မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

အတိတ်မှ သတိပေးချက်တစ်ခု

အတိတ်မှ သတိပေးချက်တစ်ခု

ပရ​ဒိ​သု​ကို လူ​ဆိုး​များ​ဖျက်​ဆီး​ရန် ယေဟောဝါ​ခွင့်​ပြု​မည်​မဟုတ်​ပါ။ ထို​တွင် ကိုယ်​တော်​၏​မိတ်​ဆွေ​များ​သာ နေထိုင်​ကြ​မည်။ လူ​ဆိုး​များ မည်​သို့​ဖြစ်​သွား​မည်​နည်း။ အဖြေကို​သိ​ရန် နောဧ​၏​ဖြစ်​ရပ်​မှန်​ကို သုံး​သပ်​ကြည့်​ပါ။ လွန်​ခဲ့​သော​နှစ်ရာစု​ပေါင်း​များ​စွာ​က နော​ဧ​အသက်​ရှင်​ခဲ့​သည်။ သူသည် ယေဟောဝါ​၏​အလို​တော်​ကို အစဉ်​သဖြင့်​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သော လူ​ကောင်း​တစ်​ဦး​ဖြစ်​၏။ သို့​ရာ​တွင် မြေကြီး​ပေါ်​ရှိ​အခြား​သူ​တို့​မူ ဆိုး​သွမ်း​မှု​ကို​ပြု​လုပ်​ကြ​သည်။ ထို့​ကြောင့် ယေဟောဝါ​က ထို​ဆိုး​သွမ်း​သူ​အား​လုံး​ကို ရေ​လွှမ်း​မိုး​၍​ဖျက်​ဆီး​မည်​ဟု နော​ဧ​အား​မိန့်​တော်​မူ​၏။ ရေ​လွှမ်း​မိုး​သော​အခါ နော​ဧ​နှင့်​သူ့​မိ​သား​စု​ မသေစေ​ဖို့ သင်္ဘော​ဆောက်​လုပ်​ရန် ကိုယ်​တော်​မိန့်​ဆို​၏။—ကမ္ဘာဦး ၆:၉-၁၈

နော​ဧ​နှင့်​သူ့​မိ​သား​စု သင်္ဘော​ဆောက်​ခဲ့​ကြ​သည်။ နောဧ​သည် ရေ​လွှမ်း​မိုး​မည့်​အကြောင်း​ကို လူ​တို့​အား​သတိ​ပေး​ခဲ့​သော်​လည်း သူ​တို့​နား​မထောင်​ခဲ့​ကြ​ချေ။ ဆက်​၍​ဆိုး​သွမ်းခဲ့​ကြ​၏။ နောဧ​သည် သင်္ဘော​ဆောက်​ပြီး​သော​အခါ အထဲ​သို့ တိရစ္ဆာန်​များ​ကို​ယူ​ဆောင်​၍ သူ​နှင့်​သူ့​မိ​သား​စု​လည်း သင်္ဘော​ထဲ​ဝင်​ကြ​သည်။ ထို​အခါ ယေဟောဝါ​သည် လေ​ပြင်း​မုန်​တိုင်း​ကြီး​တစ်​ခု​ကျ​ရောက်​စေ​ခဲ့၏။ နေ့ ၄၀ နှင့်​ည ၄၀ ပတ်​လုံး​မိုး​ရွာ​သွန်း​ခဲ့​သည်။ မြေကြီး​တစ်​ပြင်​လုံး​ကို ရေ​လွှမ်း​မိုး​ခဲ့​သည်။—ကမ္ဘာဦး ၇:၇-၁၂

ဆိုး​သွမ်း​သူ​များ အသက်​ဆုံး​ရှုံး​ခဲ့​သော်​လည်း နော​ဧ​နှင့်​သူ့​မိ​သား​စု​သည် ကယ်​တင်​ခြင်း​ခံ​ခဲ့​ရ​သည်။ ယေဟောဝါ​သည် ရေလွှမ်း​မိုး​ခြင်း​မှ ဆိုး​သွမ်း​မှု​ကင်း​စင်​သော​မြေကြီး​ပေါ်​သို့ သူ​တို့​ကို​လုံ​ခြုံ​စွာ​ပို့​ဆောင်​ခဲ့​သည်။ (ကမ္ဘာဦး ၇:၂၂၊ ၂၃) ယေဟောဝါ​သည် မှန်​ရာ​ကို​ပြု​လုပ်​ဖို့​ငြင်း​ဆို​သူ​များ​အား ဖျက်​ဆီး​မည့်​အချိန် တစ်​ဖန်​ရောက်​လာ​မည့်​အကြောင်း ကျမ်း​စာ​က​ဆို​၏။ လူ​ကောင်း​များ ဖျက်​ဆီး​ခံ​ရ​မည်​မဟုတ်။ မြေကြီး​ပရ​ဒိ​သု​ပေါ်​တွင် သူ​တို့​ထာ​ဝ​စဉ်​နေ​ထိုင်​ကြ​မည်။—၂ ပေတရု ၂:၅၊ ၆၊ ၉၊ ၁၀

ယ​နေ့ များ​စွာ​သော​သူ​တို့​သည် မကောင်း​မှု​များ​ကို​ပြု​လုပ်​ကြ​သည်။ ကမ္ဘာ​မြေကြီး​သည် ဆင်း​ရဲ​ခက်​ခဲ​မှု​များ​ပြည့်​နှက်​လျက်​ရှိ​သည်။ ယေဟောဝါ​သည် လူ​တို့​ကို​သတိ​ပေး​ရန် မိမိ​၏​သက်​သေများ​ကို ထပ်​ခါ​တ​လဲ​စေ​လွှတ်​သော်​လည်း အများ​စု​မှာ ယေဟောဝါ​၏​စ​ကား​တော်​ကို နား​မထောင်​လို​ကြ​ချေ။ သူ​တို့​၏​လမ်း​စဉ်​များ​ကို မပြောင်း​လဲ​လို​ကြ​ပါ။ အမှား၊ အမှန်​နှင့်​ပတ်​သက်​၍ ဘုရား​သခင်​မိန့်​တော်​မူ​ရာ​ကို သူ​တို့​လက်​မခံ​လို​ကြ​ချေ။ ဤ​သူ​များ အဘယ်​သို့​ဖြစ်​မည်​နည်း။ တစ်​နေ့​နေ့ သူ​တို့​ပြောင်း​လဲ​မည်​လော။ လူ​အများ​သည် ဘယ်​သော​အခါ​မျှ​ပြောင်း​လဲ​လိမ့်​မည်​မဟုတ်။ လူဆိုး​များ​ဖျက်​ဆီး​ခံ​ရ​ပြီး ဘယ်​သော​အခါ​မျှ​မရှိ​တော့​မည့်​အချိန် ရောက်​လာ​ပါ​တော့​မည်။—ဆာလံ ၉၂:၇

မြေကြီး​ဖျက်​ဆီး​ခံ​ရ​မည်​မဟုတ်; ပရ​ဒိ​သု​အဖြစ်​သို့​ပြု​လုပ်​မည်။ ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​လာ​သူ​တို့​သည် မြေကြီး​ပရ​ဒိ​သု​ပေါ်​တွင် ထာ​ဝ​စဉ်​နေ​ထိုင်​ကြ​မည်။—ဆာလံ ၃၇:၂၉