အခန်း ကိုး
ဉာဏ်အမြော်အမြင်ရှိရှိ သူပြုမူခဲ့
၁-၃။ (က) အဘိဂဲလရဲ့ အိမ်ထောင်အပေါ် အန္တရာယ်ကျရောက်ဖို့အကြောင်း ဘယ်လို ဖြစ်ပေါ်လာသလဲ။ (ခ) ထူးခြားတဲ့ ဒီအမျိုးသမီးအကြောင်း ဘာသိရမလဲ။
အဘိဂဲလဟာ အထိတ်တလန့်ဖြစ်နေတဲ့ လူငယ်တစ်ဦးကို တွေ့လိုက်တယ်။ တကယ်လည်း ထိတ်လန့်စရာပါပဲ။ အန္တရာယ်ဆိုးကြီး ကျရောက်တော့မယ်။ အဘိဂဲလရဲ့ခင်ပွန်း နာဗလရဲ့အိမ်မှာရှိတဲ့ ယောက်ျားအားလုံးကိုသတ်ဖို့ လာနေတဲ့ စစ်သူရဲ ၄၀၀ လောက်ကို အဲဒီလူငယ် အခုပဲ လမ်းမှာ တွေ့လာခဲ့တယ်။ သူတို့ကို ဘာကြောင့် သတ်ချင်နေရတာလဲ။
၂ နာဗလကြောင့်ပဲ။ သူဟာ ခါတိုင်းလိုပဲ ခက်ခက်ထန်ထန် မောက်မောက်မာမာ ပြုမူပြောဆိုခဲ့တယ်။ ဒီတစ်ခါတော့ သူ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့သူက ရိုးရိုးလူ မဟုတ်ဘူး။ စစ်ရည်ဝနေတဲ့ သစ္စာရှိ စစ်သည်တစ်စုရဲ့ ရိုသေလေးစားခံရတဲ့ တပ်မှူးဖြစ်နေတယ်။ အခုတော့၊ နာဗလရဲ့ သိုးထိန်းတစ်ယောက် ဖြစ်နိုင်တဲ့ ဒီလူငယ်က အဘိဂဲလများ ကယ်နိုင်မလားဆိုပြီး အားကိုးတကြီးနဲ့ ရောက်လာတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်က လက်နက်ကိုင် စစ်တပ်ကို ဘယ်လို တားဆီးနိုင်မှာလဲ။
အမျိုးသမီးတစ်ယောက်က လက်နက်ကိုင် စစ်တပ်တစ်တပ်ကို ဘယ်လို တားဆီးနိုင်မှာလဲ
၃ ဦးဆုံးအနေနဲ့ ဒီထူးခြားတဲ့ အမျိုးသမီးအကြောင်း နည်းနည်း လေ့လာကြည့်ကြစို့။ အဘိဂဲလဟာ ဘယ်သူလဲ။ အဲဒီ ဘေးကျပ်နံကျပ် အခြေအနေ ဘယ်လို ဖြစ်လာသလဲ။ သူ့ရဲ့ယုံကြည်ခြင်း စံနမူနာကနေ ဘာသင်ယူနိုင်သလဲ။
“ချင့်ချိန်နိုင်စွမ်းရှိတယ်။ ချောမောလှပတယ်”
၄။ နာဗလဟာ ဘယ်လို လူစားမျိုးလဲ။
၄ အဘိဂဲလနဲ့ နာဗလတို့ စုံတွဲဟာ လုံးဝ မလိုက်ဖက်ဘူး။ နာဗလဟာ အဘိဂဲလထက်သာတဲ့ ဇနီးကို ရနိုင်မှာမဟုတ်သလို အဘိဂဲလကလည်း နာဗလထက်ဆိုးတဲ့ လင်ယောက်ျား ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ နာဗလဟာ ချမ်းသာတဲ့အတွက် သူ့ကိုယ်သူ သိပ်အရေးပါသူလို့ ရှုမြင်ပေမဲ့ တခြားသူတွေက သူ့ကို ဘယ်လို ရှုမြင်သလဲ။ ကျမ်းစာထဲမှာ သူ့လောက် အထင်အမြင်သေးခံရတဲ့ စကားလုံးတွေနဲ့ အခေါ်ခံရတဲ့သူက ခပ်ရှားရှားပဲ။ သူ့နာမည်ကိုက “အသိတရားမရှိခြင်း၊” “မိုက်မဲခြင်း” လို့အဓိပ္ပာယ်ရှိတယ်။ အဲဒီနာမည်ကို သူမွေးကတည်းက မိဘတွေ ပေးတာလား ဒါမှ၁ ရှ. ၂၅:၂၊ ၃၊ ၁၇၊ ၂၁၊ ၂၅။
မဟုတ် သူ့စရိုက်နဲ့ လိုက်ဖက်လို့ အဲဒီနာမည်ဆိုး ရလာတာလား မသိရပေမဲ့ သူဟာ နာမည်နဲ့လိုက်အောင် မိုက်တဲ့သူပဲ။ နာဗလဟာ “ခက်ထန်တဲ့အပြင် စရိုက်လည်း ကြမ်းတယ်။” အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ အရက်သမားဖြစ်လို့ လူအများက သူ့ကို ကြောက်ပြီး ကြည့်မရကြဘူး။—၅၊ ၆။ (က) အဘိဂဲလရဲ့ အကောင်းဆုံး အရည်အသွေးတွေက ဘာဖြစ်မယ်လို့ ထင်သလဲ။ (ခ) အဘိဂဲလဟာ ဘာကြောင့် နာဗလနဲ့ လက်ထပ်ခဲ့တာ ဖြစ်မလဲ။
