မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၈ • တမန်တော် ၂၁:၁၈–၂၈:၃၁

‘အတားအဆီး မရှိဘဲ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ပေး’

‘အတားအဆီး မရှိဘဲ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ပေး’

တမန်တော် ၂၈:၃၁

ဒီအပိုင်းမှာ ဒေါသထွက်နေတဲ့ လူအုပ်နဲ့ ရင်ဆိုင်ရတဲ့၊ ထောင်ချခံရတဲ့၊ ရောမအရာရှိ တစ်ယောက်ပြီး တစ်ယောက်ရဲ့ ရှေ့မှောက် ရောက်ခဲ့ရတဲ့ ပေါလုနဲ့အတူ ကျွန်တော်တို့ လိုက်ပါသွားကြမယ်။ တမန်တော် ပေါလုဟာ အဲဒီအရာတွေ ကြုံရပေမဲ့ ဘုရားနိုင်ငံတော်အကြောင်း ဆက်သက်သေခံတယ်။ တမန်တော်ကျမ်းရဲ့ စိတ်လှုပ်ရှားဖွယ် နိဂုံးပိုင်းကို ဆွေးနွေးသုံးသပ်ရင်း ‘ရဲရင့်ပြီး ဇွဲထက်သန်တဲ့ ပေါလုကို ငါ ဘယ်လို တုပနိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။