မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

ဘုရားသခင့်မိတ်ဆွေများသည် ကောင်းမှုကို လုပ်ဆောင်ကြ

ဘုရားသခင့်မိတ်ဆွေများသည် ကောင်းမှုကို လုပ်ဆောင်ကြ

သင်​ချီး​မွမ်း​လေး​စား​သည့်​မိတ်​ဆွေ​တစ်​ဦး​ရှိ​လျှင် သူ့​ကဲ့​သို့​ဖြစ်​ရန် သင်​ကြိုး​ပမ်း​သည်။ “ထာ​ဝ​ရ​ဘုရား [ယေဟောဝါ] သည် ကောင်း​သော​သဘော၊ ဖြောင့်​မတ်​သော​သဘော​နှင့်​ပြည့်​စုံ​တော်​မူ . . . ၏” ဟု​ကျမ်း​စာ​က​ဆို​သည်။ (ဆာလံ ၂၅:၈) ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ရန် ကျွန်ုပ်​တို့​သည် ကောင်း​သော​သဘော၊ ဖြောင့်​မတ်​သော​သဘော​ရှိ​ရ​မည်။ ကျမ်း​စာ​က​ဤ​သို့​ဆို​သည်– “သင်​တို့​သည် ဘုရား​သခင်​၏​ချစ်​သား​ဖြစ်​ကြ​သည်​နှင့်​အညီ၊ ဘုရား​သခင်​ကျင့်​တော်​မူ​သည်​နည်း​တူ ကျင့်​ကြ​လော့။ . . . မေတ္တာ​တရား၌​ကျင်​လည်​ကြ​လော့။” (ဧဖက် ၅:၁၊ ၂) ထို​သို့​ပြု​လုပ်​နိုင်​သည့်​နည်း​အချို့​မှာ–

အခြား​သူ​များ​ကို​ကူ​ညီ​ပါ။ “ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။”—ဂလာ​တိ ၆:၁၀

အလုပ်​ကြိုး​စား​ပါ။ “ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန်​မခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန်​ရှိ​စေ​ခြင်း​ငှာ၊ မိမိ​လက်​နှင့် ကောင်း​သော​အလုပ်​ကို​လုပ်​ဆောင်​အား​ထုတ်​စေ။”—ဧဖက် ၄:၂၈

ကာ​ယ​ရေး​နှင့် ကိုယ်​ကျင့်​တရား​စင်​ကြယ်​ပါ။ “ကိုယ်​ခ​န္ဓာ၏​အညစ်​အကြေး၊ စိတ်​ဝိညာဉ်၏​အညစ်​အကြေး​ရှိ​သမျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘုရား​သခင်​ကို​ကြောက်​ရွံ့​၍ သန့်​ရှင်း​ခြင်း . . . နှင့်​ပြည့်​စုံ​ကြ​ကုန်​အံ့။”—၂ ကောရိန္သု ၇:၁

မိ​သား​စု​ဝင်​များ​ကို မေတ္တာ​နှင့်​လေး​စား​မှု​ဖြင့်​ဆက်​ဆံ​ပါ။ “သင်​တို့​သည် . . . ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မသည်​လည်း ကိုယ်​ခင်​ပွန်း​ကို​ရို​သေခြင်း​ရှိ​စေ​လော့။ သား​သမီး​တို့၊ သခင်​ဘုရား၏​အလို​တော်​နှင့်​အညီ မိ​ဘ​စကား​ကို​နား​ထောင်​ကြ​လော့။”—ဧဖက် ၅:၃၃–၆:၁

သူ​တစ်​ပါး​ကို​မေတ္တာ​ပြပါ။ “ငါ​တို့​သည် အချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား၊ ချစ်​ချင်း​မေတ္တာ​သည် ဘုရား​သခင်​နှင့်​စပ်​ဆိုင်​၏။”—၁ ယောဟန် ၄:၇

တိုင်း​ပြည်​၏​ဥ​ပဒေ​များ​ကို​ နာ​ခံ​ပါ။ “အစိုး​ရ​သော​မင်း​အာ​ဏာ​စက်​၏​အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ . . . လူ​အသီး​အသီး​ခံ​ထိုက်​သည်​အတိုင်း ပေး​ကြ​လော့။ အခွန်​ကို​ခံ​ထိုက်​သော​သူ​အား အခွန်​ကို​လည်း​ကောင်း . . . ပေး​ကြ​လော့။”—ရော​မ ၁၃:၁၊ ၇