၅ အဘိဂဲလကျတော့ နာဗလနဲ့ တခြားစီပဲ။ သူ့နာမည်က “အဖေဟာ သူ့ကိုယ်သူ ဝမ်းသာစေတယ်” လို့အဓိပ္ပာယ်ရှိတယ်။ အဖေတွေဟာ သမီးချောလေးရလို့ ဝမ်းသာတတ်ကြတယ်။ ပညာရှိတဲ့ အဖေဆိုရင် စိတ်ထားလှတဲ့ သမီးအတွက် ပိုပြီးတောင် ဂုဏ်ယူဝမ်းမြောက်မှာပဲ။ အများအားဖြင့်တော့ ရုပ်ရည်လှတဲ့သူဟာ မြော်မြင်ချင့်ချိန်နိုင်စွမ်း၊ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိ၊ ယုံကြည်ခြင်း စတဲ့အရည်အသွေးတွေကို မွေးမြူဖို့ လိုတယ်ဆိုတာ သဘောမပေါက်တတ်ကြဘူး။ အဘိဂဲလကတော့ အဲဒီလိုမဟုတ်ဘူး။ ဉာဏ်အမြော်အမြင်ရှိပြီး ချောမောလှပတဲ့အတွက် သူ့ကို ကျမ်းစာမှာ ချီးမွမ်းထားတယ်။—၁ ရှမွေလ ၂၅:၃ ကိုဖတ်ပါ။
၆ ထက်မြက်တဲ့ ဒီအမျိုးသမီးငယ်ဟာ ဒီလိုအသုံးမကျတဲ့လူကို ဘာကြောင့် လက်ထပ်တာလဲလို့ တချို့ တွေးမိမှာပဲ။ ကျမ်းစာခေတ်က သားသမီးတွေကို မိဘတွေက အိမ်ထောင်ချပေးတတ်ကြတယ်။ အဲဒီလို မဟုတ်ရင်တောင် မိဘတွေရဲ့ သဘောတူညီချက်က အဓိကကျတယ်။ အဘိဂဲလရဲ့ မိဘတွေဟာ နာဗလရဲ့ စည်းစိမ်ဥစ္စာကို မက်မောပြီး ဆင်းရဲတွင်းကနေ လွတ်မြောက်ချင်လို့များ သမီးကို သူနဲ့ ပေးစားလိုက်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် နာဗလရဲ့ငွေဟာ သူ့ကို ခင်ပွန်းကောင်းတစ်ယောက် မဖြစ်စေခဲ့ပါဘူး။
၇။ (က) အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အမြင်ရှိဖို့ မိဘတွေက ကလေးတွေကို ဘာမသင်ပေးဖို့ သတိထားရမလဲ။ (ခ) ဘာလုပ်ဖို့ အဘိဂဲလ စိတ်ပိုင်းဖြတ်ထားသလဲ။
၇ ပညာရှိတဲ့မိဘတွေဟာ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့အမြင်ရှိဖို့ သားသမီးတွေကို သွန်သင်ပေးတတ်ကြတယ်။ သားသမီးတွေကို ငွေအတွက် အိမ်ထောင်ပြုဖို့ မတိုက်တွန်းသလို လူကြီးတာဝန်နဲ့ ဝတ္တရားတွေကို မထမ်းဆောင်နိုင်သေးခင် ငယ်ရွယ်တဲ့အချိန်မှာ ရည်းစားမထားဖို့လည်း သွန်သင်ပေးမှာပဲ။ (၁ ကော. ၇:၃၆) အဘိဂဲလခမျာ အဲဒါတွေကို စဉ်းစားနေဖို့ မဖြစ်နိုင်တော့ဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် နာဗလနဲ့ လက်ထပ်ပြီးနေပြီ။ ဒီလိုခက်ခဲတဲ့ အခြေအနေမှာ အတတ်နိုင်ဆုံး ပြေလည်အောင်နေသွားဖို့ပဲ သူ ဆုံးဖြတ်ထားတယ်။
“သခင်က ရိုင်းရိုင်းစိုင်းစိုင်း အော်ထုတ်တယ်”
