မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်– ၁၉၄၅ ခုနှစ်၊ နယ်သာလန်နိုင်ငံ၊ အန်ဟိုဗန်မြို့မှာ ညီအစ်ကိုတစ်ယောက် ဟောပြောနေတုန်း အဖမ်းခံရ၊ ညာ– သင်နေထိုင်တဲ့ဒေသမှာ တရားဥပဒေက လွတ်လပ်စွာဟောပြောခွင့်ပေးထားသလား

အပိုင်း ၄

နိုင်ငံတော်ရဲ့ အောင်ပွဲများ—သတင်းကောင်းကို တရားဥပဒေအရ အတည်ဖြစ်စေခြင်း

နိုင်ငံတော်ရဲ့ အောင်ပွဲများ—သတင်းကောင်းကို တရားဥပဒေအရ အတည်ဖြစ်စေခြင်း

တစ်အိမ်တက်ဆင်း ဟောပြောနေတုန်း အဝေးကနေ ရဲကား အချက်ပေးဥသြသံကို ကြားလိုက်ရတယ်။ အသံက တဖြည်းဖြည်း ပိုကျယ်လာတယ်။ နောက်တစ်အိမ်မှာ ဟောနေတုန်း ရဲကားရောက်လာတော့ သင့်တွဲဖက်က စိုးရိမ်တကြီးနဲ့ လှည့်ကြည့်လိုက်တယ်။ ကားပေါ်ကနေ ရဲတစ်ယောက်ဆင်းလာပြီး “ကျမ်းစာအကြောင်း တစ်အိမ်တက်ဆင်း လိုက်ဟောနေတာ ခင်ဗျားတို့လား။ ခင်ဗျားတို့ကို တိုင်ချက်ဖွင့်ထားတာ အများကြီးပဲ” လို့ပြောတယ်။ ဒါနဲ့ သင်က ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေပါလို့ လေးလေးစားစား ပြန်ဖြေလိုက်တယ်။ ဘာဆက်ဖြစ်လာမလဲ။

ဆက်ဖြစ်လာမယ့်အရာက သင့်တိုင်းပြည်ရဲ့သမိုင်းကြောင်းပေါ် အများကြီးမူတည်ပါတယ်။ နှစ်တွေတစ်လျှောက်မှာ သင့်တိုင်းပြည်အစိုးရက ယေဟောဝါသက်သေတွေကို ဘယ်လိုဆက်ဆံခဲ့သလဲ။ ဘာသာရေးလွတ်လပ်ခွင့် အတော်အသင့်ပေးထားသလား။ ဒါဆိုရင် ဆယ်စုနှစ်တွေတစ်လျှောက် သင့်ရဲ့ညီအစ်ကိုညီအစ်မတွေက ‘သတင်းကောင်းကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည် ဖြစ်စေဖို့’ ကြိုးစားလုပ်ဆောင်ခဲ့တာကြောင့် ဖြစ်နိုင်တယ်။ (ဖိ. ၁:၇) သင် ဘယ်မှာပဲနေထိုင်ပါစေ ယေဟောဝါသက်သေတွေရဲ့ တရားဥပဒေအောင်ပွဲတွေအကြောင်း လေ့လာသုံးသပ်တာက ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေနိုင်တယ်။ ဒီအပိုင်းမှာ ထူးခြားတဲ့မှတ်တမ်းတချို့ကို လေ့လာသွားပါမယ်။ ကျွန်တော်တို့ရဲ့တရားဥပဒေအောင်ပွဲတွေက နိုင်ငံတော်တကယ်တည်ရှိကြောင်း အခိုင်အမာသက်သေထူတယ်။ အကြောင်းကတော့ အဲဒီလိုအောင်ပွဲတွေကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ဘယ်တော့မှမရနိုင်လို့ပါပဲ။

ဒီအပိုင်းမှာ

အခန်း ၁၃

နိုင်ငံတော်သတင်းဟောပြောသူတွေ သူတို့ရဲ့အမှုကို တရားရုံးမှာတင်ပြ

ဒီနေ့ခေတ် အထက်တရားရုံး တရားသူကြီးတချို့မှာ ရှေးတုန်းက ပညတ်ကျမ်းဆရာ ဂါမလျေလရဲ့အမြင်မျိုး ရှိကြတယ်။

အခန်း ၁၄

ဘုရားသခင့်အစိုးရ တစ်ခုတည်းကိုသာ သစ္စာရှိရှိထောက်ခံခြင်း

ယေဟောဝါသက်သေတွေဟာ နိုင်ငံရေးမှာကြားနေလို့ “မြစ်ရေ” နဲ့တူတဲ့နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရတယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့နေရာကနေ အဲဒီမြစ်ရေကို မျိုချခဲ့တယ်။

အခန်း ၁၅

လွတ်လပ်စွာကိုးကွယ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်း

ဘုရားသခင့်နိုင်ငံတော်ရဲ့ပညတ်တွေကို နာခံပိုင်ခွင့်ရှိဖို့ ဘုရားသခင့်လူမျိုးတွေ တိုက်ပွဲဝင်ခဲ့ကြတယ်။