မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၀

ထိရောက်တဲ့နိဂုံး

ထိရောက်တဲ့နိဂုံး

ဒေသနာ ၁၂:၁၃၊ ၁၄

အကျဉ်းချုပ်– ကြားသိခဲ့တာတွေကို လက်ခံပြီး လက်တွေ့ကျင့်သုံးဖို့ နိဂုံးချုပ်မှာ မေတ္တာရပ်ခံပါ။

လုပ်ဆောင်နိုင်ပုံ–

  • နိဂုံးကို အကြောင်းအရာတစ်ခုလုံးနဲ့ ချိတ်ဆက်ပါ။ အဓိကအချက်တွေနဲ့ အဓိကအကြောင်းကို ထပ်မံပြောဆိုပါ။

  • နားထောင်နေသူတွေကို လှုံ့ဆော်ပေးပါ။ ဘာလုပ်ရမယ်၊ ဘာကြောင့်လုပ်ရမယ်ဆိုတာကို ခိုင်လုံတဲ့အကြောင်းရင်းတွေနဲ့ ရှင်းပြပါ။ ထက်သန်မှု၊ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြောဆိုပါ။

  • ရှင်းလင်း တိုတုတ်တဲ့ နိဂုံးဖြစ်စေပါ။ အချက်အလက်သစ်တွေ ထပ်မထည့်ပါနဲ့။ စကားလုံးနည်းနည်းပဲ သုံးပါ။ လက်တွေ့ကျင့်သုံးကြဖို့ နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံပါ။