မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

မိတ်ဆွေမြဲဖို့ သင်သည် မိတ်ဆွေတစ်ဦး ဖြစ်ရမည်

မိတ်ဆွေမြဲဖို့ သင်သည် မိတ်ဆွေတစ်ဦး ဖြစ်ရမည်

မိတ်​ဆွေ​ဖြစ်​ခြင်း​သည် မေတ္တာ​ပေါ်​အခြေ​ပြု​သည်။ ယေဟော​ဝါ​အကြောင်း သင်​ပို​မို​သိ​ရှိ​လာ​လေ ကိုယ်​တော်​အား သင်​မေတ္တာ​ရှိ​လေ​ဖြစ်​မည်။ ဘုရား​သခင်​အပေါ် သင့်​မေတ္တာ​တိုးများ​လာ​သည်​နှင့် ကိုယ်​တော်​အား​အမှု​ထမ်း​လို​စိတ်​လည်း တိုးများ​လာ​ပါ​လိမ့်​မည်။ ယင်း​က ယေရှု​ခရစ်​၏​တ​ပည့်​တစ်ဦး​ဖြစ်​လာ​ရန် သင့်​ကို​လှုံ့​ဆော်​ပေး​ပါ​လိမ့်​မည်။ (မဿဲ ၂၈:၁၉) ယေဟောဝါ​သက်​သေများ​၏ ပျော်​ရွှင်​သော​မိ​သား​စု​နှင့် သင်​ပူးပေါင်း​ခြင်း​ဖြင့် ဘုရား​သခင့်​မိတ်​ဆွေ​အဖြစ်​ကို ထာ​ဝ​ရ​ခံ​စား​ရ​ပါ​လိမ့်​မည်။ သင်​အဘယ်​အရာ​ပြု​လုပ်​ရ​မည်​နည်း။

ဘုရား​သခင့်​ပညတ်​များ​ကို​နာ​ခံ​ခြင်း​ဖြင့် ကိုယ်​တော်​အား​မေတ္တာ​ရှိ​ကြောင်း တင်​ပြရ​မည်။ “ပညတ်​တော်​တို့​ကို​စောင့်​ခြင်း​အရာ​သည် ဘုရား​သခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မဟုတ်။”—၁ ယောဟန် ၅:၃

သင်​လေ့​လာ​ထား​ရာ​ကို လက်​တွေ့​ကျင့်​သုံး​ပါ။ ယင်း​ကို​ဖော်​ပြသည့် ဇာတ်​လမ်း​တစ်​ပုဒ်​ကို ယေရှု​ပြော​ပြခဲ့​သည်။ ပညာ​ရှိ​တစ်​ဦး​သည် သူ​၏​အိမ်​ကို ကျောက်​ဆောင်​ပေါ်​ဆောက်​ခဲ့​သည်။ လူ​မိုက်​တစ်​ဦး​မူ သဲ​ပေါ်​အိမ်​ဆောက်​ခဲ့​သည်။ လေ​မုန်​တိုင်း​ကြီး​တိုက်​သော​အခါ ကျောက်​ပေါ်​မှာ​ဆောက်​ထား​သော​အိမ်​သည် မပြို​မလဲ၊ သဲ​ပေါ်​ဆောက်​ထား​သော​အိမ်​မူ​ကား အကြီး​အကျယ်​ပျက်​စီး​သွား​၏။ ယေရှု​၏​သွန်​သင်​ချက်​များ​ကို ကြား​နာ​၍ ပြု​ကျင့်​သော​သူ​တို့​သည် ကျောက်​ပေါ်​အိမ်​ဆောက်​သော ပညာ​ရှိ​နှင့်​တူ​သည်​ဟု ကိုယ်​တော်​မိန့်​ဆို​ခဲ့​သည်။ သို့​သော် ကိုယ်​တော့်​သွန်​သင်​ချက်​များ​ကို ကြား​နာ​၍ မကျင့်​သော​သူ​မူ​ကား သဲ​ပေါ်​အိမ်​ဆောက်​သော​လူ​မိုက်​နှင့်​တူ​၏။ သင်​သည် အဘယ်​သူ​နှင့်​တူ​လို​သနည်း။—မဿဲ ၇:၂၄-၂၇

ဆက်​ကပ်​အပ်​နှံ​ခြင်း။ ဆို​လို​သည်​ကား ယေဟောဝါ​၏​အလို​တော်​ကို အစဉ်​ဆောင်​ရွက်​လို​ကြောင်း ကိုယ်​တော်​ထံ​ဆု​တောင်း​၍​ပြော​ပြခြင်း​ဖြစ်​၏။ ဘုရား​သခင့်​အလို​တော်​ကို​ဆောင်​ခြင်း​က သင်​သည် ယေရှု​ခရစ်​၏​တ​ပည့်​တစ်​ဦး​ဖြစ်​ကြောင်း ဖော်​ပြသည်။—မဿဲ ၁၁:၂၉

နှစ်​ခြင်း​ခံ​ခြင်း။ “သခင်​ဘုရား​ကို ပတ္ထနာ​ပြု​လျက် ဗ​တ္တိဇံ​ကို​ခံ​၍ သင်​၏​အပြစ်​များ​ကို​ ဆေး​ကြော​လော့။”—တမန်​တော် ၂၂:၁၆

ဘုရား​သခင့်​အမှု​တော်​ကို အပြည့်​အဝ​ထမ်း​ဆောင်​ပါ​လေ။ “လူ​၏​အမှု​ကို​သာ​ဆောင်​ရွက်​သကဲ့​သို့​မဟုတ်။ [ယေဟောဝါ] ၏​အမှု​တော်​ကို​ဆောင်​ရွက်​သကဲ့​သို့ ပြု​လေ​သမျှ​တို့​၌ စေ​တ​နာ​စိတ်​နှင့်​ပြု​ကြ​လော့။”—ကောလောသဲ ၃:၂၃