မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂

သဘာဝကျကျ ပြောဆိုနည်း

သဘာဝကျကျ ပြောဆိုနည်း

၂ ကောရိန္သု ၂:၁၇

အကျဉ်းချုပ်– ပြောနေတဲ့အကြောင်းအရာနဲ့ နားထောင်နေသူတွေအပေါ်ထားရှိတဲ့ သင့်ခံစားချက်ကို ပေါ်လွင်စေပါ။ သဘာဝကျကျ၊ စိတ်ရင်းအတိုင်း ပြောဆိုပါ။

လုပ်ဆောင်နိုင်ပုံ–

  • ဆုတောင်းပြီး သေချာပြင်ဆင်ပါ။ ကိုယ့်ကို မဟုတ်ဘဲ သတင်းတရားကို အာရုံစိုက်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ သင်ပြောရမယ့် အဓိကအချက်တွေကို ရှင်းရှင်းလင်းလင်း သိထားပါ။ ကိုယ်ပိုင်စကားနဲ့ ပြောပါ။ စာဖတ်ပြနေတာမျိုး မဖြစ်စေပါနဲ့။

  • စိတ်ရင်းအတိုင်း ပြောပါ။ လူတွေဘာကြောင့် သတင်းတရားကို ကြားဖို့လိုကြောင်း စဉ်းစားပါ။ သူတို့ကို အာရုံစိုက်ပါ။ အဲဒီအခါ သင့်ရဲ့ ကိုယ်ဟန်အနေအထား၊ အမူအရာ၊ မျက်နှာထားက စိတ်ရင်းမှန်နဲ့ ပြောနေကြောင်း ထင်ရှားပါလိမ့်မယ်။

  • နားထောင်နေသူတွေနဲ့ ကြည့်မြင်ဆက်သွယ်ပါ။ ရိုင်းရာမကျဘူးဆိုရင် မျက်လုံးချင်းဆုံပြီး စကားပြောပါ။ ဟောပြောချက်ပေးတဲ့အခါ ပရိသတ်ကို ခြုံပြီး မကြည့်ဘဲ တစ်ကြိမ်မှာ ပရိသတ်ထဲက တစ်ယောက်ကို တစ်ခဏလောက် ကြည့်ဖို့ ကြိုးစားပါ။