မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

ဘုရားသခင့်ရန်သူများကား မည်သူတို့နည်း

ဘုရားသခင့်ရန်သူများကား မည်သူတို့နည်း

ဘုရား​သခင်​၏​အဓိ​က​ရန်​သူ​မှာ စာ​တန်​ဖြစ်​သည်။ သူ​သည် ယေဟောဝါ​အား​ဆန့်​ကျင်​ပုန်​ကန်​သော နာမ်​ဝိညာဉ်​သတ္တဝါ​တစ်ပါး​ဖြစ်​၏။ စာ​တန်​သည် ဘုရား​သခင်​အား​ဆက်​၍​ဆန့်​ကျင်​နေ​ပြီး လူ​သား​များ​ကို အကြီး​အကျယ်​ဆင်း​ရဲ​ခြင်း​ဝေဒနာ​ခံ​စေ​သည်။ စာတန်​သည် ဆိုး​ယုတ်​သူ​ဖြစ်​၏။ သူ​သည် လိမ်​လည်​သူ​နှင့် လူ​သတ်​သမား​ဖြစ်​သည်။—ယောဟန် ၈:၄၄

အခြား​နာမ်​ဝိညာဉ်​သတ္တ​ဝါ​များ​သည် ဘုရား​သခင်​အား​ဆန့်​ကျင်​ပုန်​ကန်​ရာ​တွင် စာ​တန်​နှင့်​ပူး​ပေါင်း​ခဲ့​ကြ​သည်။ ကျမ်းစာ​က​သူ​တို့​ကို နတ်​ဆိုး​များ​ဟု​ခေါ်​သည်။ နတ်​ဆိုး​များ​သည် စာ​တန်​ကဲ့​သို့​ပင် လူ​သား​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။ သူတို့​သည် လူ​တို့​ကို​ထိ​ခိုက်​နစ်​နာ​စေ​လို​ကြ​သည်။ (မဿဲ ၉:၃၂၊ ၃၃; ၁၂:၂၂) ယေဟောဝါ​သည် စာ​တန်​နှင့်​သူ​၏​နတ်ဆိုး​တို့​ကို ထာ​ဝ​ရ​ဖျက်​ဆီး​ပစ်​ပါ​လိမ့်​မည်။ သူ​တို့​၌ လူ​သား​တို့​ကို အမင်္ဂလာ​ဖြစ်​စေ​ရန် အချိန်​တစ်​ခ​ဏ​သာ​ကျန်​တော့​သည်။—ဗျာဒိတ် ၁၂:၁၂

အသင်​သည် ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​လို​လျှင် စာ​တန်​သင့်​အား​ပြု​လုပ်​စေ​လို​ရာ​ကို မပြု​ရ​ပါ။ စာ​တန်​နှင့်​နတ်​ဆိုး​များ​သည် ယေဟောဝါ​အား​မုန်း​ကြ​သည်။ သူ​တို့​သည် ဘုရား​သခင့်​ရန်​သူ​များ​ဖြစ်​ကြ​ပြီး သင့်​ကို ဘုရား​သခင့်​ရန်​သူ​ဖြစ်​စေ​လို​ကြ​သည်။ သင်​သည်—စာ​တန် သို့​မဟုတ် ယေဟောဝါ—မည်​သူ့ အလို​နှင့်​တွေ့​လို​သည်​ကို ရွေး​ချယ်​ရ​မည်။ ထာ​ဝ​ရ​အသက်​ရ​လို​ပါ​က ဘုရား​သခင့်​အလို​တော်​ကို​ဆောင်​ရွက်​ဖို့ သင်​ရွေး​ချယ်​ရ​ပေမည်။ လူ​တို့​ကို​လှည့်​ဖြား​ဖို့ စာ​တန်​၌​နည်း​ပရိ​ယာယ်​များစွာ​ရှိ​၏။ လူ​အများ​စု​မှာ သူ​၏​လှည့်​စား​မှု​ကို​ခံ​နေ​ရ​ကြ​သည်။—ဗျာဒိတ် ၁၂:၉