မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၈ က

ရောက်လာမယ့် စစ်ပွဲကြီးအကြောင်း ယေဟောဝါ သတိပေး

ရောက်လာမယ့် စစ်ပွဲကြီးအကြောင်း ယေဟောဝါ သတိပေး

ယေဟောဝါ​က မိမိ​နဲ့ မိမိ​လူမျိုးကို ဆန့်ကျင်သူ​အားလုံးကို ဖယ်ရှားပစ်​မ​ယ့် စစ်ပွဲ​အကြောင်း သတိပေး​ထားတဲ့ ပရောဖက်ပြုချက်​များစွာ ကျမ်းစာမှာ ပါတယ်။ ဒီမှာ ဖော်ပြ​ထားတာ​တွေဟာ ပရောဖက်ပြုချက်​တချို့​သာ ဖြစ်တယ်။ သတိပေး​ချက်​တွေ​ထဲ​က ဆင်တူချက်တွေကို သတိပြုပါ။ သတိပေး​ချက်​တွေကို သိရှိ​တုံ့ပြန်​ဖို့ လူတိုင်းကို ယေဟောဝါ အခွင့်အရေး ပေး​ထားတယ်။

ရှေး​အစ္စရေး​ခေတ်

ယေဇကျေလ။ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက- ‘ငါ့​တောင်တန်း​တွေ​ပေါ်မှာ ဂေါဂ​ကို​တိုက်​ဖို့ ဓား​ကို ငါ​ဆင့်ခေါ်​လိုက်မယ်။’”—ယေဇ. ၃၈:၁၈-၂၃

ယေရမိ။ “လူအားလုံးကို [ယေဟောဝါ] ကိုယ်တိုင် စီရင်ချက်ချ​လိမ့်မယ်။ လူဆိုးတွေကို ဓား​ဘေး​လက်ထဲ အပ်​လိမ့်မယ်။”—ယေ. ၂၅:၃၁-၃၃

ဒံယေလ။ “ကောင်းကင်​အုပ်စိုးရှင် ဘုရားသခင်က . . . နိုင်ငံ​တစ်ခုကို တည်ထောင်​လိမ့်မယ်။ . . . နိုင်ငံ​အားလုံးကို ခြေမွှ​ဖျက်ဆီးလိမ့်မယ်။”—ဒံ. ၂:၄၄

အေဒီ ပထမရာစု

ယေရှု။ “ဒီ​လောက​တည်​ချိန်​ကနေ အခုထိ မဖြစ်ဖူးသေးတဲ့ . . . ကြီးစွာသောဒုက္ခဟာ အဲဒီအချိန်မှာ ဖြစ်လာမှာ​မို့​လို့​ပဲ။”—မ. ၂၄:၂၁၊ ၂၂

ပေါလု။ “သခင်​ယေရှု​က တန်ခိုးကြီး ကောင်းကင်တမန်တွေနဲ့​အတူ . . . ဘုရားသခင်ကို မသိ​သူတွေ . . . ကို လက်စားချေ​လိမ့်မယ်။”—၂ သက်. ၁:၆-၉

ပေတရု။ “ယေဟောဝါရဲ့ နေ့ဟာ သူခိုး​လာ​သလို ရောက်လာမယ်။ . . . မြေကြီးနဲ့ မြေကြီးပေါ်​က​အရာတွေ​လ​ည်း ဖော်ထုတ်​ခံရလိမ့်မယ်။”—၂ ပေ. ၃:၁၀

ယောဟန်။ “လူမျိုးတွေကို တိုက်ခိုက်မယ့် ထက်​တဲ့ ဓား​ရှည်​တစ်လက် [ယေရှု] ခံတွင်းထဲ​ကနေ ထိုး​ထွက်​နေတယ်။”—ဗျာ. ၁၉:၁၁-၁၈

မျက်မှောက်ခေတ်

ကျမ်းစာဟာ ခေတ်​တွေ​တစ်လျှောက် ဘာသာ​အပြန်​ရဆုံး၊ အ​ဖြန့်ချိ​ရ​ဆုံး စာအုပ် ဖြစ်

ယေဟောဝါရဲ့ မျက်မှောက်​ခေတ် ကျေးကျွန်များ . . .

  • ကျမ်းစာစာပေ သန်း​ထောင်ချီ​ကို ဘာသာစကား​ပေါင်း ရာနဲ့ချီ ထုတ်ဝေ

  • ဟောပြောခြင်း​လုပ်ငန်းမှာ နှစ်စဉ် နာရီ သန်း​ရာ​ချီ အသုံးပြု