မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း

ဘုရားသခင့်စကားကို ဘယ်လို နားထောင်နိုင်သလဲ

ဘုရားသခင့်စကားကို ဘယ်လို နားထောင်နိုင်သလဲ

သမ္မာကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို ဘုရားသခင် စကားပြောတယ်။ ၂ တိမောသေ ၃:၁၆

စစ်မှန်တဲ့ ဘုရားသခင်က မိမိရဲ့ သဘောထားတွေကို မြင့်မြတ်တဲ့စာအုပ်တစ်အုပ်မှာ ရေးဖို့ အမျိုးသားတချို့ကို ညွှန်ကြားခဲ့တယ်။ အဲဒီစာအုပ်က သမ္မာကျမ်းစာပါပဲ။ ကျမ်းစာထဲမှာ ဘုရားသခင် သင့်ကို သိစေချင်တဲ့ အရေးကြီး အကြောင်းအရာတွေ ပါတယ်။

ဘုရားသခင်ဟာ ဉာဏ်ပညာရဲ့ ပင်ရင်းဖြစ်လို့ ကျွန်တော်တို့အတွက် အကောင်းဆုံးကို သိတယ်။ ဘုရားစကားကို နားထောင်ရင် တကယ်ပညာရှိသူတွေ ဖြစ်လာကြမယ်။—ပညာ. ၁:၅

ဘုရားသခင်က လူသားအားလုံးကို ကျမ်းစာ ဖတ်စေချင်တယ်။ ကျမ်းစာကို အခု ဘာသာစကားမျိုးစုံနဲ့ ရနိုင်ပြီ။

ဘုရားသခင့်စကား နားထောင်ချင်တယ်ဆိုရင် ကျမ်းစာ ဖတ်ပြီး နားလည်အောင် လုပ်ရမယ်။

နေရာတိုင်းမှာ လူတွေ ဘုရားသခင်အကြောင်း နားထောင်သင်ယူနေကြတယ်။ မဿဲ ၂၈:၁၉

ကျမ်းစာကို နားလည်အောင် ယေဟောဝါသက်သေတွေ ကူညီပေးနိုင်တယ်။

သူတို့က ဘုရားသခင်အကြောင်း အမှန်တရားကို ကမ္ဘာတစ်ဝန်းလုံးမှာ သင်ပေးနေတယ်။

ဒီလိုသင်ယူဖို့ အဖိုးအခ ပေးစရာ မလိုဘူး။ ဘုရားသခင်အကြောင်းကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမတွေမှာလည်း သင်ယူနိုင်တယ်။