နိဂုံး
“ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ။”—ဟီဘရူး ၆:၁၂။
၁၊ ၂။ အခုအချိန်မှာ ယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဥပမာပေးပါ။
ယုံကြည်ခြင်း ဆိုတာ တကယ် နှစ်သက်စရာကောင်းတဲ့ အရည်အသွေးတစ်ခုပါပဲ။ ယုံကြည်ခြင်းဆိုတဲ့ စကားလုံးကို တွေ့တဲ့အခါ “အရေးကြီးတယ်” ဆိုတဲ့ နောက်စကားလုံး တစ်လုံးကိုလည်း သတိရသင့်တယ်။ ကျွန်တော်တို့မှာ ယုံကြည်ခြင်း မရှိသေးရင် ရှိလာအောင်လုပ်ဖို့ အရေးကြီးတယ်။ ယုံကြည်ခြင်း ရှိနေတယ်ဆိုရင်လည်း အဲဒါကို ထိန်းသိမ်းထားဖို့နဲ့ အားဖြည့်ပေးနေဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။
၂ သဲကန္တာရထဲမှာ ခရီးသွားနေတယ် ဆိုပါစို့။ အဲဒီလိုခရီးစဉ်မျိုးမှာ သောက်ရေ မရှိမဖြစ် လိုအပ်တယ်။ ရေရပြီဆိုရင် အပူရှိန်ကြောင့် အငွေ့မပြန်အောင် ဘူးထဲထည့်၊ အလုံပိတ်ပြီး ယူသွားရမယ်။ ဒါ့အပြင် ရေဘူးထဲ ရေပြန်ဖြည့်ပေးဖို့လည်း လိုတယ်။ ဒါမှ လိုရာခရီးကို ရောက်အောင်သွားနိုင်မယ်။ ကျွန်တော်တို့ဟာ ယေဟောဝါဘုရားကို ဝတ်မပြုချင်တဲ့ ဒီလောကမှာ နေထိုင်နေရတယ်။ ရေနဲ့တူတဲ့ စစ်မှန်တဲ့ယုံကြည်ခြင်းဟာ ရှားပါးတဲ့အပြင် မထိန်းသိမ်းထားဘူး၊ ပြန်အားမဖြည့်ပေးဘူးဆိုရင် အလွယ်တကူ ပျောက်သွားနိုင်တယ်။ ရေမရှိရင် အသက်မရှင်နိုင်သလို ယုံကြည်ခြင်းမရှိရင် ယေဟောဝါဘုရားနဲ့ ကောင်းတဲ့ဆက်ဆံရေး မရှိနိုင်လို့ ယုံကြည်ခြင်းက သိပ်အရေးကြီးပါတယ်။—ရော. ၁:၁၇။
၃။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့နေဖို့ ယေဟောဝါဘုရား ဘာလုပ်ပေးထားသလဲ။ လုပ်ရမယ့် ဘယ်အချက်နှစ်ချက်ကို မှတ်ထားရမလဲ။
၃ ကျွန်တော်တို့မှာ ယုံကြည်ခြင်းရှိဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ယေဟောဝါဘုရား သိတယ်။ ဒီနေ့ခေတ်မှာ ယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့၊ ထိန်းသိမ်းထားဖို့ ဘယ်လောက် ခက်တယ်ဆိုတာကိုလည်း သိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အတုယူဖို့ စံနမူနာရှင်တွေကို ဖော်ပြပေးထားတာပါ။ “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ” လို့ ရေးသားဖို့ တမန်တော်ပေါလုကို ယေဟောဝါဘုရား လမ်းညွှန်ခဲ့တယ်။ (ဟီ. ၆:၁၂) ဒါကြောင့် ဒီစာအုပ်မှာ ဖော်ပြထားတဲ့သူတွေလိုမျိုး သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေကို ကြိုးစား အတုယူကြဖို့ ယေဟောဝါဘုရားရဲ့ အဖွဲ့အစည်းက ကျွန်တော်တို့ကို အားပေးနေတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်က ဘာလုပ်သင့်သလဲ။ အချက်နှစ်ချက်ကို မှတ်ထားကြရအောင်– (၁) ယုံကြည်ခြင်းခိုင်ခံ့အောင် ဆက်လုပ်နေရမယ်။ (၂) ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို အမြဲ ရှင်သန်နေစေရမယ်။