၈။ ဘယ်သူ့ကို နာဗလ စော်ကား ပြောဆိုလိုက်သလဲ။ ဒါက တော်တော်မိုက်မဲတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၈ နာဗလဟာ အဘိဂဲလရဲ့ အခြေအနေကို ပိုခက်ခဲဆိုးရွားအောင် လုပ်လိုက်ပြီ။ သူစော်ကား ပြောဆိုလိုက်သူဟာ ဒါဝိဒ်ဖြစ်နေတယ်။ ဒါဝိဒ်ဟာ ရှောလုရဲ့ ဘုရင်နေရာကို ဆက်ခံဖို့ ဘုရားသခင် ရွေးချယ်ထားသူ၊ ပရောဖက်ရှမွေလ ဘိသိက်ပေးခဲ့တဲ့ ယေဟောဝါဘုရားရဲ့ သစ္စာရှိကျေးကျွန် ဖြစ်တယ်။ (၁ ရှ. ၁၆:၁၊ ၂၊ ၁၁-၁၃) လောလောဆယ်မှာတော့ မနာလိုစိတ်ရှိပြီး လူသတ်ဖို့ ဝန်မလေးတဲ့ ဘုရင်ရှောလုဆီကနေ ဒါဝိဒ် ထွက်ပြေး တိမ်းရှောင်နေရပြီး သူ့ရဲ့ သစ္စာရှိစစ်သည် ၆၀၀ နဲ့အတူ တောထဲမှာ ပုန်းအောင်းနေရတယ်။
၉၊ ၁၀။ (က) ဒါဝိဒ်နဲ့ သူ့လူတွေအတွက် အစားအစာရဖို့ ဘာကြောင့် ခက်နိုင်သလဲ။ (ခ) ဒါဝိဒ်နဲ့ သူ့လူတွေ လုပ်ပေးတာတွေအတွက် နာဗလ ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။ (အပိုဒ် ၁၀ ရဲ့ အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
* ဒီမြို့တွေဟာ စိမ်းလန်းစိုပြည်တဲ့ ကုန်းမြင့်ဒေသမှာ ရှိနေလို့ နာဗလရဲ့သိုး ၃,၀၀၀ အတွက် စားကျက်ကောင်းပဲ။ ဒါပေမဲ့ ဒီနယ်မြေရဲ့ ပတ်ပတ်လည်ဟာ တောရိုင်းဒေသဖြစ်နေတယ်။ တောင်ဘက်မှာ ပါရန်တောအရပ်၊ အရှေ့ဘက်မှာ ဆားငန်ပင်လယ်ရှိတယ်။ အဲဒီပင်လယ်နဲ့ မြို့တွေကြားမှာ လျှိုမြောင်နဲ့ ဥမင်လိုဏ်ဂူတွေ ရှိတယ်။ ဒီနေရာမှာ ဒါဝိဒ်နဲ့ သူ့လူတွေဟာ အစားအစာရဖို့ ခက်မှာဖြစ်သလို တခြားအခက်အခဲ မျိုးစုံနဲ့လည်း ကြုံတွေ့ရမှာပဲ။ အဲဒီမှာ သူဌေးကြီး နာဗလရဲ့ သိုးထိန်းတွေနဲ့ မကြာခဏ ဆုံတွေ့နိုင်တယ်။
၉ နာဗလဟာ မောနမြို့မှာ နေထိုင်ပေမဲ့ ကရမေလမြို့အနီးက လယ်မြေတွေကို ပိုင်ဆိုင်ထားပုံရတယ်။၁၀ အလုပ်ကြိုးစားတဲ့ ဒီစစ်သူရဲတွေဟာ သိုးထိန်းတွေနဲ့ ဘယ်လို ဆက်ဆံခဲ့သလဲ။ သိုးတွေကို အလွယ်တကူ ဖမ်းယူ စားနိုင်ပေမဲ့ သူတို့ မလုပ်ကြဘူး။ အဲဒီအစား နာဗလရဲ့ သိုးအုပ်နဲ့ သိုးထိန်းတွေကို ကာကွယ် စောင့်ရှောက်ပေးခဲ့ကြတယ်။ (၁ ရှမွေလ ၂၅:၁၅၊ ၁၆ ကိုဖတ်ပါ။) သိုးအုပ်နဲ့ သိုးထိန်းတွေဟာ အန္တရာယ်မျိုးစုံ ကြုံတွေ့နိုင်တယ်။ အဲဒီအချိန်က သားရဲတိရစ္ဆာန်တွေ အရမ်းပေါများတယ်။ အဲဒီအပြင် အစ္စရေးနိုင်ငံ တောင်ပိုင်းနယ်စပ်နဲ့ နီးတဲ့အတွက် တိုင်းတစ်ပါးက သူခိုးဓားပြတွေရဲ့ လုယက်တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရတတ်ကြတယ်။ *
၁၁၊ ၁၂။ (က) နာဗလဆီ လူတွေကို လွှတ်လိုက်တဲ့အခါ ဒါဝိဒ်ရဲ့ လိမ္မာပါးနပ်မှုနဲ့ ရိုသေလေးစားမှုကို ဘယ်လို တွေ့နိုင်သလဲ။ (ခ) နာဗလရဲ့တုံ့ပြန်ပုံက ဘာကြောင့် မှားသလဲ။
