မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၆​ခ

သက်ပြင်းချခြင်း၊ ညည်းတွားခြင်း၊ မှတ်သားခြင်း၊ ရိုက်ခွဲခြင်း—ဘယ်အချိန်လဲ၊ ဘယ်လိုလဲ

သက်ပြင်းချခြင်း၊ ညည်းတွားခြင်း၊ မှတ်သားခြင်း၊ ရိုက်ခွဲခြင်း—ဘယ်အချိန်လဲ၊ ဘယ်လိုလဲ

ယေဇကျေလ အခန်းကြီး ၉ ပါ စိတ်အာရုံမှာ မျက်မှောက်ခေတ် ပြည့်စုံချက် ရှိတယ်။ ဖြစ်ရပ်တွေ အဆင့်ဆင့် ဖြစ်​လာမယ့်​ပုံကို နားလည်​ထားခြင်းက ဒီ​စနစ်​အဆုံး​ကို ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ရင်ဆိုင်ဖို့ ကူညီပေး​နိုင်တယ်။

‘သက်ပြင်းချ​ခြင်း၊ ညည်းတွား​ခြင်း’

ဘယ်​အချိန်​လဲ။ နောက်ဆုံး​ကာလ​အတွင်း၊ ကြီးစွာသောဒုက္ခ မတိုင်ခင်

ဘယ်လို​လဲ။ စိတ်​ရိုး​ဖြောင့်​သူ​တိုင်း ဒီ​လောကရဲ့ ဆိုးညစ်​မှု​ကို ရွံမုန်း​ကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ပြ​ကြတယ်။ ဟောပြောခြင်း​လုပ်ငန်းကို တလိုတလား လက်ခံ​တုံ့​ပြန်တယ်။ ခရစ်ယာန်​အရည်အသွေးတွေ ပြကြတယ်။ ယေဟောဝါထံ ဆက်ကပ်​ကြောင်း နှစ်ခြင်းခံခြင်း​အားဖြင့် ပြ​ကြတယ်။ ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိ​ရှိ ထောက်မ​ကူညီ​ကြတယ်။

‘မှတ်သားခြင်း’

ဘယ်​အချိန်​လဲ။ ကြီးစွာသောဒုက္ခ​အတွင်း

ဘယ်လို​လဲ။ စာရေးတော်​မင်​ဘူး ချိတ်​ထား​သူဟာ လူမျိုး​အားလုံးရဲ့ တရားသူကြီး​အဖြစ် ကြွလာမယ့် ယေရှု​ခရစ်ကို ကိုယ်စားပြု​တ​ယ်။ လူအုပ်ကြီးဟာ သိုး​အဖြစ် စီရင်​မှတ်သား​ခံရမယ်။ ဒါက အာမ​ဂေဒုန်​မှာ အသက်ရှင်​လွတ်မြောက်မယ်​ဆိုတာကို ဖော်ပြတယ်။

‘ရိုက်ခွဲခြင်း’

ဘယ်​အချိန်​လဲ။ အာမဂေဒုန်​မှာ

ဘယ်လို​လဲ။ ယေရှု​ခရစ်​နဲ့​အတူ ကောင်းကင်တမန်တွေ၊ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ ပါဝင်တဲ့ ကောင်းကင်တပ်​က ဒီ​လောကဆိုး​ကို ဖျက်ဆီးပစ်မယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှုမှာ ပါဝင်​သူတွေကို ဖြောင့်မတ်တဲ့ ကမ္ဘာသစ်​ထဲ ပို့ဆောင်​မယ်။