အသင့်ဖြစ်ပြီလား
အသင်းတော်နဲ့အတူ ဟောဖို့ အသင့်ဖြစ်ပြီလား
အောက်ပါအချက်တွေ လုပ်ဆောင်နေရင် နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်နိုင်ပါတယ်
ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာတယ်၊ ဆုတောင်းတယ်၊ အစည်းအဝေးတွေ တက်တယ်။
သိလာတာတွေကို လက်ခံယုံကြည်ပြီး တခြားသူတွေကို ပြောပြချင်တယ်။
ယေဟောဝါကို ချစ်တယ်။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ပဲ ရင်းရင်းနှီးနှီး ပေါင်းတယ်။
နိုင်ငံရေး ဒါမှမဟုတ် ဘာသာရေးအဖွဲ့ကနေ နုတ်ထွက်ပြီးပြီ။
ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်တယ်။ ယေဟောဝါသက်သေ ဖြစ်ချင်တယ်။
အသင်းတော်နဲ့အတူ ဟောဖို့ အသင့်ဖြစ်ပြီလို့ ခံစားရရင် အရည်အချင်း ပြည့်မီနိုင်ပုံကို အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမ်းစာသင်ပေးသူက စီစဉ်ပေးနိုင်တယ်။
နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
အောက်ပါအချက်တွေ လုပ်ဆောင်နေရင် နှစ်ခြင်းခံဖို့ အသင့်ဖြစ်နိုင်တယ်
နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်ပြီ။
ဟောပြောခြင်းမှာ အတတ်နိုင်ဆုံး မှန်မှန် ပါဝင်နေပြီ။
“သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကိုကူညီပြီး လမ်းညွှန်ချက်ကို လိုက်နာနေပြီ။—မဿဲ ၂၄:၄၅-၄၇။
ဆုတောင်းပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီ။ ဘုရားကို ထာဝစဉ် ဝတ်ပြုချင်တယ်။
နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလို့ ခံစားရရင် အရည်အချင်း ပြည့်မီနိုင်ပုံကို အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမ်းစာသင်ပေးသူက စီစဉ်ပေးနိုင်တယ်။