​ခံရ

  • ဟဗက္ကုတ်

    ယောယကိမ် နန်းစံချိန်​အစောပိုင်း ယုဒပြည်မှာ အမှုဆောင်ခဲ့​ပုံ​ရ

  • ဩဗဒိ

    ဧဒုံလူမျိုး​အကြောင်း ပရောဖက်ပြု​ခဲ့၊ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရချိန်မှာ ဖြစ်နိုင်

သူတို့ ဘယ်​အချိန်မှာ ပရောဖက်ပြု​ခဲ့​ကြ​လဲ။ (ရက်စွဲ​အားလုံး ဘီစီ)

ယေဇကျေလ​ခေတ်​ဝန်းကျင် အဓိက​ဖြစ်ရပ်များ (ရက်စွဲ​အားလုံး ဘီစီ)

  1. ၆၄၃ ခန့်။ မွေးဖွား​ခဲ့

  2. ၆၁၇။ ဗာဗုလုန်​ကို သုံ့ပန်း​အဖြစ် ခေါ်ဆောင်​ခံရ

  3. ၆၁၃။ စတင် ပရောဖက်ပြု၊ ယေဟောဝါ​ဆီက စိတ်အာရုံ မြင်ခဲ့​ရ

  4. ၆၁၂။ ဗိမာန်တော်​က အယူဖောက်ပြန်မှု​အကြောင်း စိတ်အာရုံ မြင်ခဲ့​ရ

  5. ၆၁၁။ ဂျေရုဆလင်​မြို့ကို စတင်​သတိပေး

  6. ၆၀၉။ ဇနီးသည် သေဆုံး၊ ဂျေရုဆလင်​မြို့ နောက်ဆုံး​အကြိမ် ဝိုင်းရံ​ခံရ

  7. ၆၀၇။ ဂျေရုဆလင်​မြို့ ပျက်စီး​ပြီ ဖြစ်ကြောင်း အတည်ပြုချက်​ရ

  8. ၅၉၃။ ဗိမာန်တော်​အကြောင်း စိတ်အာရုံ မြင်ခဲ့​ရ

  9. ၅၉၁။ အီဂျစ်​ကို နေဗုခဒ်နေဇာ ကျူးကျော်​တဲ့​အကြောင်း ကြိုဟော​ပြီး ကျမ်းစောင်​ကို အဆုံးသတ်

ယုဒနဲ့ ဗာဗုလုန် ဘုရင်များ

  1. ၆၅၉-၆၂၉။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ယောရှိ မြှင့်တင်​ခဲ့။ ဒါပေမဲ့ ဖာရောဘုရင် နေခေါ​နဲ့ ဖြစ်တဲ့ တိုက်ပွဲ​မှာ သေဆုံး​ခဲ့

  2. ၆၂၈။ ယော​ခတ်​ဟာ သုံးလ​တာ မတရား အုပ်ချုပ်​ပြီး ဖာရောဘုရင် နေခေါ​ရဲ့ ဖမ်းဆီး​တာ​ခံရ

  3. ၆၂၈-၆၁၈။ ယောယကိမ်ဟာ မင်းဆိုး​တစ်ပါး ဖြစ်ပြီး ဖာရောဘုရင် နေခေါ​ရဲ့ ကျွန်ပြု​တာ​ခံရ

  4. ၆၂၅။ နေဗုခဒ်နေဇာ​က အီဂျစ်​စစ်တပ်​ကို တိုက်ခိုက်​အောင်မြင်

  5. ၆၂၀။ နေဗုခဒ်နေဇာ​က ယုဒပြည်​ကို ပထမ​အကြိမ် ကျူးကျော်​ပြီး ယောယကိမ်​ကို ဂျေရုဆလင်​မြို့မှာ ကျွန်ပြု

  6. ၆၁၈။ ယောယကိမ်​က နေဗုခဒ်နေဇာ​ကို ပုန်ကန်​ခဲ့။ ဒါပေမဲ့ ကတိထားရာပြည်​ကို ဗာဗုလုန်တွေ ဒုတိယ​အကြိမ် ကျူးကျော်​ချိန်​အတွင်း သေဆုံး​ခဲ့​ဖွယ်​ရှိ

  7. ၆၁၇။ ယေခေါနိ​ဟာ မင်းဆိုး​တစ်ပါး ဖြစ်ပြီး သုံးလ အုပ်ချုပ်။ နောက်တော့ နေဗုခဒ်နေဇာ​ဆီမှာ လက်နက်​ချ

  8. ၆၁၇-၆၀၇။ သတ္တိ​မရှိ ဆိုးညစ်​တဲ့ ဇေဒကိ​ဟာ နေဗုခဒ်နေဇာ ကျွန်ပြု​တာ​ခံရ

  9. ၆၀၉။ နေဗုခဒ်နေဇာ​ကို ဇေဒကိ ပုန်ကန်​ခဲ့။ နောက်ပိုင်းမှာ နေဗုခဒ်နေဇာ​က ယုဒပြည်​ကို တတိယ​အကြိမ် ကျူးကျော်​ခဲ့

  10. ၆၀၇။ နေဗုခဒ်နေဇာ​က ဂျေရုဆလင်​မြို့ကို ဖျက်ဆီး၊ ဇေဒကိ​ကို ဖမ်းဆီး၊ မျက်စိ​ဖောက်​ပြီး ဗာဗုလုန်​ကို ခေါ်ဆောင်သွား