၁၁ တောကန္တာရမှာ သူ့လူတွေစားဖို့ အစားအစာ ရှာပေးရတာက ဒါဝိဒ်အတွက် တာဝန်ကြီးတစ်ခုပဲ။ တစ်နေ့ကျတော့ ဒါဝိဒ်ဟာ သူ့လူဆယ်ယောက်ကို နာဗလဆီလွှတ်ပြီး အကူအညီတောင်းခိုင်းတယ်။ အဲဒီအချိန်က သိုးမွေးညှပ်ပွဲခံချိန်၊ အစားအသောက်တွေ အလျှံပယ်ကျွေးတဲ့ အချိန်ဖြစ်လို့ အချိန်အခါကောင်းပဲ။ ဒါဝိဒ်ဟာ ယဉ်ကျေးတဲ့ စကားလုံးတွေရွေးပြီး ပြောခိုင်းတဲ့အပြင် နာဗလရဲ့ အသက်အရွယ်ကို ထောက်ပြီး “လူကြီးမင်းရဲ့သား ဒါဝိဒ်” လို့ ရိုရိုသေသေ ပြောခိုင်းတယ်။ နာဗလ ဘယ်လို တုံ့ပြန်ခဲ့သလဲ။—၁ ရှ. ၂၅:၅-၈။
၁၂ နာဗလဟာ ဒေါသပေါက်ကွဲသွားတယ်။ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ လူငယ်ပြောသလို “သခင်က ရိုင်းရိုင်းစိုင်းစိုင်း အော်ထုတ်တယ်” လို့ အဘိဂဲလကို ပြောပြတယ်။ ကပ်စေးနှဲတဲ့ နာဗလက သူရဲ့ စားစရာ၊ သောက်စရာတွေကို ဘယ်ကလာမှန်း မသိတဲ့၊ သခင်ဆီကနေ ထွက်ပြေးလာတဲ့ ကျွန်ကို မပေးနိုင်ဘူးလို့ စော်ကား ပြောဆိုလိုက်တယ်။ နာဗလရဲ့ အမြင်ဟာ ဒါဝိဒ်ကိုမုန်းတဲ့ ရှောလုရဲ့ အမြင်နဲ့ တူနေတယ်။ သူတို့နှစ်ယောက်စလုံးမှာ ယေဟောဝါဘုရားရဲ့အမြင် မရှိဘူး။ ဘုရားသခင်က ဒါဝိဒ်ကို ချစ်တယ်။ ပုန်ကန်တဲ့ကျွန်အဖြစ် မမြင်ဘဲ အစ္စရေးတွေရဲ့ မင်းလောင်းအဖြစ် ရှုမြင်တယ်။—၁ ရှ. ၂၅:၁၀၊ ၁၁၊ ၁၄။
၁၃။ (က) နာဗလရဲ့ ရိုင်းစိုင်းမှုကို စစချင်း ဒါဝိဒ် ဘယ်လို တုံ့ပြန်ခဲ့သလဲ။ (ခ) ယာကုပ် ၁:၂၀ မှာ ပါတဲ့ ကျမ်းစာမူက ဒါဝိဒ်ရဲ့ တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး ဘာသင်ပေးသလဲ။
၁ ရှ. ၂၅:၁၂၊ ၁၃၊ ၂၁၊ ၂၂) ဒါဝိဒ် ဒေါသထွက်မယ်ဆိုလည်း ထွက်စရာပဲ။ ဒါပေမဲ့ ဒေါသကို ဖော်ပြပုံက မှားနေတယ်။ “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး” လို့ကျမ်းစာက ဆိုတယ်။ (ယာ. ၁:၂၀) သူ့အိမ်ထောင်စုကို အဘိဂဲလ ဘယ်လို ကယ်မလဲ။
၁၃ ဒါဝိဒ်ရဲ့လူတွေက အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ ဒါဝိဒ် တော်တော်လေး ဒေါသထွက်သွားတယ်။ “ဓားကိုယ်စီ ဆွဲခဲ့ကြ” လို့အမိန့်ပေးပြီး သူကိုယ်တိုင်လည်း ဓားကို ခါးမှာ ချိတ်ဆွဲပြီး လူ ၄၀၀ နဲ့အတူ ထွက်လာတယ်။ နာဗလရဲ့ အိမ်ထောင်စုက ယောက်ျားအားလုံးကို သတ်ပစ်မယ်လို့ သူကျိန်ဆိုတယ်။ (“ဆင်ခြင်ဉာဏ်ရှိတဲ့ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ”
၁၄။ (က) နာဗလရဲ့ အမှားကို ပြင်ပေးဖို့ အဘိဂဲလ အရင်ဆုံး ဘာလုပ်သလဲ။ (ခ) နာဗလနဲ့ အဘိဂဲလတို့ရဲ့ ကွာခြားချက်ကနေ ဘာသင်ခန်းစာရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၄ အဘိဂဲလဟာ ဒီအမှားကြီးကို တည့်မတ်ပေးဖို့ စတင် လုပ်ဆောင်နေပြီ။ သူဟာ ခင်ပွန်းနာဗလနဲ့ မတူဘဲ နားထောင်ဖို့ အသင့်ရှိတယ်။ “ယုတ်ညံ့တဲ့သခင်ကိုတော့ ဘယ်သူမှ မပြောရဲကြဘူး” လို့ လူငယ်ပြောတဲ့အတိုင်းပဲ ဒီကိစ္စကို နာဗလဆီ ဘယ်သူမှ သွားမပြောရဲကြဘူး။ * (၁ ရှ. ၂၅:၁၇) နာဗလဟာ သူ့ကိုယ်သူ အထင်ကြီးလွန်းလို့ တခြားသူတွေရဲ့ စကားကို အရေးတယူ နားမထောင်ပေးဘူး။ ဒီလို မာန်တက်နေတာမျိုးကို ဒီနေ့ခေတ်မှာလည်း တွေ့မြင်နေရတယ်။ အဘိဂဲလကတော့ အဲဒီလိုမဟုတ်မှန်း လူငယ်သိထားတဲ့အတွက် သူ့ဆီလာပြီး ပြဿနာကို ပြောပြတယ်။
