မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၃က

မတူညီတဲ့ ဗိမာန်တော်များ၊ မတူညီတဲ့ သင်ခန်းစာများ

မတူညီတဲ့ ဗိမာန်တော်များ၊ မတူညီတဲ့ သင်ခန်းစာများ

ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်-

  • ဗာဗုလုန်​က ပြည်နှင်ခံ​ဂျူးတွေ​အတွက် ယေဇကျေလ ဖော်ပြခဲ့

  • ပူဇော်သက္ကာ​များစွာ ဆက်သ​ထားတဲ့ ပလ္လင်​ရှိ

  • ဝတ်ပြုရေး​နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အလေးပေး

  • ၁၉၁၉ ခုနှစ်မှာ အစပြုခဲ့တဲ့ ဝတ်ပြုရေး​ပိုင်း ပြန်လည်​တည်ထောင်ခြင်း​ကို အာရုံစိုက်​စေ

ပုံဆောင်​ဗိမာန်တော်​ကြီး-

  • ဟီဘရူး​ခရစ်ယာန်တွေကို ပေါလု ဦးတည်​ရှင်းပြ​ခဲ့

  • ပူဇော်သက္ကာ​တစ်ခုတည်းကို “တစ်ကြိမ်​တည်း​အပြီး” ဆက်သ​ခဲ့​တဲ့ ပလ္လင်​ရှိ (ဟီ. ၁၀:၁၀)

  • တဲတော်​နဲ့ ပကတိ​ဗိမာန်တော်တွေ ရည်ညွှန်း​ဖော်ပြတဲ့ စစ်မှန်တဲ့​အရာ​အကြောင်း၊ ခရစ်တော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ​အပေါ် အခြေခံ​တဲ့ စင်ကြယ်​တဲ့ ဝတ်ပြုရေး​အတွက် ယေဟောဝါရဲ့ အစီအစဉ်​အကြောင်း ရှင်းပြ

  • အေဒီ ၂၉ ကနေ ၃၃ အတွင်း ပို​ကြီးမြတ်တဲ့ ပုရောဟိတ်မင်း​အဖြစ် ခရစ်တော် လုပ်ဆောင်ခဲ့​ရာတွေကို အာရုံစိုက်​စေ