သင်ခန်းစာ ၁၁
စိတ်ထက်သန်ခြင်း
လုပ်ဆောင်နိုင်ပုံ–
-
စိတ်နှလုံးပါပါ ပြောဆိုပါ။ ဟောပြောမယ့်အကြောင်းအရာ ပြင်ဆင်တဲ့အခါ သတင်းစကားရဲ့ အရေးကြီးမှုကို လေးလေးနက်နက် တွေးတောပါ။ ဟောပြောမယ့်အကြောင်းနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ပါ၊ ဒါမှ စိတ်နှလုံးပါပါ တင်ဆက်နိုင်မယ်။
-
နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ သင် ဖတ်မယ့်၊ သွန်သင်ပေးမယ့် အကြောင်းအရာကနေ တခြားသူတွေ ဘယ်လို အကျိုးခံစားရမယ်ဆိုတာ တွေးတောပါ။ ဘယ်လိုနည်းနဲ့ တင်ဆက်ရင် ပရိသတ် အကျိုးရနိုင်တယ်ဆိုတာ စဉ်းစားပါ။
-
တက်တက်ကြွကြွ ဟောပြောပါ။ ထက်ထက်သန်သန် ဟောပါ။ သင့်ခံစားချက်ကို သဘာဝကျတဲ့ ကိုယ်ဟန်အမူအရာ၊ စိတ်ရင်းမှန်တဲ့ မျက်နှာထားနဲ့ ဖော်ပြပါ။