နာဗလနဲ့ မတူဘဲ အဘိဂဲလဟာ နားထောင်ဖို့ အသင့်ရှိခဲ့
၁၅၊ ၁၆။ (က) အဘိဂဲလဟာ ပညာအလိမ္မာကျမ်းက အရည်အချင်းပြည့်တဲ့ ဇနီးနဲ့တူကြောင်း ဘယ်လို ဖော်ပြသလဲ။ (ခ) အဘိဂဲလဟာ ခင်ပွန်းကိုကျော်ပြီး လုပ်နေတာလား။
၁၅ အဘိဂဲလဟာ ချက်ချင်းစဉ်းစားပြီး သွက်သွက်လက်လက် လုပ်ဆောင်လိုက်တယ်။ ဒီမှတ်တမ်းမှာ သူနဲ့ပတ်သက်ပြီး “အမြန်” ဆိုတဲ့စကားလုံးကို လေးကြိမ် အသုံးပြုထားတာ တွေ့ရတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေအတွက် မုန့်တွေ၊ စပျစ်ရည်နဲ့ သိုးသား၊ ကောက်နှံလှော်၊ စပျစ်သီးပျဉ်၊ သဖန်းသီးပျဉ်စတဲ့ စားစရာတွေကို ထုပ်ပိုးလိုက်တယ်။ သူ့အိမ်မှာ ဘာတွေရှိတယ်ဆိုတာ အဘိဂဲလ ကောင်းကောင်းသိထားပြီး အိမ်မှုကိစ္စ နိုင်တဲ့သူဖြစ်မှန်း ထင်ရှားတယ်။ ပညာအလိမ္မာကျမ်းမှာ ဖော်ပြတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးနဲ့တူတယ်။ (ပညာ. ၃၁:၁၀-၃၁) အဲဒီစားစရာတွေကို ကျွန်တွေနဲ့ ထည့်ပေးလိုက်ပြီး နောက်ကနေ တစ်ယောက်တည်း လိုက်သွားတယ်။ “ခင်ပွန်းနာဗလကိုတော့ အသိမပေးဘူး” လို့ ဆက်ဖတ်ရတယ်။—၁ ရှ. ၂၅:၁၈၊ ၁၉။
၁၆ အဘိဂဲလဟာ ခင်ပွန်းကို ကျော်ပြီး လုပ်နေတာလား။ လုံးဝမဟုတ်ပါဘူး။ နာဗလဟာ
ယေဟောဝါဘုရားရဲ့ ဘိသိက်ခံကျေးကျွန်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တဲ့အတွက် အပြစ်မရှိတဲ့ အိမ်သူအိမ်သားတွေ အသတ်ခံရတော့မယ်။ အဘိဂဲလသာ ဘာမှမလုပ်ဘူးဆိုရင် ခင်ပွန်းရဲ့အပြစ်မှာ ကြံရာပါ ဖြစ်သွားနိုင်တယ်။ ဒီအခြေအနေမှာ သူဟာ ခင်ပွန်းထက် ဘုရားသခင်ကို လက်အောက်ခံဖို့ လိုအပ်နေတယ်။၁၇၊ ၁၈။ အဘိဂဲလဟာ ဒါဝိဒ်ဆီ ဘယ်လို ချဉ်းကပ်ခဲ့သလဲ။ ဘာတွေ ပြောခဲ့သလဲ။ သူ့ရဲ့ စကားတွေက ဘာကြောင့် ထိရောက်သလဲ။
၁၇ မကြာခင်မှာပဲ အဘိဂဲလဟာ ဒါဝိဒ်တို့အဖွဲ့နဲ့ လမ်းမှာ ဆုံတယ်။ ဒါနဲ့ မြည်းပေါ်ကနေ အမြန်ဆင်းပြီး ဒါဝိဒ်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်လိုက်တယ်။ (၁ ရှ. ၂၅:၂၀၊ ၂၃) အဲဒီနောက် သူ့ခင်ပွန်းနဲ့ အိမ်သူအိမ်သားတွေကို ကရုဏာပြဖို့ အသနားခံခဲ့တယ်။ သူ့ရဲ့စကားတွေက ဘာကြောင့် ထိရောက်တာလဲ။
