မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆

ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း

ကျမ်းချက်ရဲ့ သက်ဆိုင်ပုံကို ရှင်းရှင်းလင်းလင်း တင်ပြခြင်း

ယောဟန် ၁၀:၃၃-၃၆

အကျဉ်းချုပ်– ကျမ်းချက်ဖတ်ပြီးတာနဲ့ နောက်အချက်တစ်ချက် ပြောင်းပြောလိုက်တာမျိုး မလုပ်ပါနဲ့။ သင်ပြောနေတဲ့အချက်က ကျမ်းချက်နဲ့ ဘယ်လိုသက်ဆိုင်တယ်ဆိုတာ နားထောင်နေသူတွေကို ရှင်းရှင်းလင်းလင်း သိမြင်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • အဓိကစကားလုံးတွေကို ခွဲထုတ်ပါ။ ကျမ်းချက်ဖတ်ပြီးတဲ့အခါ သင်ပြောနေတဲ့ အဓိကအချက်နဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ စကားလုံးတွေကို ပေါ်လွင်စေပါ။ အဲဒီစကားလုံးတွေကို ထပ်ပြောနိုင်တယ်။ ဒါမှမဟုတ် အဓိကစကားလုံးတွေကို သိမြင်နိုင်ဖို့ မေးခွန်းတစ်ခု မေးနိုင်တယ်။

  • မှတ်မိစေချင်တဲ့ အချက်ကို အလေးပေးပါ။ ကျမ်းချက်ဖတ်ရတဲ့အကြောင်းရင်းကို ပြောထားတယ်ဆိုရင် ကျမ်းချက်ပါ အဓိကစကားလုံးတွေက အဲဒီအကြောင်းရင်းနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာ ရှင်းပြပါ။

  • သက်ဆိုင်ပုံကို ရိုးရိုးရှင်းရှင်း ပြောပါ။ အဓိကအချက်နဲ့ မသက်ဆိုင်တဲ့ အသေးစိတ်အချက်တွေကို မပြောပါနဲ့။ အကြောင်းအရာကို နားထောင်နေသူတွေ ဘယ်လောက်အထိ သိထားတယ်ဆိုတဲ့အချက်ပေါ် မူတည်ပြီး သင် အချက်အလက် ဘယ်လောက်ထပ်ပြောမယ်ဆိုတာ ဆုံးဖြတ်ပါ။ ဒါမှ နားထောင်နေသူတွေဟာ အချက်အလက်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်မယ်။