မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၉​ခ

ရေစီးထွက်လာရာကနေ ချောင်းဖြစ်သွား

ရေစီးထွက်လာရာကနေ ချောင်းဖြစ်သွား

သန့်ရှင်း​ရာ​ဌာနတော်​ကနေ စီးထွက်လာတဲ့ ရေစီး​ကြောင်း​နောက် ယေဇကျေလ​ လိုက်​လာပြီး တစ်မိုင်​အကျော်​လေးမှာပဲ​ အံ့ဖွယ်​ကောင်း​လောက်​အောင် မြစ်ရေ နက်​လာတယ်။​ မြစ်​ဘေး​တစ်လျှောက်​မှာ အာဟာရ ပေးတဲ့၊ အနာ​ရောဂါ​ ပျောက်စေတဲ့ စိမ်းလန်း​တဲ့​သစ်ပင်တွေကို မြင်တယ်။ ဒါတွေက ဘာကို ဆိုလိုသလဲ။

ကောင်းချီးတွေ ဆောင်ကြဉ်း​ပေးတဲ့ မြစ်ရေ

ရှေးခေတ်- ပြည်နှင်ခံ​တွေဟာ နေရင်းပြည် ပြန်လာတာနဲ့ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​ရာ​မှာ ပါဝင်ကြလို့ ကောင်းချီးတွေ ခံစားရ​ကြ

မျက်မှောက်ခေတ်- စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု ပြန်လည်​တည်ထောင်​တဲ့ ၁၉၁၉ ခုနှစ်​က​စပြီး ဘုရားရဲ့ သစ္စာရှိ​ကျေးကျွန်တွေ ကောင်းချီး မပြတ်​ခံစား​ရဖို့ လမ်းပွင့်​လာ

အနာဂတ်- အာမဂေဒုန်​ပြီးနောက် ဝတ်ပြုရေး​ပိုင်း​မှာ​ကော၊ ကာယရေးပိုင်း​မှာပါ ယေဟောဝါ ကောင်းချီး​ပေး

အသက်ပေး​ရေ

ရှေးခေတ်- နာခံမှု​ရှိတဲ့​လူတွေ အရေအတွက် တိုးပွား​နေသည့်တိုင် ယေဟောဝါ​က ကြွယ်ဝ​စွာ ကောင်းချီး​ပေးပြီး ဝတ်ပြုရေး​ပိုင်း​မှာ ရှင်သန်​စေ

မျက်မှောက်ခေတ်- တိုးတက်​နေတဲ့ ပုံဆောင်​ပရဒိသုမှာ တိုး​မြဲ​တိုး​နေတဲ့ ကျေးကျွန်တွေဟာ ယေဟောဝါ​ဆီက ကောင်းချီးတွေ​ခံစား​နေကြ​ရ​သလို ဝတ်ပြုရေး​ပိုင်း​မှာ ရှင်သန်​လာ​ကြ

အနာဂတ်- ရှင်ပြန်ထမြောက်​လာ​သူ သန်းပေါင်း​များစွာက အာမဂေဒုန် ကပ်ကျော်​လွတ်မြောက်​သူတွေနဲ့ ပူးပေါင်း​လာ​ကြ။ အားလုံးကို ယေဟောဝါ အလျှံပယ် ကောင်းချီး​ပေး

အနာ​ရောဂါ ပျောက်ကင်းစေဖို့ သီး​ပင်​စားပင်​များ

ရှေးခေတ်- ပြန်လည်​ထူထောင်​ထားတဲ့​ပြည်မှာ သစ္စာ​ရှိသူတွေကို ကျမ်းစာ​အမှန်တရား ယေဟောဝါ သွန်သင်ပေး။ ဘုရားရေးရာ​ပိုင်း ကြာရှည် ဖျားနာမှု​ကို ပျောက်ကင်းစေ

မျက်မှောက်ခေတ်- ကျမ်းစာ​အမှန်တရား​များစွာ ပြင်ဆင်​ပေးခြင်း​က ဒီနေ့ လောကရဲ့ ဘုရားရေးရာ​ပိုင်း ငတ်မွတ်မှု၊ ဖျားနာမှု​ကို တိုက်လှန်​ဖို့ ကူညီပေး

အနာဂတ်- ခရစ်တော်​နဲ့ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀၀၀ တို့​က နာခံတဲ့​လူသား​အားလုံးကို စုံလင်တဲ့​အဖြစ် ရောက်အောင်၊ ကျန်းမာခြင်း​သုခ​ကို ထာဝစဉ် ခံစား​နိုင်အောင် ကူညီပေး