၁၈ ပြဿနာကို သူခေါင်းခံလိုက်ပြီး သူ့ကို ခွင့်လွှတ်ပါလို့ ဒါဝိဒ်ကို အသနားခံတယ်။ သူ့ခင်ပွန်းဟာ နာမည်နဲ့လိုက်အောင် မိုက်မဲတယ်လို့ အမှန်အတိုင်း ဝန်ခံတယ်။ ဒီလိုလူစားမျိုးကို အရေးလုပ်ပြီး တုံ့ပြန်တာက သိက္ခာကျရုံပဲ ရှိတယ်လို့ ဆိုလိုနေပုံရတယ်။ ဒါဝိဒ်ကို “ယေဟောဝါဘုရားအတွက် တိုက်ပွဲဝင်နေသူ” လို့ ပြောခြင်းအားဖြင့် ဒါဝိဒ်ဟာ ယေဟောဝါရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချကြောင်း အဘိဂဲလ ဖော်ပြတယ်။ “ယေဟောဝါဘုရားက သခင့်ကို . . . အစ္စရေးခေါင်းဆောင်အဖြစ် ခန့်အပ်” မယ်လို့ ပြောတဲ့အတွက် ဒါဝိဒ်ကို ဘုရင့်အရိုက်အရာ ပေးမယ်ဆိုတဲ့ ယေဟောဝါဘုရားရဲ့ ကတိတော်ကို သိကြောင်းလည်း ဖော်ပြတယ်။ ဒီ့အပြင် သွေးပြစ်သင့်စေနိုင်တဲ့၊ နောက်ပိုင်း “ဝမ်းနည်းပြီး နောင်တရတဲ့ အဖြစ်မျိုး” မကျူးလွန်ဖို့ ဒါဝိဒ်ကို ဖျောင်းဖျတယ်။ အမှားအမှန် သိစိတ်ကို ဒုက္ခပေးမယ့်လုပ်ရပ်ကို ရည်ညွှန်းနေတာဖြစ်တယ်။ (၁ ရှမွေလ ၂၅:၂၄-၃၁ ကိုဖတ်ပါ။) အကြင်နာတရား ပြည့်ဝပြီး စိတ်နှလုံးကို ထိမိစေတဲ့ စကားတွေပါပဲ။
၁၉။ အဘိဂဲလရဲ့စကားကို ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။ အဘိဂဲလကို ဘာကြောင့် ချီးမွမ်းခဲ့သလဲ။
၁၉ ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။ အဘိဂဲလ ယူလာတာတွေကို သူ လက်ခံပြီးတဲ့နောက် ဒီလို ပြန်ပြောတယ်– “ဒီနေ့ ငါနဲ့တွေ့ဖို့ မင်းကို လွှတ်လိုက်တဲ့အရှင်၊ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းပါတယ်။ ဆင်ခြင်ဉာဏ်ရှိတဲ့ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ဒီနေ့ ငါလူမသတ်မိအောင်၊ ကိုယ်တိုင် လက်စားမချေမိအောင် တားဆီးပေးတဲ့ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။” ဒါဝိဒ်နဲ့ တွေ့ဆုံဖို့ သတ္တိရှိရှိ၊ မြန်မြန်ဆန်ဆန် ရောက်လာတဲ့ အဘိဂဲလကို ချီးမွမ်းပြီး သူ့ကြောင့် လူ့အသက်သတ်တဲ့ အပြစ်ကို မကျူးလွန်မိတော့ဘူးလို့ ဝန်ခံတယ်။ ပြီးတော့ “အိမ်ကို စိတ်ချလက်ချပြန်ပါ။ မင်းရဲ့စကားကို နားထောင်” မှာပါလို့ နှိမ့်ချမှုရှိရှိ အဘိဂဲလကို ပြောလိုက်တယ်။—၁ ရှ. ၂၅:၃၂-၃၅။
‘ကျွန်မဟာ အစေခံ မိန်းမပါ’
၂၀၊ ၂၁။ (က) ခင်ပွန်းဆီပြန်သွားတဲ့ အဘိဂဲလမှာ ချီးမွမ်းစရာ ဘယ်အချက်တွေ တွေ့ရသလဲ။ (ခ) နာဗလကို စကားပြောမယ့်အချိန် ရွေးချယ်ရာမှာ အဘိဂဲလရဲ့ ဉာဏ်အမြော်အမြင်နဲ့ သတ္တိကို ဘယ်လို တွေ့နိုင်သလဲ။
၂၀ သူတို့လမ်းခွဲပြီးနောက် အဘိဂဲလဟာ ဒါဝိဒ်နဲ့ တွေ့ဆုံခဲ့တာကို မစဉ်းစားဘဲ မနေနိုင်၁ ရှ. ၂၅:၃၆။
