မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၃

လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

ပညာအလိမ္မာ ၃:၂၁

အကျဉ်းချုပ်– သင်ပြောတဲ့အကြောင်းအရာက နားထောင်နေသူတွေရဲ့ အသက်တာကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ နားလည်အောင် ကူညီပေးပါ။ သိလာတာကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ ပြောပြပါ။

လုပ်ဆောင်နိုင်ပုံ–

  • နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ ပြောပြမယ့်အကြောင်းကို သူတို့ ဘာကြောင့် ကြားသိဖို့လိုအပ်တယ်၊ ဘယ်အချက်က သူတို့အတွက် အထူးအကူအညီ ဖြစ်စေမယ်ဆိုတာ စဉ်းစားပါ။

  • ဟောပြောနေစဉ်တစ်လျှောက် သူတို့ကျင့်သုံးနိုင်တဲ့ အချက်တွေကို ပြောပြပါ။ ဟောပြောချက် စတာနဲ့ နားထောင်သူတိုင်းက ‘ဒါ ငါနဲ့ဆိုင်တယ်’ လို့ ခံစားရသင့်တယ်။ အဓိကအချက်တစ်ခုစီကို ပြောသွားတဲ့အခါ လက်တွေ့ကျင့်သုံးနိုင်ပုံကို ပြောပြပါ။ သတ်သတ်မှတ်မှတ်အချက်တွေကို ဖော်ပြပါ။