မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၁

ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်သလား

ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်သလား

ဆုတောင်းချက်တွေကို ဘုရားသခင် တကယ် နားထောင်တယ်။ ၁ ပေတရု ၃:၁၂

ယေဟောဝါဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ပါ။ (ဆာလံ ၆၅:၂) ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ပြောပြစေချင်တယ်။

တခြားသူတစ်ဦးဆီ မဟုတ်ဘဲ ယေဟောဝါဆီ ဆုတောင်းပါ။

ဆုတောင်းတဲ့အခါ အကြောင်းအရာအမျိုးမျိုး ထည့်တောင်းနိုင်တယ်။ ၁ ယောဟန် ၅:၁၄

ကောင်းကင်၊ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားအလိုတော် ပြည့်စုံဖို့ ဆုတောင်းပါ။

ယေရှုလုပ်ပေးခဲ့တာကို တန်ဖိုးထားကြောင်း ပြဖို့ ယေရှုနာမည်ကတစ်ဆင့် ဆုတောင်းပါ။

ကောင်းတာကို လုပ်နိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းပါ။ စားဝတ်နေရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးအတွက်လည်း ဆုတောင်းလို့ရတယ်။