ခဲ့ဘူး။ သစ္စာရှိပြီး ကြင်နာတဲ့ဒါဝိဒ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သူ့ခင်ပွန်းနာဗလ ဘယ်လောက် ကွာခြားတယ်ဆိုတာကိုလည်း သူ သတိထားမိမှာပဲ။ ဒါပေမဲ့ အဲဒီအတွေးထဲမှာပဲ နစ်မျောမနေခဲ့ပါဘူး။ “အဘိဂဲလက နာဗလဆီ ပြန်လာတယ်” လို့ ဖတ်ရတယ်။ နာဗလရဲ့ ဇနီးအနေနဲ့ သူ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ဆောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေကို စားစရာ၊ သောက်စရာတွေ ပေးလိုက်တဲ့အကြောင်း ခင်ပွန်းကိုပြောပြဖို့ သူ့မှာ တာဝန်ရှိတယ်။ ဒါကို သူ့ခင်ပွန်း သိပိုင်ခွင့်ရှိတယ်။ သီသီလေး လွတ်သွားတဲ့ အန္တရာယ်အကြောင်းကိုလည်း ပြောပြရမယ်။ ဒီသတင်းကို တခြားသူဆီက ကြားရင် နာဗလ ပိုအရှက်ကွဲမယ်။ ဒါပေမဲ့ နာဗလဟာ ဘုရင်တစ်ပါးလို ပွဲခံပြီး သောက်စားမူးယစ်နေလို့ အခုတော့ ပြောလို့ မဖြစ်သေးဘူး။—၂၁ ဒီတစ်ကြိမ်မှာလည်း အဘိဂဲလဟာ ဉာဏ်အမြော်အမြင်နဲ့ သတ္တိကိုပြပြီး နာဗလ အမူးပြေတဲ့ နောက်နေ့မနက်အထိ စောင့်နေခဲ့တယ်။ သူပြောတာကို နားထောင်မှာဖြစ်ပေမဲ့ ထုံးစံအတိုင်း ဒေါသပေါက်ကွဲနိုင်တယ်ဆိုတာ အဘိဂဲလ သိထားတယ်။ ဘာပဲဖြစ်ဖြစ် နာဗလဆီသွားပြီး အကြောင်းစုံကို ပြောပြလိုက်တယ်။ နာဗလ ဒေါသပေါက်ကွဲပြီး ဝုန်းဒိုင်းကြဲမှာပဲလို့ သူထင်နေတာ။ ဒါပေမဲ့ ထိုင်နေတဲ့ နာဗလဟာ လုံးဝ မလှုပ်ရှားနိုင်တော့ဘူး။—၁ ရှ. ၂၅:၃၇။
၂၂။ နာဗလ ဘာဖြစ်သွားသလဲ။ အိမ်တွင်း အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။
၂၂ နာဗလ ဘာဖြစ်သွားလို့လဲ။ “နာဗလရဲ့နှလုံး ရပ်သွားပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့ဘဲ ကျောက်တုံးလို ဖြစ်သွားတယ်။” လေဖြတ်သွားတဲ့ပုံပဲ။ ဆယ်ရက်လောက်ကြာတော့ သူသေဆုံးသွားတယ်။ ဒီလိုဖြစ်တာက ရောဂါကြောင့်ပဲ မဟုတ်ဘူး။ “ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် နာဗလ သေဆုံးသွားတယ်” လို့ဖတ်ရတယ်။ (၁ ရှ. ၂၅:၃၈) တရားမျှတတဲ့ ဒဏ်ခတ်မှုကြောင့် အဘိဂဲလရဲ့ မသာယာတဲ့ အိမ်ထောင်ရေး ဇာတ်သိမ်းသွားတယ်။ ယေဟောဝါဘုရားဟာ အခုအချိန်မှာ အဲဒီလို အံ့သြစရာနည်းတွေနဲ့ ကြားဝင် ဆောင်ရွက်ပေးမှာ မဟုတ်ပေမဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကို မြင်တယ်ဆိုတာ ဒီမှတ်တမ်းက သတိရစေပါတယ်။ အချိန်တန်တဲ့အခါ ယေဟောဝါဟာ တရားမျှတတဲ့နည်းနဲ့ စီရင်ပေးစမြဲပါ။—လုကာ ၈:၁၇ ကိုဖတ်ပါ။
၂၃။ အဘိဂဲလဟာ နောက်ထပ် ဘာကောင်းချီး ရသလဲ။ အဲဒီကောင်းချီးကြောင့် သူ ဘဝင်မမြင့်ဘူးဆိုတာ ဘယ်လိုပြခဲ့သလဲ။
၂၃ အဘိဂဲလဟာ မသာယာတဲ့ အိမ်ထောင်သည်ဘဝကနေ လွတ်မြောက်သွားတဲ့အပြင် နောက်ထပ် ကောင်းချီးရဦးမှာ ဖြစ်တယ်။ နာဗလ သေဆုံးသွားပြီလို့ ဒါဝိဒ်ကြားတဲ့အခါ သူ့လူတွေကို စေလွှတ်ပြီး အဘိဂဲလကို လက်ထပ်ခွင့်တောင်းတယ်။ အဲဒီအခါ အဘိဂဲလက “ကျွန်မဟာ သခင့်လူတွေရဲ့ ခြေကို ဆေးပေးတဲ့ အစေခံ မိန်းမဖြစ်ဖို့ အသင့်ပါပဲ” ဆိုပြီး အဖြေပေးလိုက်တယ်။ ဒါဝိဒ်ရဲ့ ဇနီးလောင်းအနေနဲ့ သူ ဘဝင်မမြင့်ခဲ့တာ သေချာတယ်။ ဒါဝိဒ်ကျွန်တွေရဲ့ခြေကို ဆေးပေးမယ်လို့တောင် သူပြောခဲ့တယ်။ အဲဒီနောက် အဘိဂဲလဟာ ခပ်သုတ်သုတ်ထပြီး ဒါဝိဒ်ဆီကို သွားတယ်။—၁ ရှ. ၂၅:၃၉-၄၂။
