မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၄က

“သတ္တဝါတွေကို ကျွန်တော် ဆက်ကြည့်နေတုန်း”

“သတ္တဝါတွေကို ကျွန်တော် ဆက်ကြည့်နေတုန်း”

နန်းတော်​တွေ၊ ဘုရားကျောင်း​တွေ​ရှေ့ အစောင့်​တွေ​လို ရပ်နေတဲ့ အ​တောင်ပံ​ပါတဲ့ လူ့​ခေါင်း​နဲ့ ဧရာမ နွား​ရုပ်၊ ခြင်္သေ့​ရုပ်​တွေကို ယေဇကျေလ မြင်ဖူး​မှာပါ။ ရှေးခေတ် အဆီးရီးယား​နဲ့ ဗာဗုလုန်ပြည်​တစ်လျှောက် ဒီလို​ရုပ်တုတွေ တွေ့ရ​တတ်တယ်။ တခြား​ကြည့်ရှုသူ​တွေ​လို​ပဲ ယေဇကျေလ​လည်း ဒီ​ဧရာမ​ရုပ်တုတွေကို တ​အံ့​တ​ဩ ကြည့်​ခဲ့​မှာ​ပဲ။ တချို့​ရုပ်တုတွေ​ဆို ပေ ၂၀ နီးပါး မြင့်တယ်။ ဒါပေမဲ့ ဘယ်လောက်​ပဲ တန်ခိုးကြီး​ပုံ​ပေါက်​နေပါ​စေ ဒီ​ရုပ်တု​တွေဟာ သက်​မဲ့​ကျောက်ထွင်း​ရုပ်​တွေ​သာ ဖြစ်တယ်။

ဆန့်ကျင်ဘက်​အနေနဲ့ ယေဇကျေလ စိတ်အာရုံမှာ “သတ္တဝါ” လေးပါး​ကို မြင်ခဲ့တယ်။ တကယ့်ကို ကွာခြား​ပါတယ်။ ပရောဖက်ပြုချက် နိဒါန်းပျိုး​ချိန်မှာ “သတ္တဝါ​တွေ” ဆိုတဲ့ စကားလုံး တစ်လုံးတည်း​ကို ၁၁ ကြိမ် သုံး​ရ​လောက်​တဲ့​အထိ ဒီ​မြင်ကွင်းက ယေဇကျေလ​ကို စိတ်ထိမိ​စေခဲ့တယ်။ (ယေဇ. ၁:၅-၂၂) ဘုရားရဲ့ ရာဇ​ပလ္လင်​အောက် ပြိုင်တူ​ရွေ့လျား​တဲ့ သတ္တဝါ​လေးပါး​အကြောင်း စိတ်အာရုံ​က ဖန်ဆင်းရာ​အားလုံးကို ယေဟောဝါ အပြည့်အဝ ထိန်းချုပ်​ထားကြောင်း ယေဇကျေလ​ကို စွဲမှတ်​စေခဲ့တယ်။ ဒီနေ့လည်း ဒီ​စိတ်အာရုံ​က ယေဟောဝါရဲ့ ကြီးမြတ်မှု၊ တန်ခိုးကြီး​မှု၊ အချုပ်အခြာအာဏာကို သိသိသာသာ စွဲမှတ်​စေတယ်။—၁ ရာ. ၂၉:၁၁