မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၅

ယုံကြည်စိတ်ချမှုရှိရှိ ပြောဆိုခြင်း

ယုံကြည်စိတ်ချမှုရှိရှိ ပြောဆိုခြင်း

၁ သက်သာလောနိတ် ၁:၅

အကျဉ်းချုပ်– ပြောနေတဲ့အကြောင်းဟာ အမှန်တရားဖြစ်တယ်၊ အရေးကြီးတယ်ဆိုတာ သင် အခိုင်အမာ ယုံကြည်ကြောင်း ဖော်ပြပါ။

လုပ်ဆောင်နိုင်ပုံ–

  • စေ့စေ့စပ်စပ် ပြင်ဆင်ပါ။ အဓိကအယူအဆက ဘာလဲ၊ အဲဒီအယူအဆ မှန်ကန်ကြောင်း ကျမ်းစာက ဘယ်လို သက်သေထူသလဲဆိုတာ နားလည်တဲ့အထိ လေ့လာပါ။ အဓိကအချက်တွေကို ရိုးရှင်းတဲ့စကားလုံးအနည်းငယ်နဲ့ တင်ဆက်နိုင်ဖို့ ကြိုးစားပါ။ အဲဒီအချက်တွေက ပရိသတ်ကို ဘယ်လို ကူညီပေးနိုင်မှန်း စဉ်းစားပါ။ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆုတောင်းပါ။

  • ယုံကြည်စိတ်ချမှုရှိကြောင်း ဖော်ပြတဲ့ စကားလုံးတွေကို အသုံးပြုပါ။ ပုံနှိပ်ထားတဲ့ စကားလုံးတွေအတိုင်း အတိအကျ ဖတ်ပြမယ့်အစား ကိုယ်ပိုင်စကားနဲ့ပြောပါ။ သင်ကိုယ်တိုင် နားလည်တဲ့ အသုံးအနှုန်းတွေကို ရွေးသုံးပါ။

  • ထက်ထက်သန်သန်၊ စိတ်ရင်းမှန်မှန် ပြောဆိုပါ။ လိုအပ်တဲ့ အသံပမာဏနဲ့သာ ပြောပါ။ ရိုင်းရာမကျဘူးဆိုရင် နားထောင်နေသူတွေနဲ့ မျက်လုံးချင်းဆုံပြီး ပြောဆိုပါ။