မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈

သွန်သင်ပေးတဲ့ ပုံဥပမာများ

သွန်သင်ပေးတဲ့ ပုံဥပမာများ

မဿဲ ၁၃:၃၄၊ ၃၅

အကျဉ်းချုပ်– နားထောင်နေသူတွေ စိတ်ဝင်စားမယ့်၊ အရေးကြီးတဲ့ အချက်တွေကို သွန်သင်ပေးမယ့် ပုံဥပမာရိုးရိုးလေးတွေ သုံးပြီး သင့်သွန်သင်ခြင်းကို တိုးတက်စေပါ။

လုပ်ဆောင်နိုင်ပုံ–

  • ရိုးရှင်းတဲ့ပုံဥပမာတွေ ရွေးသုံးပါ။ ယေရှုလိုပဲ သေးငယ်တဲ့အရာတွေကို သုံးပြီး ကြီးမားတဲ့အကြောင်းအရာကို ရှင်းပြပါ၊ လွယ်ကူတဲ့အရာတွေကို သုံးပြီး ခက်ခဲတဲ့အရာတွေကို ရှင်းပြပါ။ ပုံဥပမာကို ပိုရှုပ်ထွေးစေတဲ့ အသေးစိတ်အချက်အလက်တွေ ထပ်မထည့်ပါနဲ့။ သင် သုံးတဲ့ ပုံဥပမာက သွန်သင်ပေးနေတဲ့ သင်ခန်းစာနဲ့ အမှန်တကယ် သက်ဆိုင်ကြောင်း သေချာစေပါ။ ဒါမှ နားထောင်နေသူတွေရဲ့ အာရုံ မလွဲသွားမှာဖြစ်တယ်။

  • နားထောင်နေသူတွေကို ထည့်စဉ်းစားပါ။ နားထောင်နေသူတွေရဲ့ လုပ်ဆောင်မှုတွေ၊ စိတ်ဝင်စားရာတွေနဲ့သက်ဆိုင်တဲ့ ပုံဥပမာတွေကို ရွေးသုံးပါ။ သင်အသုံးပြုတဲ့ ပုံဥပမာတွေကြောင့် သူတို့ စိတ်အနှောင့်အယှက် ဖြစ်တာ၊ စိတ်ဆိုးသွားတာ မဖြစ်စေဖို့ ဂရုစိုက်ပါ။

  • အဓိကအချက်ကို သင်ပေးပါ။ အရေးမကြီးတဲ့ အသေးစိတ်အချက်တွေကို မဟုတ်ဘဲ အဓိကအချက်တွေကိုပဲ ပုံဥပမာပေး သွန်သင်ပါ။ ပုံဥပမာကိုသာ မဟုတ်ဘဲ ပုံဥပမာကနေ သင်ယူရတဲ့အချက်ကိုပါ နားထောင်နေသူ မှတ်မိစေဖို့ ဂရုစိုက်ပါ။