မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၀

ဘုရားသခင့်စကားကို နားထောင်တဲ့သူတွေ ဘာအကျိုးကျေးဇူး ခံစားရမလဲ။

ဘုရားသခင့်စကားကို နားထောင်တဲ့သူတွေ ဘာအကျိုးကျေးဇူး ခံစားရမလဲ။

သေလွန်သူအများစု မြေကြီးပေါ်မှာ နေထိုင်ဖို့ ပြန်အသက်ရှင်လာကြမယ်။ တမန်တော် ၂၄:၁၅

ယေဟောဝါစကား နားထောင်သူတွေ အနာဂတ်မှာ ခံစားရမယ့် အကျိုးကျေးဇူးတွေကို မြင်ယောင်ကြည့်ပါ။ ဖျားနာတော့မှာ မဟုတ်သလို ဖျားနာသူ၊ မသန်စွမ်းသူလည်း မရှိတော့ဘူး။ လူဆိုးတွေ မရှိတော့လို့ ဘယ်သူ့ကိုမဆို ယုံကြည်စိတ်ချနိုင်တယ်။

နာကျင်မှု၊ ဝမ်းနည်းမှုကြောင့် မျက်ရည်ကျရတော့မှာ မဟုတ်ဘူး။ ဘယ်သူမှ မအို၊ မသေရတော့ဘူး။

ကိုယ့်ဘေးမှာ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ ရှိနေမယ်။ သာယာလှပတဲ့ ဥယျာဉ်မှာ အသက်ရှင်ရတာ တကယ် ပျော်စရာကောင်းမှာပဲ။

ကြောက်စရာ ဘာမှ မရှိတော့ဘူး။ လူအားလုံး တကယ် ပျော်ရွှင်ကြမယ်။

ဘုရားသခင့်နိုင်ငံတော်က ဆင်းရဲဒုက္ခအားလုံးကို ပပျောက်စေမယ်။ ဗျာဒိတ် ၂၁:၃၊ ၄