မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄

ကျမ်းချက်တွေကို ဆီလျော်စွာ မိတ်ဆက်ပေးခြင်း

ကျမ်းချက်တွေကို ဆီလျော်စွာ မိတ်ဆက်ပေးခြင်း

မဿဲ ၂၂:၄၁-၄၅

အကျဉ်းချုပ်– ကျမ်းချက် မဖတ်ပြခင် နားထောင်နေသူတွေရဲ့ စိတ်နှလုံးကို ပြင်ဆင်ပေးပါ။

လုပ်ဆောင်နိုင်ပုံ–

  • ကျမ်းချက်ကို ဘာကြောင့် ဖတ်ရတယ်ဆိုတာ စဉ်းစားပါ။ ကျမ်းပိုဒ်ထဲက သင်ပေါ်လွင်စေချင်တဲ့ အချက်ကို နားထောင်နေသူတွေ သိမြင်လာစေနိုင်မယ့်နည်းနဲ့ ကျမ်းချက်ကို မိတ်ဆက်ပါ။

  • ကျမ်းစာကို အဓိကရင်းမြစ်အဖြစ် ညွှန်းပါ။ ဘုရားကို ယုံကြည်တဲ့သူတွေနဲ့ စကားပြောတဲ့အခါ ကျမ်းစာဟာ “ဘုရားသခင့်တရားစကား” ဖြစ်ကြောင်း သိမြင်စေပါ။ ဒီနည်းနဲ့ သင်ဟာ ဘုရားသခင့်အတွေးအခေါ်တွေကို သွန်သင်ပေးနေမှန်း သိစေနိုင်တယ်။

  • ကျမ်းချက်ကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးပါ။ ကျမ်းချက်မှာ အဖြေပေးထားတဲ့ မေးခွန်းတစ်ခု မေးပါ။ ကျမ်းချက်မှာ ဖြေရှင်းထားတဲ့ ပြဿနာတစ်ခုကို ပြောပါ။ ကျမ်းစာမှတ်တမ်းကနေ သိလာရမယ့် မူတစ်ခုကို ဖော်ပြပါ။