သွန်သင်ခြင်း လေးထောင့်ကွက် ၂က
ယေဇကျေလ ပရောဖက်ပြုချက်များကို နားလည်ခြင်း
အဓိပ္ပာယ်ဖွင့်ဆိုချက်—ပရောဖက်ပြုချက်ဆိုတာ ဘာလဲ
ကျမ်းစာမှာ “ပရောဖက်ပြု” ဆိုပြီး ဘာသာပြန်ဆိုတဲ့ ဟီဘရူးကြိယာ နာဗာဟာ ဘုရားဆီက သတင်းစကား၊ တရားစီရင်ချက်၊ ကျင့်ဝတ်ဆိုင်ရာ သွန်သင်ချက်၊ မိန့်မှာချက်တွေ ကြေညာခြင်းကို အဓိက ရည်ညွှန်းတယ်။ ဖြစ်လာမယ့် အရာတစ်ခုခုနဲ့ပတ်သက်တဲ့ ဘုရားဆီက ကြေညာချက်ကိုလည်း ရည်ညွှန်းနိုင်တယ်။ ဒီဗျာဒိတ်တော်ပုံစံအားလုံး ယေဇကျေလ ပရောဖက်ပြုချက်တွေမှာ ပါတယ်။—ယေဇ. ၃:၁၀၊ ၁၁။ ၁၁:၄-၈။ ၁၄:၆-၇။ ၃၇:၉၊ ၁၀။ ၃၈:၁-၄။
ဗျာဒိတ်ပေးပုံ နည်းလမ်းများ
-
စိတ်အာရုံများ
-
ဥပမာများ
-
သရုပ်ဆောင်ချက်များ
ယေဇကျေလကျမ်းမှာ ပရောဖက်ပြုသတင်းစကားတွေနဲ့ပတ်သက်တဲ့ စိတ်အာရုံတွေ၊ ဥပမာတွေ၊ ပုံဆောင်ဇာတ်လမ်းတွေ၊ သရုပ်ဆောင်ချက်တွေ ပါတယ်။
ပြည့်စုံချက်များ
တစ်ခါတလေ ယေဇကျေလ ပရောဖက်ပြုချက်တွေမှာ ပြည့်စုံချက်တစ်ခုထက်မက ရှိတယ်။ ဥပမာ၊ ကတိထားရာပြည်ကို ဘုရားလူမျိုး ပြန်လာချိန်မှာ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်တွေ အသေးစား ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ ဒီစာအုပ် အခန်း ၉ မှာ ဆွေးနွေးထားတဲ့အတိုင်း ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက် အများစုက ဒီနေ့ခေတ်မှာ ပြည့်စုံနေပြီး အနာဂတ်မှာလည်း ပြည့်စုံလာဦးမယ်။
အရင်တုန်းက ယေဇကျေလ ပရောဖက်ပြုချက်ပါ အချက်တော်တော်များများကို အနှိုင်းနဲ့ အနှိုင်းခံ ပြည့်စုံချက်တွေအဖြစ် ရှုမြင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုရှုမြင်ဖို့ ရှင်းလင်းခိုင်လုံတဲ့ ကျမ်းစာအထောက်အထား မရှိဘူးဆိုရင် လူ၊ အရာဝတ္ထု၊ နေရာ၊ ဖြစ်ရပ်တွေကို ပရောဖက်ပြုချက်ဆိုင်ရာ အနှိုင်းတွေ ဖြစ်တယ်၊ ခေတ်သစ် အနှိုင်းခံ ရှိတယ် စသဖြင့် ဒီစာအုပ်မှာ မဖော်ပြပါဘူး။ * အဲဒီအစား ယေဇကျေလ ပရောဖက်ပြုချက်အများစုရဲ့ အကြီးစား ပြည့်စုံချက်တွေကို ဖော်ပြသွားပါမယ်။ ယေဇကျေလရဲ့ သတင်းစကား၊ ယေဇကျေလ ဖော်ပြချက်ပါ လူ၊ နေရာ၊ ဖြစ်ရပ်တွေကနေ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကိုလည်း ဆန်းစစ်သွားပါမယ်။
^ အပိုဒ်၊ 12 အနှိုင်း၊ အနှိုင်းခံအကြောင်းကို ၂၀၁၅၊ မတ်လ ၁၅ ရက် ကင်းမျှော်စင် စာမျက်နှာ ၉-၁၁၊ စာပိုဒ် ၇-၁၂ နဲ့ စာမျက်နှာ ၁၇-၁၈ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ ကြည့်ပါ။