မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇

တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း

တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း

လုကာ ၁:၃

အကျဉ်းချုပ်– နားထောင်နေသူတွေ မှန်ကန်တဲ့ ကောက်ချက်ချနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို အသုံးပြုပါ။

လုပ်ဆောင်နိုင်ပုံ–

  • ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို ရှာဖွေ အသုံးပြုပါ။ ကျမ်းစာကို အခြေခံပြီး ပြောဆိုပါ။ ဖြစ်နိုင်တဲ့အခါတိုင်း ကျမ်းစာထဲကနေ ဖတ်ပြပါ။ သိပ္ပံဆိုင်ရာအကြောင်း၊ သတင်းတစ်ပုဒ်၊ တွေ့ကြုံမှုတစ်ခု၊ အထောက်အထားတစ်ခုအကြောင်း ပြောတဲ့အခါ ကိုးကားတဲ့ရင်းမြစ်က ယုံကြည်စိတ်ချရရဲ့လား၊ နောက်ဆုံးအချက်အလက် ဖြစ်ရဲ့လားဆိုတာ အရင်စစ်ဆေးပါ။

  • အချက်အလက်တွေကို တော်မှန်စွာ သုံးပါ။ ကျမ်းချက်တွေကို ရှင်းပြတဲ့အခါ အထက်အောက်စကား၊ ကျမ်းစာရဲ့အဓိကသတင်းစကား၊ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ထုတ်ဝေတဲ့ စာပေတွေနဲ့အညီ ဖြစ်စေပါ။ (မ. ၂၄:၄၅) လောကသတင်းတွေကို ကိုးကားတဲ့အခါ မူရင်းအဓိပ္ပာယ်အတိုင်း၊ စာရေးသူ ဆိုလိုတဲ့အတိုင်း ဖြစ်စေပါ။

  • အထောက်အထားကို ကျိုးကြောင်းဆင်ခြင်ပါ။ ကျမ်းချက်တစ်ချက်ဖတ်ပြီး ဒါမှမဟုတ် အချက်အလက်ကို ကိုးကားပြီးနောက်မှာ နားထောင်နေသူတွေ ကိုယ်ပိုင်ကောက်ချက်ချနိုင်အောင် မေးခွန်းတစ်ခု မေးပါ၊ ဒါမှမဟုတ် ဥပမာတစ်ခု ပေးပါ။