၄။ စာတန်က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်လိုနည်းနဲ့ တိုက်ခိုက်နေသလဲ။ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။
၄ ယုံကြည်ခြင်းခိုင်ခံ့အောင် ဆက်လုပ်နေရမယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ပျောက်သွားအောင် ရန်သူကြီး စာတန် ကြိုးစားလုပ်နေတယ်။ ဒီလောကရဲ့ အုပ်စိုးရှင် စာတန်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ဆက်ထိန်းထားဖို့ ခက်အောင် လုပ်ထားတယ်။ သူက ကျွန်တော်တို့ထက် အများကြီး တန်ခိုးကြီးတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို မတည်ဆောက်နိုင်မှာ၊ ခိုင်ခံ့အောင် မလုပ်နိုင်မှာ ကြောက်နေသင့်သလား။ လုံးဝ မကြောက်သင့်ပါဘူး။ ယေဟောဝါဘုရားဟာ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိဖို့ ကြိုးစားနေသူတွေရဲ့ မိတ်ဆွေဖြစ်တယ်။ ကျွန်တော်တို့ဘက်မှာ ယေဟောဝါဘုရားရှိမယ်ဆိုရင် မာရ်နတ်ကို ခုခံတွန်းလှန်နိုင်မယ်၊ ထွက်သွားအောင်တောင် လုပ်နိုင်မယ်လို့ ဘုရားသခင် အာမခံယာ. ၄:၇) ကျွန်တော်တို့ဘက်ကလည်း နေ့တိုင်း အချိန်ယူပြီး ယုံကြည်ခြင်းကို တည်ဆောက်တာ၊ ခိုင်ခံ့အောင်လုပ်တာက မာရ်နတ်ကို ခုခံတွန်းလှန်ရာ ရောက်တယ်။ ဒါကို ဘယ်လို လုပ်နိုင်မလဲ။
ထားတယ်။ (၅။ ကျမ်းစာပါ အမျိုးသား၊ အမျိုးသမီးတွေဟာ ယုံကြည်ခြင်းကို ဘယ်လို ရရှိခဲ့ကြသလဲ။ ရှင်းပြပါ။
၅ သိခဲ့ရတဲ့အတိုင်း ကျမ်းစာပါ အမျိုးသား၊ အမျိုးသမီးတွေဟာ ယုံကြည်ခြင်းကို ကြိုးစား တည်ဆောက်ခဲ့ကြရတယ်။ ယုံကြည်ခြင်းဟာ ယေဟောဝါဘုရားရဲ့ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ သူတို့အသက်တာက ဖော်ပြပါတယ်။ (ဂလ. ၅:၂၂၊ ၂၃) အကူအညီရဖို့ ယေဟောဝါဘုရားဆီ သူတို့ ဆုတောင်းခဲ့ကြပြီး ဘုရားသခင်ကလည်း သူတို့ရဲ့ ယုံကြည်ခြင်းခိုင်ခံ့အောင် ကူညီပေးခဲ့တယ်။ သူတို့ကို အတုယူကြရအောင်။ စွမ်းအားတော်ကို တောင်းခံတဲ့သူ၊ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်တဲ့သူကို ယေဟောဝါဘုရားက စွမ်းအားတော်ကို ရက်ရက်ရောရော ပေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (လု. ၁၁:၁၃) နောက်ထပ် ဘာလုပ်ရဦးမလဲ။
၆။ အကျိုးအပြည့်အဝ ရအောင် ကျမ်းစာမှတ်တမ်းတွေကို ဘယ်လိုလေ့လာဖို့ လိုသလဲ။
၆ ဒီစာအုပ်မှာ ယုံကြည်ခြင်းကို ထူးထူးခြားခြား တင်ပြခဲ့သူတချို့ အကြောင်းကိုပဲ ဆွေးနွေးထားပါတယ်။ နောက်ထပ် အများကြီး ရှိပါသေးတယ်။ (ဟီဘရူး ၁၁:၃၂ ကိုဖတ်ပါ။) သူတို့ တစ်ယောက်ချင်းစီရဲ့အကြောင်းကို ဆုတောင်းပြီး စိတ်နှလုံးပါပါ လေ့လာသင့်ပါတယ်။ ယုံကြည်ခြင်း ခိုင်ခံ့သူတွေရဲ့ ကျမ်းမှတ်တမ်းကို အပေါ်ယံပဲ လေ့လာသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့သင့်သလောက် ခိုင်ခံ့မှာ မဟုတ်ဘူး။ အကျိုး အပြည့်အဝရချင်ရင် ဆက်စပ်နေတဲ့ အကြောင်းအရာတွေနဲ့ နောက်ခံအခြေအနေကို အချိန်ပေးပြီး ရှာဖွေလေ့လာဖို့လိုတယ်။ အဲဒီ မစုံလင်တဲ့သူတွေဟာ “ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့ လူ” တွေဆိုတာကို အမြဲ သတိရနေမယ်ဆိုရင် သူတို့ရဲ့ စံနမူနာကနေ ပိုအကျိုးရလာပါလိမ့်မယ်။ (ယာ. ၅:၁၇) ကျွန်တော်တို့လို အခက်အခဲ၊ ပြဿနာတွေ သူတို့ကြုံခဲ့ရချိန်မှာ သူတို့ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။
