မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

“ခင်ဗျားတို့ဟာ ဆရာတွေဖြစ်သင့်ပြီ။” (ဟီ. ၅:၁၂) စဉ်းစားကြည့်ပါ။ စကြဝဠာမှာ အတော်ဆုံးဆရာက တခြားသူတွေကို သူ့အကြောင်းသင်ပေးဖို့ ကျွန်တော်တို့ကို ပြောနေတယ်။ မိသားစုမှာ၊ အသင်းတော်မှာ၊ အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါအကြောင်း သင်ပေးရတဲ့ တာဝန်ဟာ အခွင့်ထူးဖြစ်ပြီး ကြီးမားတဲ့ တာဝန်လည်း ဖြစ်တယ်။ ဒီတာဝန်ကို ဘယ်လို အောင်မြင်စွာ ထမ်းဆောင်နိုင်သလဲ။

“လူတွေရှေ့ ကျမ်းစာဖတ်တာ၊ အားပေးနှိုးဆော်တာ၊ သွန်သင်တာတွေကို အမြဲ ကြိုးစားလုပ်ဆောင်ပါ” ဆိုပြီး တိမောသေဆီ တမန်တော်ပေါလုရေးတဲ့ စကားမှာ အဖြေ တွေ့နိုင်ပါတယ်။ “အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ပေါလု ဆက်ပြောတယ်။ (၁ တိ. ၄:၁၃၊ ၁၆) သင်တို့ ဝေမျှပေးရမယ့် အသက်ကယ် သတင်းတစ်ခု ရှိတယ်။ ဒါကြောင့် ဖတ်တာ၊ သွန်သင်တာတွေကို တိုးတက်အောင်လုပ်ဖို့ အရေးကြီးတယ်။ အဲဒီလိုတိုးတက်လာအောင် ဒီစာအုပ်က ကူညီပေးမယ်။ အသွင်အပြင်တချို့ကို လေ့လာကြည့်ကြစို့။

စာမျက်နှာတိုင်းမှာ ညွှန်းထားတဲ့ ကျမ်းချက်ဟာ သင်ခန်းစာနဲ့ဆက်စပ်တဲ့ ကျမ်းစာမူ ဒါမှမဟုတ် သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ နမူနာဖြစ်တယ်

ယေဟောဝါဟာ “မဟာသွန်သင်ရှင်” ဖြစ်တယ်။ (ဟေရှာ. ၃၀:၂၀) သင့်ရဲ့ ဖတ်ရှုခြင်း၊ သွန်သင်ခြင်း အရည်အသွေးတွေ ပိုတိုးတက်လာဖို့ ဒီစာစောင်က ကူညီပေးမှာ မှန်ပေမဲ့ ယေဟောဝါသာလျှင် သတင်းတရားရဲ့ ရင်းမြစ်ဖြစ်ပြီး လူတွေကို ဆွဲဆောင်သူဖြစ်ကြောင်း ဘယ်တော့မှ မမေ့ပါနဲ့။ (ယော. ၆:၄၄) ဒါကြောင့် သန့်ရှင်းသောစွမ်းအားတော်ရဖို့ မကြာခဏ ဆုတောင်းပါ။ သမ္မာကျမ်းစာကို မကြာခဏ သုံးပါ။ ကိုယ့်ကို မဟုတ်ဘဲ ယေဟောဝါကို အာရုံစိုက်စေပါ။ ဘုရားကို နက်နက်ရှိုင်းရှိုင်း ချစ်တတ်လာအောင် နားထောင်နေသူတွေကို ကူညီပေးပါ။

လူတွေကိုပေးတဲ့ အရေးကြီးဆုံးသတင်းတရားအကြောင်း သွန်သင်ပေးဖို့ သင့်ကို ဖိတ်ခေါ်ထားပါတယ်။ “ဘုရားပေးတဲ့ခွန်အား” ကို အားကိုးရင်း သင် အောင်မြင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၁ ပေ. ၄:၁၁

သင်တို့ရဲ့ လုပ်ဖော်ဆောင်ဖက်များ၊

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့