မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၆

တည်ဆောက်ပေးခြင်း၊ အပြုသဘောဆောင်ခြင်း

တည်ဆောက်ပေးခြင်း၊ အပြုသဘောဆောင်ခြင်း

ယောဘ ၁၆:၅

အကျဉ်းချုပ်– ပြဿနာကို မဟုတ်ဘဲ ဖြေရှင်းနည်းနဲ့ အားပေးမှု ဖြစ်စေတာတွေကို အာရုံစိုက်ပါ။

လုပ်ဆောင်နိုင်ပုံ–

  • နားထောင်နေသူတွေကို အပြုသဘောနဲ့ ရှုမြင်ပါ။ ယုံကြည်သူချင်းတွေဟာ ယေဟောဝါရဲ့ နှစ်သက်မှုကို ရလိုသူတွေဖြစ်ကြောင်း ယုံကြည်စိတ်ချပါ။ သွန်သင်ချက် ပေးတဲ့အခါမှာတောင် စိတ်ရင်းမှန်နဲ့ အရင်ချီးမွမ်းပါ။

  • အပျက်သဘောဆောင်တဲ့ အကြောင်းအရာတွေကို ပြောသင့်သလောက်ပဲ ပြောပါ။ အပြုသဘောဆောင်တဲ့ အရာတွေကို ပံ့ပိုးဖို့လောက်ပဲ အပျက်သဘောဆောင်တဲ့ အရာတွေကို ထည့်ပြောပါ။ တင်ဆက်မှုတစ်ခုလုံး အပြုသဘောဆောင်သင့်တယ်။

  • ကျမ်းစာကို ကောင်းစွာ အသုံးပြုပါ။ ယေဟောဝါ လုပ်ဆောင်ပေးတာတွေကို အာရုံစိုက်စေပါ။ နားထောင်နေသူတွေကို မျှော်လင့်ချက်နဲ့ အားပေးမှု ရရှိစေပါ။