၇-၉။ (က) ကျမ်းစာခေတ်က ယုံကြည်ခြင်းရှိသူတွေသာ ယေဟောဝါဘုရားကို ကျွန်တော်တို့လို ဝတ်ပြုခွင့်ရမယ်ဆိုရင် သူတို့ ဘယ်လို ခံစားရမလဲ။ (ခ) ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ဘာကြောင့် ခိုင်ခံ့စေသင့်သလဲ။
၇ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အရာတွေ၊ လုပ်ဆောင်တဲ့ အရာတွေနဲ့လည်း ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပါတယ်။ “လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းကလည်း အသေပဲ။” (ယာ. ၂:၂၆) ကျွန်တော်တို့ရထားတဲ့ တာဝန်ကို ဒီစာအုပ်ထဲက အမျိုးသား၊ အမျိုးသမီးတွေကိုသာ ယေဟောဝါဘုရား ပေးမယ်ဆိုရင် သူတို့ ဘယ်လောက် ပျော်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။
၈ ဥပမာ၊ အာဗြဟံကို ယေဟောဝါဘုရားက တောကန္တာရထဲမှာ ကျောက်တုံးတွေနဲ့ ယဇ်ပလ္လင် တည်စရာမလိုဘဲ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးကြီးတွေမှာ ယုံကြည်သူချင်းတွေနဲ့အတူ ဝတ်ပြုနိုင်တယ်။ အဲဒီမှာ သူ “အဝေး” ကမျှော်ခဲ့တဲ့ ကတိတွေ၊ အဲဒါတွေရဲ့ အသေးစိတ်အချက်အလက်တွေအကြောင်း ထိုင်နားထောင်နိုင်တယ်လို့ပြောရင် အာဗြဟံ ဘယ်လိုနေမလဲ။ (ဟီဘရူး ၁၁:၁၃ ကိုဖတ်ပါ။) ဧလိယကိုလည်း အယူဖောက်ပြန်တဲ့ ဘုရင်လက်ထက်မှာ ဆိုးညစ်တဲ့ ဗာလပရောဖက်တွေကို သတ်တဲ့အလုပ်မျိုး လုပ်စရာမလိုဘဲ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်သတင်းကို အေးအေးဆေးဆေး လိုက်ဟောပါလို့ ပြောမယ်ဆိုရင် သူ ဘယ်လိုနေမလဲ။ ကျမ်းစာမှာပါတဲ့ ယုံကြည်ခြင်းရှိသူတွေသာ ကျွန်တော်တို့လို တောင်းဆိုခံရမယ်ဆိုရင် ဝမ်းသာအားရ လုပ်ကြမယ်မဟုတ်လား။
၉ ဒါကြောင့် ကိုယ့်ရဲ့ ယုံကြည်ခြင်းကို လုပ်ရပ်တွေနဲ့
ဆက်ပြီးခိုင်ခံ့အောင် လုပ်ကြပါစို့။ အဲဒီလိုလုပ်မယ်ဆိုရင် ကျမ်းစာမှာပါတဲ့ ယုံကြည်ခြင်းရှိသူတွေရဲ့ စံနမူနာကို လက်တွေ့ လိုက်လျှောက်နေတာဖြစ်တယ်။ နိဒါန်းမှာ ပြောခဲ့သလိုပဲ သူတို့နဲ့ ပိုရင်းနှီးလာတယ်လို့ ခံစားရပါလိမ့်မယ်။ သိပ်မကြာခင်မှာ သူတို့နဲ့ အမှန်တကယ် မိတ်ဖွဲ့ခွင့် ရပါတော့မယ်။၁၀။ ပရဒိသုမှာ ဘယ်ပျော်ရွှင်မှုကို ခံစားရမလဲ။
