ရုပ်ပုံအညွှန်း
စာမျက်နှာနံပါတ်အလိုက် ဖော်ပြထားပါတယ်
မျက်နှာဖုံး ပေါလု၊ တဗိသ၊ ဂါလျုန်၊ လုကာ၊ တမန်တော်များနဲ့ ဗိမာန်တော်မှူး၊ ဇဒ္ဒုကဲတစ်ဦး၊ ပေါလုကို ကဲသရိမြို့ဆီ အစောင့်အကြပ်တွေနဲ့ ပို့ဆောင်၊ အသံချဲ့စက်ပါတဲ့ ကားနဲ့ ဓာတ်ပြားစက်တွေနဲ့ မျက်မှောက်ခေတ်မှာ သက်သေခံခြင်း။
၁ ရောမမြို့အသွား ကုန်တင်သင်္ဘောပေါ်က လုကာနဲ့ သံကြိုးချည်နှောင်ခံထားရတဲ့ ပေါလု။
၂၊ ၃ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျေအီးဘားရ်နဲ့ ညီအစ်ကို တီ ဂျဲရက်စ်တို့ ကမ္ဘာ့မြေပုံ ကြည့်နေ။
၁၁ သစ္စာရှိ တမန်တော် ၁၁ ပါးနဲ့ တခြားနောက်လိုက်တွေကို ဂါလိလဲနယ်ရှိ တောင်ပေါ်မှာ ယေရှု တာဝန်ပေးနေ။
၁၄ ယေရှု ကောင်းကင်ကို တက်ကြွသွား။ တမန်တော်တွေ ယေရှုကို စေ့စေ့မျှော်ကြည့်နေ။
၂၀ ပင်တေကုတ္တေပွဲနေ့မှာ ဧည့်သည်တွေကို မိခင်ဘာသာစကားနဲ့ တပည့်တွေ စတင်ပြောဆိုကြ။
၃၆ ဒေါသူပုန်ထနေတဲ့ ကယာဖရှေ့ တမန်တော်တွေ ရပ်နေ။ ဂျူးတရားရုံးချုပ်က ဗိမာန်တော်မှူးတွေကို သုံးပြီး ဖမ်းဆီးခိုင်း။
၄၄ အောက်ပုံ– ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဂျာမနီ တရားရုံးတစ်ခုက ယေဟောဝါသက်သေတွေကို အမေရိကန်သူလျှိုလို့ မှားယွင်းစွာ ပြစ်ဒဏ်စီရင်ခဲ့။—Neue Berliner Illustrierte ဂျာနယ်၊ အောက်တိုဘာ ၃၊ ၁၉၅၀။
၄၆ ဂျူးတရားရုံးချုပ်ရှေ့ ရပ်နေတဲ့ သတေဖန်ကို စွပ်စွဲနေကြ။ အနောက်ဘက်မှာ ချမ်းသာကြွယ်ဝတဲ့ ဇဒ္ဒုကဲများ၊ အရှေ့ဘက်မှာ အများအကြိုက် လိုက်လွန်းတဲ့ ဖာရိရှဲများ။
၅၄ တပည့်သစ်တစ်ဦးအပေါ် ပေတရု လက်တင်၊ ငွေထုပ်ကိုင်ထားတဲ့ ရှိမုန်။
၇၅ ပေတရုနဲ့ ခရီးဖော်တွေ ကော်နေလိရဲ့ အိမ်ထဲဝင်။ တပ်မှူးရာထူးကို ဖော်ပြတဲ့ အထူးဝတ်ရုံကို ကော်နေလိရဲ့ ဘယ်ဘက်ပခုံးပေါ် ခြုံထား။
၈၃ ကောင်းကင်တမန်တစ်ပါး နောက်သို့ ပေတရု လိုက်သွား၊ အဲန်တိုနီယာရဲတိုက်မှာ ပေတရု အကျဉ်းကျခြင်း ဖြစ်နိုင်။
၈၄ အောက်ပုံ– ၁၉၄၅ ခုနှစ်မှာ ကွိဘက်၊ မွန်ထရီရောလ်မြို့အနီး လူအုပ်နဲ့ အကြမ်းဖက်။—Weekend Magazine ဂျာနယ်၊ ဇူလိုင်လ၊ ၁၉၅၆။
၉၁ ပေါလုနဲ့ ဗာနဗတို့ ပိသိဒိပြည်၊ အန္တိအုတ်မြို့ပြင်ကို နှင်ထုတ်ခံရ။ အေဒီ ပထမရာစု အစောပိုင်းမှာ ဆောက်လုပ်ခဲ့တာ ဖြစ်နိုင်တဲ့ ဒီမြို့ရဲ့ ရေသွယ်တံတားသစ်ကို နောက်ခံမှာ မြင်တွေ့ရ။
