မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁ ပြန်လည်သုံးသပ်ခြင်း

အပိုင်း ၁ ပြန်လည်သုံးသပ်ခြင်း

ကျမ်းစာသင်ပေးသူနဲ့အတူ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  1. ၁။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေထဲက ဘယ်အချက်ကို သဘောကျပါသလဲ။

    (သင်ခန်းစာ ၀၂ ကို ကြည့်ပါ။)

  2. ၂။ ကျမ်းစာဟာ ဘုရားရဲ့ တရားစကားဖြစ်မှန်း ဘာကြောင့် ယုံကြည်သလဲ။

    (သင်ခန်းစာ ၀၃ နဲ့ ၀၅ ကို ကြည့်ပါ။)

  3. ၃။ ယေဟောဝါဆိုတဲ့ နာမည်ကို သုံးဖို့ ဘာကြောင့် အရေးကြီးသလဲ။

    (သင်ခန်းစာ ၀၄ ကို ကြည့်ပါ။)

  4. ၄။ ဘုရားသခင်ဟာ “အသက်ရဲ့ပင်ရင်း” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာလံ ၃၆:၉) ဒါကို ယုံကြည်ပါသလား။

    (သင်ခန်းစာ ၀၆ ကို ကြည့်ပါ။)

  5. ၅။ ပညာအလိမ္မာ ၃:၃၂ ကို ဖတ်ပါ။

    • ယေဟောဝါဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

    • မိတ်ဆွေတွေဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။ ဒါဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်လို့ ထင်ပါသလား။

      (သင်ခန်းစာ ၀၇ နဲ့ ၀၈ ကို ကြည့်ပါ။)

  6. ၆။ ဆာလံ ၆၂:၈ ကို ဖတ်ပါ။

    • ယေဟောဝါဆီ ဘာတွေ ဆုတောင်းခဲ့ပြီးပြီလဲ။ ဘာတွေ တောင်းနိုင်သေးသလဲ။

    • ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။

      (သင်ခန်းစာ ၀၉ ကို ကြည့်ပါ။)

  7. ၇။ ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။

    • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်အတွက် ဘယ်လို အကျိုးရှိစေသလဲ။

    • အစည်းအဝေးတွေ တက်ရကျိုးနပ်တယ်လို့ ထင်ပါသလား။

      (သင်ခန်းစာ ၁၀ ကို ကြည့်ပါ။)

  8. ၈။ ကျမ်းစာကို မှန်မှန်ဖတ်တာ ဘာကြောင့် ကောင်းသလဲ။ နေ့စဉ် ကျမ်းစာဖတ်ရှုဖို့ ဘယ်လို စီစဉ်ထားသလဲ။

    (သင်ခန်းစာ ၁၁ ကို ကြည့်ပါ။)

  9. ၉။ ကျမ်းစာလေ့လာခဲ့ပြီးသလောက် ဘယ်အချက်ကို အကြိုက်ဆုံးလဲ။

  10. ၁၀။ ကျမ်းစာလေ့လာချိန်ကစပြီး ဘာအခက်အခဲတွေ ကြုံခဲ့ဖူးသလဲ။ ကျမ်းစာဆက်လေ့လာဖို့ သင့်ကို ဘာက ကူညီပေးနိုင်သလဲ။

    (သင်ခန်းစာ ၁၂ ကို ကြည့်ပါ။)