၁၀ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို အမြဲ ရှင်သန်နေစေရမယ်။ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေဟာ ဘုရားပေး မျှော်လင့်ချက်ကနေ အမြဲ ခွန်အားယူခဲ့ကြတယ်။ သင်ကော။ ဥပမာ၊ “ဖြောင့်မတ်သောသူ” တွေ အသက်ပြန်ရှင် လာကြတဲ့အခါ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေနဲ့ တွေ့ဆုံရမယ့် အချိန်ဟာ ဘယ်လောက် ပျော်စရာကောင်းမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ (တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။) သူတို့ကို သင် ဘာမေးခွန်းတွေ မေးချင်ပါသလဲ။
၁၁၊ ၁၂။ ကမ္ဘာသစ်မှာ ဒီလူတွေကို သင် ဘယ်မေးခွန်းတွေ မေးကြည့်ချင်ပါသလဲ။ (က) အာဗေလ။ (ခ) နောဧ။ (ဂ) အာဗြဟံ။ (ဃ) ရုသ။ (င) အဘိဂဲလ။ (စ) ဧသတာ။
၁၁ အာဗေလနဲ့ တွေ့တဲ့အခါ သူ့မိဘတွေအကြောင်း မမေးကြည့်ချင်ဘူးလား။ ဒါမှမဟုတ် “ဧဒင်ဥယျာဉ်အဝင်ဝကို စောင့်ကြပ်နေတဲ့ ခေရုဗိမ်တွေနဲ့ ညီအစ်ကို စကားပြောဖူးသလား။ သူတို့ စကားပြန်ပြောသလား” လို့ မေးကြည့်ချင်သလား။ နောဧကိုရော “နက်ဖလင်တွေကို ညီအစ်ကို ကြောက်သလား။ သင်္ဘောထဲမှာရှိနေတဲ့ တစ်နှစ်လုံးလုံး တိရစ္ဆာန်တွေကို ညီအစ်ကို ဘယ်လို စောင့်ရှောက်ခဲ့သလဲ” လို့ မေးချင်သလား။ အာဗြဟံကိုရော “ရှေမနဲ့ အဆက်အသွယ် ရခဲ့သလား။ ညီအစ်ကို့ကို ယေဟောဝါဘုရားအကြောင်း ဘယ်သူ သင်ပေးခဲ့တာလဲ။ ဥရမြို့ကနေ ထွက်ခွာရတော့ ညီအစ်ကို ဘယ်လို ခံစားရသလဲ” လို့ရော မေးကြည့်ချင်ပါသလား။
၁၂ ရှင်ပြန်ထမြောက်လာကြတဲ့ သစ္စာရှိ အမျိုးသမီးတွေကိုရော သင် ဘာမေးခွန်းတွေ မေးချင်သလဲ။ “ညီအစ်မရုသ၊ ယေဟောဝါဘုရားကို ဘာကြောင့်ကိုးကွယ်ချင်ခဲ့တာလဲ။” “ညီအစ်မ အဘိဂဲလ၊ ဒါဝိဒ်ကို ညီအစ်မ ကူညီပေးခဲ့တဲ့အကြောင်း နာဗလကို ပြောပြရမှာ ကြောက်ခဲ့သလား။” “ညီအစ်မ ဧသတာ၊ ကျမ်းစာမှာ မှတ်တမ်းတင်ထားတာတွေ ဖြစ်ပြီးတဲ့နောက် ညီအစ်မနဲ့ မော်ဒကဲတို့ ဘာဆက်ကြုံတွေ့ခဲ့ရလဲ” ဆိုတဲ့ မေးခွန်းတွေ သင် မေးကြည့်ချင်မှာပဲ။
၁၃။ (က) ရှင်ပြန်ထမြောက်လာသူတွေက သင့်ကို ဘာမေးခွန်းတွေ မေးချင်မလဲ။ (ခ) ရှေးခေတ်က သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေနဲ့ တွေ့ဆုံရမှာကို သင် ဘယ်လို ခံစားရသလဲ။
၁၃ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေမှာလည်း သင့်ကို မေးစရာ အများကြီးရှိမှာပဲ။ နောက်ဆုံးနေ့ရက်တွေအကြောင်း၊ ဒီခက်ခဲတဲ့ကာလမှာ ယေဟောဝါဘုရားက မိမိလူမျိုးကို ဘယ်လို ကောင်းချီးပေးခဲ့သလဲဆိုတဲ့အကြောင်း သူတို့ကို ပြောပြရတဲ့အခါ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ။ ယေဟောဝါဘုရားက ကတိတော်အားလုံးကို ဘယ်လို ပြည့်စုံစေခဲ့တယ်ဆိုတာ သူတို့ သိရတဲ့အခါ သိပ်စိတ်လှုပ်ရှားသွားမှာပဲ။ ကမ္ဘာသစ်ရောက်ရင် သူတို့အကြောင်း မြင်ယောင်ကြည့်နေစရာ မလိုတော့ပါဘူး။ ပရဒိသုမှာ ကျွန်တော်တို့နဲ့အတူ သူတို့ ရှိနေကြပါလိမ့်မယ်။ အခုအချိန်မှာတော့ သူတို့အကြောင်း ဆက်လေ့လာနေကြပါ။ သူတို့ရဲ့ ယုံကြည်ခြင်းကို ဆက်တုပနေပါ။ သင်ချစ်ရတဲ့ အဲဒီမိတ်ဆွေတွေနဲ့အတူ ယေဟောဝါဘုရားကို ထာဝစဉ် ဝတ်ပြုသွားနိုင်ကြပါစေ။