မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ခြင်း လေးထောင့်ကွက် ၁၆က

ဂျေရုဆလင်မြို့ဟာ အမည်ခံခရစ်ယာန်ဘာသာကို တင်စားသလား

ဂျေရုဆလင်မြို့ဟာ အမည်ခံခရစ်ယာန်ဘာသာကို တင်စားသလား

အယူဖောက်ပြန်တဲ့ ဂျေရုဆလင်ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာကို တင်စားတယ်လို့ အရင်က ကျွန်တော်တို့​စာပေတွေမှာ ဖော်ပြခဲ့တယ်။ ရုပ်တု​ကိုးကွယ်မှု၊ ပျံ့နှံ့နေ​တဲ့ အကျင့်ပျက်မှု​တို့ အပါအဝင် သစ္စာမဲ့ ဂျေရုဆလင်​မြို့ အခြေအနေ​တွေ​က အမည်ခံ​ခရစ်ယာန်​ဘာသာ​မှာ ဖြစ်ပျက်​နေတာတွေကို သတိ​ရစေတယ်။ ဒါပေမဲ့ ရှင်းလင်း​ခိုင်လုံတဲ့ ကျမ်းစာ​အထောက်အထား မရှိဘူး​ဆိုရင် ဒီ​စာအုပ် အပါအဝင် မကြာသေး​ခင်​နှစ်တွေ​က ထုတ်ဝေတဲ့ စာအုပ်တွေ​မှာ ပရောဖက်ပြုချက်တွေကို အ​နှိုင်း​နဲ့ အနှိုင်းခံ​ဆိုပြီး မရှင်းပြ​တော့​ဘူး။ ဂျေရုဆလင်​မြို့ဟာ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို တင်စား​ကြောင်း ခိုင်လုံတဲ့ ကျမ်းစာ​အထောက်အထား ရှိသလား။ မရှိပါဘူး။

အောက်ပါ အချက်တွေကို သုံးသပ်​ကြည့်ပါ။ တစ်ချိန်​တုန်းက ဂျေရုဆလင်​မြို့ဟာ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်မှု​ရဲ့ ဗဟို ဖြစ်ခဲ့တယ်။ နောက်ပိုင်း မြို့သူ​မြို့သား​တွေ အယူဖောက်ပြန်​သွားကြတယ်။ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကတော့ ဘယ်​တုန်း​ကမှ စင်ကြယ်​တဲ့ ဝတ်ပြု​ကိုး​ကွ​ယ်​မှု​မှာ မပါဝင်​ခဲ့ဖူးဘူး။ အေဒီ လေး​ရာစု​မှာ အမည်ခံ​ခရစ်ယာန်​ဘာသာ ပေါ်ပေါက်​လာချိန်​ကတည်းက မှားယွင်းတဲ့ အယူဝါဒတွေ​ကို အမြဲ သွန်သင်​ခဲ့​တ​ယ်။

ဒီ့ပြင် ဂျေရုဆလင်​မြို့ဟာ ဗာဗုလုန်​တွေရဲ့ ဖျက်ဆီးခြင်း ခံရပြီးတဲ့​နောက်မှာ ယေဟောဝါရဲ့ မျက်နှာသာ ပြန်​ရခဲ့လို့ စစ်မှန်တဲ့ ဝတ်ပြု​ကိုးကွယ်မှုရဲ့ ဗဟို ပြန်ဖြစ်​လာတယ်။ ဒါပေမဲ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​ဟာ ဘုရားမျက်နှာသာ ဘယ်​တုန်း​ကမှ မရခဲ့​ဖူး​ဘူး။ ကြီးစွာသောဒုက္ခ​အတွင်း ဖျက်ဆီး​ခံရပြီး​တာ​နဲ့ ဘယ်တော့မှ ပြန်​ပေါ်လာ​တော့​မှာ မဟုတ်ဘူး။

ဘာ​ကောက်ချက် ချ​နိုင်သလဲ။ သစ္စာမဲ့ ဂျေရုဆလင်​မြို့နဲ့ပတ်သက်ပြီး ပြည့်စုံခဲ့​ပြီး​တဲ့ ကျမ်းစာ​ပရောဖက်ပြုချက်တွေကို ဆန်းစစ်တဲ့​အခါ ‘ဒီအချက်​က ဒီနေ့ အမည်ခံ​ခရစ်ယာန်​ဘာသာ​မှာ တွေ့​နေရတာ​တွေ​နဲ့ အတော်လေး ဆင်တူ​တာ​ပဲ’ လို့ ပြော​မိ​နိုင်တယ်။ ဒါပေမဲ့ ဂျေရုဆလင်​မြို့​က အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို တင်စားတယ်လို့ ပြောဖို့တော့ ကျမ်းစာ​အထောက်အထား မရှိဘူး။