၂၄။ အဘိဂဲလရဲ့ ဘဝသစ်မှာ ဘယ်အခက်အခဲတွေ ကြုံခဲ့ရသလဲ။ သူ့ခင်ပွန်းနဲ့ သူ့ဘုရားက သူ့ကို ဘယ်လို ရှုမြင်ခဲ့သလဲ။
၁ ရှ. ၃၀:၁-၁၉) ဉာဏ်အမြော်အမြင်၊ ရဲစွမ်းသတ္တိနဲ့ သစ္စာရှိတဲ့ အမျိုးသမီးတွေကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ ယေဟောဝါဘုရားကို ဒီနည်းနဲ့ ဒါဝိဒ် အတုယူခဲ့ပါတယ်။
၂၄ ဒါဟာ ပျော်ရွှင်စရာ ဇာတ်သိမ်းခန်းတော့ မဟုတ်ပါဘူး။ ဒါဝိဒ်နဲ့လက်ထပ်ခဲ့တဲ့ အဘိဂဲလရဲ့ ဘဝဟာ အမြဲတမ်း ပန်းခင်းလမ်း မဖြစ်ခဲ့ဘူး။ ဒါဝိဒ်ဟာ အဟိနောင်နဲ့ လက်ထပ်နှင့်ပြီးသားဖြစ်တယ်။ မယားအများယူတဲ့ ဓလေ့ကြောင့် အဲဒီခေတ်က သစ္စာရှိ အမျိုးသမီးတွေဟာ အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ရမှာ သေချာတယ်။ ဒါ့အပြင် ဒါဝိဒ်ဟာ ဘုရင် မဖြစ်သေးတဲ့အတွက် ဘုရင်အဖြစ် ယေဟောဝါဘုရားရဲ့ အမှုတော်မဆောင်ခင်မှာ အဟန့်အတားနဲ့ အခက်အခဲတွေ အများကြီး ရှိဦးမှာပဲ။ ဒါပေမဲ့ အဘိဂဲလဟာ ဒါဝိဒ်ရဲ့ ဘဝခရီးတစ်လျှောက် ကူညီထောက်မပေးပြီး ဒါဝိဒ်နဲ့ သားတစ်ယောက်ရခဲ့တယ်။ သူ့ကိုတန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ပေးတဲ့ လင်ယောက်ျား ရထားတယ်ဆိုတာ သူသိခဲ့ရတယ်။ တစ်ကြိမ်မှာ ဒါဝိဒ်ဟာ အဘိဂဲလကို ပြန်ပေးဆွဲသူတွေ လက်ထဲကနေ ကယ်တင်ပေးခဲ့တယ်။ (^ အပိုဒ်၊ 9 ဒီနေရာဟာ ပရောဖက်ဧလိယနဲ့ ဗာလပရောဖက်တွေ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ မြောက်ဘက်က ကရမေလတောင် မဟုတ်ပါဘူး။ (အခန်း ၁၀ ကိုကြည့်ပါ။) တောင်ဘက်က ပါရန်တောရဲ့ နယ်စွန်မှာရှိတဲ့ ကရမေလမြို့ငယ်ဖြစ်တယ်။
^ အပိုဒ်၊ 10 ဒီဒေသမှာရှိတဲ့ မြေပိုင်ရှင်တွေနဲ့ သူတို့ရဲ့ တိရစ္ဆာန်တွေကို ကာကွယ်ပေးတာဟာ ယေဟောဝါဘုရားရဲ့ အမှုဆောင်တာပဲလို့ ဒါဝိဒ် ယူမှတ်ပုံရတယ်။ အဲဒီအချိန်တုန်းက ဒီနယ်မြေမှာ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ရဲ့ သားစဉ်မြေးဆက်တွေ နေထိုင်ဖို့ ယေဟောဝါဘုရား ရည်ရွယ်တယ်။ ဒါကြောင့် တိုင်းတစ်ပါးသား ဝင်ရောက်ကျူးကျော်သူတွေရဲ့ ရန်ကနေ ဒီနယ်မြေကို ကာကွယ်ပေးတာဟာ ဘုရားသခင့် အမှုဆောင်တာ ဖြစ်တယ်။
^ အပိုဒ်၊ 14 “ဗေလျာလ (အသုံးမကျတဲ့လူ) သား” လို့ အဓိပ္ပာယ်ရှိတဲ့ အသုံးအနှုန်းကို လူငယ် အသုံးပြုခဲ့တယ်။ တခြား ဘာသာပြန်ကျမ်းတွေက ဒီဝါကျမှာ နာဗလကို “ဘယ်သူ့စကားကိုမှ နားမထောင်တဲ့သူ၊” “ပြောဆိုလို့ မကောင်းတဲ့သူ” ဆိုပြီး ပြန်ဆိုထားတယ်။