မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း

စာတန့်စကား နားထောင်တဲ့အတွက် ဘာဖြစ်သွားကြသလဲ

စာတန့်စကား နားထောင်တဲ့အတွက် ဘာဖြစ်သွားကြသလဲ

အာဒံနဲ့ ဧဝ ဘုရားသခင့်စကား နားမထောင်တဲ့အတွက် သေဆုံးခဲ့ကြတယ်။ ကမ္ဘာဦး ၃:၆၊ ၂၃

ဧဝက မြွေရဲ့စကား နားထောင်ပြီး အသီးကို စားလိုက်တယ်။ ပြီးတဲ့နောက် အာဒံကို ကျွေးတဲ့အခါ အာဒံလည်း စားတယ်။

သူတို့ ဘုရားသခင့်စကား နားမထောင်တာ မှားတယ်။ အပြစ် ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်က သူတို့ကို ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်လိုက်တယ်။

သူတို့နဲ့ သားသမီးတွေ ခက်ခဲပင်ပန်းစွာ အသက်ရှင်ခဲ့ရတယ်။ တဖြည်းဖြည်း အိုလာပြီး သေဆုံးကြရတယ်။ သူတို့မှာ မသေနိုင်တဲ့ ဝိညာဉ် မရှိတဲ့အတွက် ဘယ်ကိုမှ ရောက်မသွားဘဲ လုံးဝ ပျောက်ကွယ်သွားတယ်။

လူသေတွေဟာ သက်မဲ့မြေမှုန့် ဖြစ်သွားတယ်။ ကမ္ဘာဦး ၃:၁၉

ကျွန်တော်တို့အားလုံးလည်း အာဒံနဲ့ ဧဝကနေ ဆင်းသက်လာလို့ သေဆုံးကြရတယ်။ သေဆုံးသွားကြသူတွေက မမြင်နိုင်၊ မကြားနိုင်၊ ဘာမှ မလုပ်နိုင်ကြတော့ဘူး။—ဒေသနာ ၉:၅၊ ၁၀

လူတွေ သေဆုံးဖို့ ယေဟောဝါ မရည်ရွယ်ထားဘူး။ သေသွားတဲ့သူတွေကို အသက်ပြန်ရှင်အောင် မကြာခင် လုပ်ပေးမယ်။ သူတို့ ဘုရားစကား နားထောင်မယ်ဆိုရင် ထာဝစဉ် အသက်ရှင်ကြမယ်။