မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၇ခ

ယေဇကျေလကျမ်းမှ အဓိကအချက်များ

ယေဇကျေလကျမ်းမှ အဓိကအချက်များ

“လူသား”

အကြိမ်ပေါင်း ၉၀ ကျော် တွေ့ရ

ယေဇကျေလ​ကို “လူသား” ဆိုပြီး အကြိမ်ပေါင်း ၉၀ ကျော် ရည်ညွှန်း​ထားတယ်။ (ယေဇ. ၂:၁) အခွင့်ထူး​တွေ ရရှိ​ပေမဲ့ သာမန် မြေကြီးသား​တစ်ယောက်ပဲ​ဆိုတာ ယေဟောဝါ သတိပေး​နေခြင်း ဖြစ်တယ်။ ခရစ်ဝင်ကျမ်းတွေမှာ​လည်း ယေရှုကို “လူသား” ဆိုပြီး အကြိမ်ပေါင်း ၈၀ လောက် ဖော်ပြခဲ့တယ်။ ယေရှုဟာ လူ့​အသွင်ဆောင်​ထားတဲ့ ကောင်းကင်တမန် မဟုတ်ဘဲ လူသား​စင်စစ် ဖြစ်ကြောင်း ဒီ​စကားလုံးက ဖော်ပြတယ်။—မ. ၈:၂၀

“. . .ငါဟာ ယေဟောဝါပဲ​ဆိုတာ သိရကြလိမ့်မယ်”

အကြိမ်ပေါင်း ၅၀ ကျော် တွေ့ရ

“ငါဟာ ယေဟောဝါဆိုတာ သိရကြလိမ့်မယ်” ဆိုတဲ့ ဖော်ပြချက်ကို ယေဇကျေလ အကြိမ် ၅၀ ကျော် မှတ်တမ်း​တင်ခဲ့တယ်။ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ယေဟောဝါ​တစ်ပါးတည်းသာ ရထိုက်​ကြောင်း ဒီ​အချက်​က အလေးပေး​ဖော်ပြတယ်။—ယေဇ. ၆:၇

“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ”

အကြိမ်ပေါင်း ၂၁၇ ကြိမ် တွေ့ရ

“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ” ဆိုပြီး ၂၁၇ ကြိမ် ပါရှိ​ခြင်းက ဘုရားသခင့်​နာမတော်ကို ထိုက်​သင့်​စွာ အလေးပေး​နေခြင်း ဖြစ်ပြီး ဖန်ဆင်းရာ​အားလုံးဟာ ယေဟောဝါ​ထက် နိမ့်ကျ​ကြောင်း ဖော်ပြတယ်။—ယေဇ. ၂:၄