၉၄ လုတ္တရမြို့မှာ အလွန်အကျွံ ချီးမြှောက်ခံရတာကို ပေါလုနဲ့ ဗာနဗတို့ ငြင်းပယ်ကြ။ ပူဇော်ပွဲ အခမ်းအနားတွေဟာ ဝေဆာမြိုင်ဆိုင်ပြီး တေးသီချင်းတွေနဲ့ ဆူညံလေ့ရှိ။
၁၀၀ အပေါ်ပုံ– ဆီးရီးယားပြည်၊ အန္တိအုတ်မြို့ အသင်းတော်ကို သိလနဲ့ ယုဒ အားပေးစကားပြော။ (တ. ၁၅:၃၀-၃၂) အောက်ပုံ– ယူဂန္ဓာနိုင်ငံရှိ အသင်းတော်တစ်ခုမှာ တိုက်နယ်ကြီးကြပ်မှူး ဟောပြောချက် ပေးနေ။
၁၀၇ ဂျေရုဆလင် အသင်းတော်ဟာ အိမ်တစ်လုံးမှာ စုဝေး။
၁၂၄ ပေါလုနဲ့ တိမောသေတို့ ရောမ ကုန်တင်သင်္ဘောနဲ့ ခရီးသွားနေပုံ။ ခပ်လှမ်းလှမ်းမှာ မီးပြတိုက်ကို တွေ့နိုင်။
၁၃၉ ဒေါသူပုန်ထနေတဲ့ လူအုပ်လက်ကနေ လွတ်မြောက်လာပြီး ခြံဝင်းထဲမှာရှိတဲ့ ပေါလုနဲ့ သိလတို့ပုံ။
၁၅၅ ပေါလုကို စွပ်စွဲသူတွေကို ဂါလျုန် ဆုံးမ။ မိမိရာထူးနဲ့အညီ ခရမ်းရောင်အနား ပါရှိတဲ့ အဖြူရောင် မင်းဝတ်ရုံလွှာ ခြုံထားပြီး ကဲလ်စီလို့ခေါ်တဲ့ ဖိနပ် စီးထား။
၁၅၈ ဧဖက်မြို့ ပန်းထိမ်ဆိုင်ထဲက ပန်းထိမ်သမားတွေကို ဒေမေတရိ စကားပြော။ အာတေမိ ဘုရားမရဲ့ ငွေနတ်ကွန်းလေးတွေကို အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ရောင်းချကြ။
၁၇၁ ပေါလုနဲ့ အဖော်တွေ သင်္ဘောပေါ် တက်နေ။ ဘီစီပထမရာစုမှာ ဆောက်လုပ်ခဲ့တဲ့ ဆိပ်ကမ်းကျောက်တိုင်ကြီးကို နောက်မှာ တွေ့ရ။
၁၈၀ အောက်ပုံ– ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ကနေဒါနိုင်ငံမှာ စာပေတွေကို ပိတ်ပင်ထားစဉ် သက်သေခံလူငယ်တစ်ဦး ကျမ်းစာစာပေတွေကို လျှို့ဝှက်သယ်ဆောင်။ (ပြန်၍သရုပ်ပြထား။)
၁၈၂ အကြီးအကဲများရဲ့ တောင်းဆိုချက်ကို ပေါလု လက်ခံ။ အလှူငွေပေးရာမှာ ကူညီပေးတဲ့ လုကာနဲ့ တိမောသေတို့ အနောက်ဘက်မှာ ထိုင်နေ။
၁၉၀ ပေါလု ချုပ်နှောင်ခံရတဲ့နေရာ ဖြစ်နိုင်တဲ့ အဲန်တိုနီယာ ရဲတိုက်မှာ ကလောဒိလုသိကို ပေါလုရဲ့ တူ စကားပြော။ ဟေရုဒ်ဗိမာန်ကို နောက်မှာ တွေ့ရ။
၂၀၆ ကုန်တင်သင်္ဘောဝမ်းထဲရှိ ပင်ပန်းနေတဲ့ ခရီးသည်တွေအတွက် ပေါလု ဆုတောင်း။
၂၂၂ ရောမစစ်သားနဲ့ တွဲပြီး သံကြိုးချည်နှောင်ခံရတဲ့ အကျဉ်းသား ပေါလု ရောမမြို့တစ်စိတ်တစ်ပိုင်းကို ရှုစားနေ။